Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

သုညေတြကုိ ငါ့လြယ္အိတ္ထဲဘယ္သူထည့္သြားခဲ့တာလဲ


သုညေတြကုိ ငါ့လြယ္အိတ္ထဲဘယ္သူထည့္သြားခဲ့တာလဲ
=================================
ေခတ္ကုိက
အသံစံုျမည္ေနတာ
ကုိက္ညီမွဳမရွိတဲ့စနစ္ေတြကုိ
တထပ္ျခင္း
တလႊာျခင္းခၽြတ္ခ်
နတ္ပန္းပန္ခ်င္တဲ့ငရဲေတာင္မွ
လမ္းမထက္မွာ
အလ်င္စလိုတံလွ်ပ္ထတယ္

မနက္ျဖန္ဆိုတာေတြကုိ
ထူးခတ္တုတ္ေနွာင္ထားလိုက္ပါ
ဗ်ာပါဒမ်ားေနတဲ့ဆႏၵေတြထဲမွာ
ညေနေရာက္တိုင္း
သစၥာပန္းေတြအစီအရီပြင့္ပါေစ

ခ်ိနဲ ့ေဖ်ာ့ေတာ့တဲ့
အေရာင္ေတြခ်ယ္မွဳန္းထားေလေတာ့
လမ္းအဆံုးမွာ
လူလံုးေတာင္မွမသဲကဲြခ်င္ေတာ့ဘူး
ေရာက္တဲ့ေနရာမွာပဲ
ခဏေလာက္ရပ္ေနလိုက္

လြမ္းဆြတ္တတ္ေသာကဗ်ာ


လြမ္းဆြတ္တတ္ေသာကဗ်ာ
=================
လတ္ဆပ္စြာတုန္ရီေနတဲ ့
ဘယ္ဖက္အျခမ္းကရင္အစံုမွာ
ခ်စ္သူရဲ ့ခ်စ္ျခင္းတရားေတြနဲ ့ထံုမႊန္းေနေတာ့
အကၽြန္ုပ္ရဲ  ့စကားလံုးေတြအတြက္
ေအာက္စီဂ်င္ျပတ္ေတာက္ေနလို ့
ဘယ္လို ကဗ်ာမ်ဳိးမွထြက္မလာနုိင္ပါ ။

ၾကည္နူးေနတဲ့ဦးေဏွာက္တခုလံုးရဲ  ့
အဓိကနဗ္ေၾကာေတြမွာလဲ
ခ်စ္သူရဲ ့နူးည့ံတဲ့ကဗ်ာေလးေတြဖံုးအုပ္ေနလို ့
အကၽြန္ုပ္အသံုးျပဳမယ့္စကားလံုးေတြဟာ
ဖဲြ ့ႏဲြ ့သီကံုးဖို ့အျပင္းအထန္
ျငင္းဆန္ေနၾကျပန္တယ္ ။

ဘ၀ကဗ်ာ (သုိ ့) ကဗ်ာဘ၀

ဘ၀ကဗ်ာ (သုိ ့) ကဗ်ာဘ၀
===============
သြားေတာ့သြားေနၾကတာပဲ
ဒါေပမယ့္ခရီးကမေပါက္ျဖစ္ေနတယ္
ေလဆန္မွာအထက္သုိ ့ဘ၀ဂ္ညံ
တန္ျပန္ထိုးစစ္ေတြကေရစုန္မွာေမ်ာ
စကားလံုးေတာထဲမွာ
နစ္မြန္းခဲ့ရတာလဲအၾကိမ္ၾကိမ္
လိမ္ပိန္ေနတဲ့ ကာရန္ေတြက
တခါတရံ က်ဳိးတိုးက်ဲတဲ
နေဘဆိုတာကလဲခပ္မဲြမဲြမို  ့
မရဲတရဲသာခ်ေရး
ဘ၀ေပးတဲ့ကုသုိလ္ကံကုိက
ကဗ်ာမဆန္နိုင္ေသးလို ့
ေၾသာ္...လူေတြ ...လူေတြ
ေဖးမေတာ့မလိုလိုနဲ ့ေဂ်ာက္ထဲကန္ခ်ၾကတယ္
အခ်ဳိသပ္သလိုလိုနဲ ့ေနာက္ေၾကာဓါးနဲ ့ထိုးၾကတယ္
မိတ္ေဆြစစ္လိုလိုနဲ ့စိတ္ဓါတ္ေတြ ညစ္ႏြမ္းၾကတယ္

မိုးသူ(ေတာင္ၾကီး)
09 January 2013/Wednesday
06:06/PM

ပါးစပ္ေတြကုိမုန္းတဲ့ေကာင္

ပါးစပ္ေတြကုိမုန္းတဲ့ေကာင္
=================
ေမာင္းတင္ထားတဲ့အလြမ္းေတြကုိပစ္မွတ္တည့္ဖို ့
ငါ့ကုိအခြင့္အေရးတခုေပးပါ
နင့္ကုိၾကည္နူးျခင္းေတြျပန္ေပးမယ္

ခဏခဏလဲြေခ်ာ္ေနတဲ့အၾကည့္ေတြထဲ
မ်က္နွာဖံုးခြါခ်ျပရတာရွက္လွတယ္

ပြင့္ဖတ္ေတြတဖြားဖြားေၾကြခဲ့ေသာငါတို ့ရြာကေလး



ပြင့္ဖတ္ေတြတဖြားဖြားေၾကြခဲ့ေသာငါတို ့ရြာကေလး
)))))))))))))))))))))>>><<<(((((((((((((((((((((

ေဟာ..........ေျပာရင္းဆိုရင္း
မုိးမလင္းေသးခင္မွာပဲ
ေမွာ္တုတ္တံကုိင္လို ့ဖန္ဆင္းျပအံုးမလို ့တဲ့
ျပန္မျငင္းၾကစမ္းနဲ ့
အခုကုိပဲ..
ေကာင္းကင္ၾကီးကငုိမဲ့မဲ့
၀ံပုေလြေတြၾကားထဲမွာၾကီးျပင္းလာသလို
ျပဳလုပ္ခ်က္တုိင္းဟာညိဳညစ္ညစ္နဲ ့လူေတြ
စစ္ပဲြေတြမျဖစ္ျဖစ္ေအာင္တြန္းတိုက္
ငါတို ့တေတြထဲမွာဇာတ္လိုက္ဟာ
ဘယ္ေကာင္လဲ............

ရွိတယ္ အဲဒီဇာတ္လိုက္
ငါတို ့တေတြရြာကေလးမွာတကယ္ရွိခဲ့တယ္

ည ၁၂ နာရီဆိုသန္းေခါင္ေရာက္တဲ့အသိ
အဲဒီထက္ညဥ့္နက္မယ့္အခ်ိန္ေတြ
ငါတို ့ဆီမွာအိမ္တေဆာင္မီးတေျပာင္နဲ ့ေနထိုင္တယ္
ျပယုဂ္အေနနဲ ့
(၁၉၆၂)ရုိးတံျပဳတ္ထြက္ျခင္း
(၁၉၈၈)ရနံ ့ေၾကြျခင္း
(၂၀၀၇)အဆင္းမဲ့ျခင္း
(၂၀၁၃)၀တ္ဆံတိုင္ဖဲ့ခံရျခင္း
ပြင့္ဖတ္ေတြဟာတဖြားဖြား က်ဲပ်ံ ့လို ့....

ဒီလိုနဲ ့
ငါတို ့တေတြေကာင္းကင္ေၾကြေနတာကုိ
မ်က္ရည္ခံခြက္ေတြနဲ ့အလုအယက္ထုိးခံခဲ့ၾကတယ္
အမ်ဳိးမမွန္တဲ့သေကာင့္သားေတြ
ဟုိအကုိင္းနားဒီအကုိင္းနား
သေရေပၚအိပ္သေရနားစားလို ့
အသားကုိခ်ဳိင္ကာပုစိန္ရုိးတပ္
ငါတို ့တေတြရင္ဘတ္မွာလဲ
ဒဏ္ရာကုိယ္စီနဲ ့ဒုိးယုိေပါက္
မိုးျပိဳသေလာက္ကုိပန္းပြင့္ေတြေၾကြခဲ့ဖူးတယ္

အင္းေပါ့ေလ ......
ေခတ္ကုိက....အနံ ့တေထာင္းေထာင္းနဲ ့
ငါတို ့ရြာေလးေျပာင္းလဲဖို ့တာစူေနတယ္
ျပဳျပင္နုိင္ဖို ့မစြမ္းသာတဲ့အခ်ိန္မွာ
အစားထိုးျခင္းသာအေကာင္းဆံုးလို ့ခံယူေနၾကသလား
အဲသလိုဆိုရင္........
(ျငိမ္းခ်မ္းၾကပါေတာ့)

မိုးသူ(ေတာင္ၾကီး)

24 June 2013/Monday
12:21/PM
—

စိတၱဇအိမ္မက္



စိတၱဇအိမ္မက္
=========
ေဟာ......ေလတုိးသံေလးၾကားလား
အမွန္တရားေတြတိတ္ဆိတ္ေနတဲ့အခန္းထဲမွာမွ
အလင္းဆိုတဲ့ငနဲက
ခပ္တည္တည္နဲ ့မဲြေနေသးတယ္
အဲဒီမွာ ငရဲေတြ ငရဲေတြ ငရဲေတြ
ေဟာ....ေဟာ....ေဟာ...ၾကည့္စမ္းပါအံုး
အသက္ရွဳသံေတြေတာင္မ်က္ျဖဴလန္တယ္ ။

ေသြးနီဥတို ့ရဲ ့ပြတ္တိုက္သံေတြဟာ
ျခားနားတဲ့အမွတ္အသားေတြနဲ ့
အမွတ္မွားေနတဲ့ေၾကာက္ေသြးတို ့
စီးဆင္းရာမွာေဖာက္ျပန္ခ်င္တဲ့စရုိက္ေတြကို
အတိုက္အခံလုပ္ရင္း
အရွဳပ္ထုပ္ေတြနဲ ့မိုက္လံုးကၾကီးခ်င္ေသးတယ္ ။

ေမွာ္ၾကိဳးခ်ည္ငင္ေတြနဲ ့လံုးေထြးရစ္ပတ္ေနတဲ့
မနက္ဖန္တိုင္းဟာမ်က္စိမွိတ္လို ့တဒိတ္ဒိတ္နဲ့
ေသြးေၾကာေတြထဲကုိေစာင့္ေစာင့္တုိးတိုက္တယ္
"က်ဴပ္တကယ္ပဲေသြးလန္ ့ေနခဲ့တယ္"
အိမ္မက္ေတြဟာအျမင့္ၾကီးကေနျပဳတ္က်တယ္
ေလဟာနယ္ထဲမွာလြင့္ေမ်ာရင္းစိမ့္ခနဲ သိမ့္ခနဲနဲ ့
ျမဳပ္တစီစီထြက္လို ့မနက္ခင္းေရာက္လာမွာကုိမုန္းတယ္ ။

အရမ္းခ်မ္းေအးလြန္းတဲ့ညတခုမွာ
ေစာင္ထူထူဆဲြျခံဳရင္းေဇာေခၽြးေတြရဲြနစ္ေနတဲ့အရသာမ်ဳိးၾကိဳက္တယ္
ျပီးရင္အိပ္စက္ျခင္းေတြကုိခြါခ်လို ့ညလံုးေပါက္ငုတ္တုတ္ထုိင္မယ္
တခုခုကုိမ်က္ေတာင္မခပ္ဘဲစူးစူးစုိက္စုိက္ေသေသခ်ာခ်ာၾကည့္မယ္
တံခါးေပါက္၀ကုိခ်ဥ္းကပ္လာမယ့္ေျခသံကုိေသခ်ာနားေထာင္မယ္
နာရီလက္တံတို ့တခ်က္ခ်က္ျမည္သံေတြနဲ ့အျပိဳင္ရင္ခုန္နွဳန္းျမန္မယ္
အျပင္ဖက္မွာရွိတဲ့ေဆာင္းေလနဲ ့အတူေခြးအူသံေတြကုိနားေထာင္မယ္
အသက္ရွဳသံကုိတတ္နုိင္သမွ်ခပ္မ်ဥ္းမ်ဥ္းေလးရွဳရွဳိက္မယ္
ကုိယ့္ကုိယ္ကုိမေက်နပ္စြာဘဲ၀မ္းေခါင္းထဲမွာ
အသံတိတ္အာေခါင္ျခစ္ျပီးေအာ္ဟစ္မယ္ ။

က်ဳပ္ကိုဆုေတာင္းခြင့္ျပဳပါ
အေမွာင္ထုထဲကေသြးဆာေနတဲ့ဖုတ္ေကာင္လိုမ်ဳိး
အစြမ္းသတၱိေတြပုိင္ဆုိင္ခ်င္တယ္
အခုေတာ့...
က်ဳပ္ဟာေသြးကင္ဆာဆဲလ္ေတြထဲကေသြးျဖဴဥျဖစ္ေနခဲ့တယ္
တခါတေလ...တရိပ္ရိပ္နဲ ့အထက္ဖက္ကုိထိုးတက္သြားတဲ့
အျဖဴေရာင္အခိုးအေငြ ့ေတြလိုမ်ဳိးျဖစ္ခ်င္တယ္
ဘယ္သူမွသတိမမူမိတဲ့၀ိဥာဥ္ေတြထဲမွာခိုလွဳံခ်င္လို ့ပါ
အလင္းတန္းေတြေရာက္လာရင္ကြယ္ေပ်ာက္သြားရမယ့္
ျဒပ္ထုမဲ့ခႏၶာကုိယ္ကုိရင္ေလးစြာျဖင့္ ။    ။


>>>(P.S)<<<

အဲဒီညက
အိမ္မက္ေတြဂေယာက္ဂယက္နဲ ့
ခဏခဏလန္ ့နိုးတယ္
ျပီးေတာ့ ....ကၽြန္ေတာ္ ....ခ်စ္သူ..ကုိသတိရေနေသးတယ္
ေရတခြက္ထေသာက္ရင္း ျပန္အိပ္မေပ်ာ္နိုင္ေတာ့ဘူး
နာရီကုိၾကည့္ေတာ့ သံုးနာရီ ဆယ္မိနစ္

မိုးသူ(ေတာင္ၾကီး)
30 Sep 2012/Sunday
4:14/AM

ပန္းပြင့္အေၾကာင္းမသိခဲ့ေသာရာသီဥတု



ပန္းပြင့္အေၾကာင္းမသိခဲ့ေသာရာသီဥတု
=======================
အလို....ကြယ္
နင္ကမ်ားျငင္းခ်င္ေသးတယ္
ၾကက္ဖတြန္လို ့မိုးလင္းျပတဲ့
ကမၻာၾကီးကုိကဲ့ရဲ  ့လို ့............

ငါသာပုိးစုန္းၾကဴးေလးျဖစ္ခဲ့ရင္
ေပေရညစ္ပတ္ေနတဲ့အသိုင္း၀ုိင္းထဲမွာ
ဒီအတိုင္းေတာ့မလင္းလက္ခ်င္ဘူး
သတင္းကြန္ယက္ဆိုးေတြနဲ ့ရင့္က်က္ခဲ့တဲ့
ပန္းပြင့္မ်ဳိးေလးပဲျဖစ္ပါေစအံုး
ငါတသက္လံုးျမံဳစိစိပဲေနမွာေပါ့ ။

မွတ္ေက်ာက္မတင္ရေသးတဲ့စိတ္နဲ ့
ငါလဲထိတ္ထိတ္လန္ ့လန္ ့ေၾကကဲြေနတယ္
တအိအိျပိဳက်ေနတဲ ့ညေတြ
ဘယ္ေလာက္ေတာင္ညဥ့္နက္ခဲ့ျပီလဲ
နံရံေပၚမွာပုလင္းခြံေတြခ်ိတ္ဆက္လို ့.......

အဲဒီအခ်ိန္တုန္းက
နင့္အိမ္မက္ျပဇာတ္ေတြမွာ
ငါကဗီလိန္ေပါ့ ....ဟုတ္ပါသလား
ကုိယ္ၾကပ္အက်ီ ၤနဲ ့မဆန္ ့မျပဲရာသီေရာက္ရင္
ပြင့္ခ်ပ္ေတြဆီကုိအေတာင္ျဖန္ ့လို ့လာခဲ့မယ္
အခုေတာ့....ရနံ ့သစ္ကုိအာသာေျဖလို ့
ေႏြကုိနွဳတ္ဆက္
ငါရုတ္တရက္နင့္ကိုမေျပာျဖစ္ခဲ့ဘူး ။   ။

မိုးသူ(ေတာင္ၾကီး)

14 June 2013/Friday
08:50/PM

က်ိမ္ဆဲသံ



က်ိမ္ဆဲသံ
========

မယားငယ္ထား,တဲ့အလြမ္းေတြ
ေျမျမိဳပါေစ

ေမ်ာက္မထား,တဲ့သတိရျခင္းေတြ
မိုးၾကိဳးပစ္ပါေစ

လင္ငယ္ေနတဲ့ခံစားမွဳေတြ
ေရနစ္မသာျဖစ္ပါေစ

ၾကာကူလီလုပ္တဲ့တမ္းတျခင္းေတြ
ေလာင္မီးက်လို ့ေသပါေစ

ေလာ္လီေဖာက္ျပန္တဲ့အခ်စ္ေတြ
ငရဲအိုးထဲက်ပါေစ

မွတ္ထား...အဲဒါငါ့ရဲ ့က်ိမ္ဆဲသံ

မိုးသူ(ေတာင္ၾကီး)

ကဲြတတ္သည္



ကဲြတတ္သည္
=========
မဟုတ္တာေတြကုိစာဖဲြ  ့
လာမႏဲြ  ့နဲ ့
ေကာင္မရယ္

ကလိမ္ညဏ္ေတြကုိကဗ်ာသီ
လာမပလီနဲ ့
ေကာင္မရယ္

ဟယ္....ေကာင္မရယ္
ေထာင္ထမေနနဲ ့
ေျဗာင္ျပမယ္
ေနာင္တေတာ့မရနဲ ့

ေရာ့အင့္...ယူသြားငါ့အသဲ
လြတ္မက်ေစနဲ ့ကဲြတတ္သည္

မုိးသူ(ေတာင္ၾကီး)

ကၽြန္ေတာ္ဆိုတဲ ့ေကာင္က အဲသလို



ကၽြန္ေတာ္ဆိုတဲ ့ေကာင္က အဲသလို
______________/)________/)_/)__/¯"""/')
¯¯¯¯¯¯¯¯¯(/¯¯¯¯¯¯¯¯¯¯¯(/¯¯¯¯¯¯'\_„„„„\)

လိုက္ေလ်ာညီေထြေတာထဲမွာအလိုက္သင့္ေမ်ာလို ့
ကုိယ့္ကုိယ္ကုိဘံုးေဘာလၾသျဖစ္လို ့ျဖစ္ေနမွန္းမသိ
မေယာင္ရာဆီလူးတဲ့ေနရာမွာေယာင္ေျခာက္ဆယ္ေတြနဲ ့အျပိဳင္က်ဲတယ္
ၾကိဳးညိွလို ့တီးခတ္လိုက္မွအသံေၾကာင္ျမည္တဲ့ဂီတာတလံုးရဲ ့အတြင္းစိတ္လိုမ်ဳိး
ျမစ္တစင္းလိုေကာက္ေကြ ့ျပီးျမွားတစင္းလို ေျဖာင့္တန္းေအာင္လဲဗရုတ္က်လိုက္ေသးတယ္
ေက်းလက္ကေနခ်င္စရာအိမ္ေသးေသးေလးလိုမ်ဳိးတခါတေလၾကံဳ  ့ထားလိုက္တယ္
အေလအလြင့္စကားေတြကိုနားနွစ္ဖက္ပိတ္လို ့ခိုးနားေထာင္တတ္သူလဲျဖစ္ျပန္တယ္
ရီ(ရယ္)ခ်င္စရာဥပမာေတြနဲ ့မ်က္နွာကုိခပ္ထန္ထန္လုပ္ျပီးအတည္ေပါက္နဲ ့ေနာက္တတ္ျပန္ေသးတယ္
ရာသီဥတုေဖာက္ျပန္ေၾကာင္းကိုေရခ်ဳိးျပတတ္လြန္းလို ့ခ်စ္သူကမယံုမရဲျဖစ္ရတဲ့သူေပါ့
အနီေရာင္ကုိ ပန္းေရာင္ေတြနဲ ့မွားမွားၾကိဳက္တတ္လို ့အျပစ္တင္ကဲ့ရဲ ့ခံရျခင္းမွမလြတ္တဲ့သူ
နွလံုးအိမ္ထဲက ဟာဒယအလင္းတို ့ကုိေတြ ့ကရာေနရာမွာထိုးစုိက္ရြက္က်ရာအပင္လိုက္လိုက္ေပါက္လို ့
အိမ္ကမၾကည္မသာနဲ ့အျမဲတမ္းေငါက္ခံရတဲ့သူတေယာက္ျဖစ္ေနခဲ့တယ္
အိမ္မက္ေတြအေကာင္ထည္ေဖာ္ေနတုန္းဘယ္သူ ့ကုိမဆို
ခပ္လြယ္လြယ္ပဲသြားသံုးဆယ့္နွစ္ေခ်ာင္းေပၚေအာင္ျပံဳးျပတတ္ေသးတယ္
ဆံုးမတတ္တဲ့သူေတြရဲ ့အေရွ ့ေရာက္ရင္ေခါင္းေလးကုိအသာငံု ့လို ့
ပံု ့ပံု ့ေလးေနျပရင္းအၾကံအစည္ေတြနဲ ့ဒူးနံ ့ေနတတ္သူလဲျဖစ္တယ္
ေနာက္ျပီး
ကမၻာၾကီးမွာေနထိုင္ျပီးကမၻာၾကီးရဲ ့မ်က္ရည္ေတြကုိ
တူးစြေနၾကတဲ့လူေတြထဲက
ခပ္ညံ့ညံ့ဇာတ္ေကာင္တေယာက္ေပါ့

မုိးသူ(ေတာင္ၾကီး)

24 april 2013 /WED
04:17 /PM
.,-,*´`'*°☆
/.(  မိုးသူ(ေတာင္ၾကီး)
\ {
`-`☆.¸¸.♥
┊ ┊ ┊ ┊♥
┊ ┊ ┊ ☽
┊ ┊ ☆
☆☆

ခရီးရွည္ နွင့္ ခရီးသည္



ခရီးရွည္ နွင့္ ခရီးသည္
==============
အာပလာျဖစ္မယ့္ေလွ်ာက္လဲြခ်က္ေတြကုိၾကိဳးျဖည္လႊတ္လိုက္မိတယ္
ေန ့စဥ္ရက္ဆက္မုိးမရြာတဲ့၀ါဒဘယ္သူ ့ကုိေဒါသျဖစ္လို ့ျဖစ္မွန္းမသိရတဲ့ကိစၥနဲ ့
စိတ္ဆႏၵတခ်ဳိ  ့ရဲ  ့ဟန္ေဆာင္မွဳေတြကုိဆာဟာရကြင္းျပင္ထဲစားက်က္ရွာဖို ့
အတြင္းအဇၥ်တၱအမိန္ ့ေၾကာင့္တင္းၾကပ္စြာေစခုိင္းလိုက္ျပန္တယ္
ျခစ္ျခစ္ေတာက္ပူေနတဲ့နွလံုးအိမ္ကုိေရခဲအုပ္ဖို ့မလိုဘူး
သီအုိရီမဆန္တဲ့ရုပ္ၾကြအပူေရာင္မ်က္နွာဖံုးေတြၾကားမွာ
ပုိးတံုးလံုး၀ိဉာဥ္တေကာင္လို အတၱရုပ္ကုိခ်က္ခ်င္းေျပာင္းလဲေစတဲ့ပညာရပ္နဲ ့
ထုသားေပသားက်ေနထုိင္မိေတာ့ ဟာသေတြတစီတတန္းပါပဲ
တခါတေလမ်ားရီရင္းနဲ ့မ်က္ရည္ေတာင္ပုိးပုိးေပါက္ေပါက္က်တယ္
တကုိယ္ေကာင္းဆန္တဲ့ေမွ်ာ္လင့္ခ်က္ေတြနဲ ့အသက္ရွင္ရတာၾကာေတာ့
ေလာကၾကီးကုိပ်င္းရိျငီးေငြ ့ျခင္းေတြဖံုးလြမ္းေနသေယာင္ေယာင္ထင္မိျပန္တယ္
အစမပါတဲ့စက္၀ုိင္းထဲမွာအဆံုးေရာက္ေအာင္သြားဖို ့ကုိယ့္ရိကၡာကုိယ္စု
ဘယ္သူမျပဳမိမိမွဳဆိုတဲ့ေခါင္းစဥ္ၾကီးက ကပ်က္ယပ်က္နိုင္လြန္းတယ္
အျမဳပ္တစီစီထေနတဲ ့ခ်ဥ္ျခင္းတက္မွဳေတြနဲ ့မီးခဲျပာဖံုးတပ္မက္မွဳေတြၾကားမွာ
ဗ်ာမ်ားေနရတဲ့ဘ၀ေတြကုိဘယ္သေကာင့္သားကမွဒုကၡအသစ္နဲ ့အေဟာင္း
ေျပာင္းလဲဖို ့စိတ္၀င္စားၾကမယ္မထင္ဘူး။ေလာကၾကီးကိုေခ်ာင္းၾကည့္လိုက္စမ္းပါ
"လူေတာ္ေတာ္မ်ားမ်ားဟာနဂုိအတုိင္းျပန္သြားရလိမ့္မယ္။"
သကၠရာဇ္ေတြေက်ာ္လႊားဖို ့ရထားစီးလက္မွတ္ကုိခပ္တင္းတင္းဆုတ္
ဟုတ္သည္ျဖစ္ေစမဟုတ္သည္ျဖစ္ေစ တခရီးထဲသြားရမယ့္ခရီးေဖာ္ေတြကုိ
မာန္စြယ္ေတြေဖြးဆြတ္ေနေအာင္ျဖဲျပျခင္း မ်က္လံုးကေလး၀င့္၍ၾကည့္ရွဳျခင္း
ဣႆာမစၥ်ရိယပြားမ်ားျခင္းခနိုးခနဲ ့အျပံဳးတို ့ျဖင့္ျပီတီတီရယ္က်ဲက်ဲအက်င့္စရိုက္တို ့ကုိ
အခါအားေလွ်ာ္စြာျပဳမူလို ့ေနာင္သံသရာ၀ဲၾသဃဘံုထဲခပ္ေပ်ာ္ေပ်ာ္ပဲခရီးနွင္အံုးမယ္


မိုးသူ(ေတာင္ၾကီး)

06 June 2013 / Thursday
07:50/PM

ကုိယ္တိုင္စုိက္ပ်ဳိးမိခဲ့ေသာရာသီ



ကုိယ္တိုင္စုိက္ပ်ဳိးမိခဲ့ေသာရာသီ
()()()()()()()()()()()()()()()()()

ေကာက္ေၾကာင္းကုိပံုေဖာ္ၾကည့္ယံုသက္သက္ပါ
၀တ္လစ္စလစ္ျမင္ခ်င္ခဲ့တာမဟုတ္ရပါဘူး
အဲဒါကုိ ....
မုိးဥတုကသူ ့ကုိယ္သူဆဲြဖြင့္ျပလိုက္ေတာ့
ေျမာက္ျပန္ျမဴေငြ ့တို ့နဲ ့အတူ
မ်က္၀န္းမွာလဲရြဲလို ့
ငါ့ကုိ....
သည္းလြန္းတယ္လို ့
ေျပာခ်င္ေျပာလိုက္စမ္းပါ...ေကာင္မေလးေရ
ငါ့နွလံုးအိမ္အက်ယ္အ၀န္း
ငါကိုယ္တုိင္ထြင္းခဲ့တာဘဲ
အခုဆိုရင္
အပ္က်သံေတာင္မၾကားရေတာ့ဘူး
တဆိတ္ေလာက္ငါ့အနားနားေနေပးပါ
ပန္းေတြပြင့္မယ့္ရာသီမေရာက္ခဲ့ရင္ေတာင္
ေက်းဇူးျပဳလို ့ " ေတာက္ " မေခါက္လိုက္ပါနဲ ့

မိုးသူ(ေတာင္ၾကီး)

29 June 2013/Sat
09:38/AM

STOP " AIDS "



*ေမွာင္လိုက္တာေမေမရယ္

ေလာကၾကီးထဲစ၀င္လာကတည္းက
အရွဳံးေတြပုိက္ျပီးလာခဲ့ရတယ္
လူေတြကသားကုိ ေခၚေ၀ၚသမုတ္ၾကတယ္
အျပစ္မဲ့သားေကာင္တဲ့ေလ

*အျပစ္ဆိုတာ "ဘာလဲ" ေမေမ


*ပင္ပန္းလိုက္တာေမေမရယ္

ဘာမွကုိမသိရပဲ
သားဟာမိဘမဲ့ျဖစ္သြားသတဲ့လား
အေပါင္းအနွဳတ္မတတ္ေသးဘူး
သင္ခန္းစာေတြသင္ယူနိုင္မယ့္ေနရာကုိသြားခ်င္တယ္

*စာသင္ေက်ာင္းဆိုတာ  "ဘာလဲ " ေမေမ

မွီတြယ္ရာမဲ့ေနဘ၀မွာ
သားဟာေႏြးေထြးလံွဳ ျခံဳတဲ့
ရင္ခြင္ေတြကုိတမ္းတတယ္
အေပ်ာ္ဆိုတာအခိုက္တန္ ့
ရွင္းသန္ ့တဲ့ဘ၀ဆိုတာ"ဘာလဲ"
ညစ္ႏြမ္းလို ့အားငယ္ရတယ္ ေမေမ

*AIDSဆိုတာ " ဘာလဲ " ေမေမ

အဲဒီအရိပ္ဆိုးၾကီးက
သားဘ၀ေနာက္ကုိ တိတ္တခိုးလိုက္ေနတယ္
စိတ္မဆုိးလုိက္ပါနဲ ့ေမေမရယ္
အခုတခဏအတြက္က်ိန္စာေတြဟာ
ေနာင္ဘ၀အဆက္ဆက္လိမ္မာဖို ့ျဖစ္မယ္ထင္တယ္

စိတ္မပူနဲ ့ေမေမ
ဂရုဏာလက္ေတြနဲ့ေထြးေပြ ့ထားတဲ့
သုခရိပ္ျမံဳမွာအၾကင္နာတရားေတြနဲ ့
ေပ်ာ္ပုိက္လို ့ေ၀ဒနာဆိုးေတြကုိ
သားတတ္နိုင္သမွ်ေမ့ေလ်ာ့ထားတယ္
အဲဒီမွာေနရာေလးမွာအေပ်ာ္မမဲ့
ဂရုဏာရွင္ေတြကေဖာ္ေရြအျပံဳးနဲ ့ဆက္ဆံၾကတယ္
ေမတၱာတရားတို ့နဲ ့မႊန္းထားတဲ့လူေတြက
ေဖးမလက္တဲြကူၾကတယ္ေမေမရယ္

မစုိးရိမ္နဲ ့ေမေမ
HIV ကူးစက္ေရာဂါကပ္ဆုိးၾကီးကုိေက်ာ္လႊားဖို ့
လူသားေတြထမ္းရြက္ေနၾကျပီ
အေရာင္ေတြမ်ားတဲ့ေလာကၾကီးကုိ
လူသားေတြစနစ္တက်ေဆးခ်ယ္ေနၾကျပီ
ရုိင္းပင္းစာနာမွဳ ဂရုဏာလက္မ်ားဟာ
ကမၻာၾကီးက်န္းမာေရးအတြက္
ေႏြးေထြးေဖာ္ေရြလွတယ္ေမေမရယ္

မိုးသူ(ေတာင္ၾကီး)
06 Nov 2012/ Tuesday
10:47/AM

၀တ္ေက်တန္းေက်


က်ဳပ္ဆီမွာမရွိျခင္းေတြျပည့္စံုသြားျပီးေနာက္

သုညေတြထပ္တိုးမလာနုိင္ေတာ့ဘူး

ဒါေပမယ့္

ေခါင္းစဥ္ကေတာ့ ရွားပါးေနစဲ

တရွဴးရွဴးတရွဲရွဲနဲ ့မ်က္ရည္ေတြက

လမ္းေဘးေသာက္ေရအုိးစဥ္ကခြက္ပဲ့လိုဘဲ

အရွက္မဲ့စြာ ဟုိလူေသာက္ဒီလူေသာက္နဲ ့

ေမြးထားတဲ့ႏြားေလာက္ေတာင္ပုခုံးမေကာင္းေတာ့ဘူး

လိုက္ေလ်ာရလြန္းလို ့အားနာမိျပန္တယ္

ခါးမပါတဲ့အထိပစ္ေပါက္လိုက္တဲ့စကားလံုးရုိင္းေတြနဲ ့

အာရုံရွိတိုင္းသာလမ္းေဖာက္ရရင္

က်ဳပ္ဟာ

စၾကၤာ၀ဠာနံရံတခုမွာ

မွတ္တိုင္သြားစုိက္ေတာ့မေပါ့ ။   ။

မုိးသူ(ေတာင္ၾကီး)

13 June 2013/Thursday
09:19/PM

ေလာ္စပီကာ ေရႊပါးစပ္



ေလာ္စပီကာဆိုတာ
ေဘာ္လီမပါတဲ ့မိန္းမတေယာက္နဲ ့ခပ္ဆင္ဆင္
ဟုတ္သေယာင္ထင္ေနတဲ့အမွန္တရား
နံရံတဖက္ျခားရင္ေတာင္အသံျမည္တယ္

မဆီေလွ်ာ္တဲ့အက်ဳိးအေၾကာင္းကုိမွ
အေကာင္းအဆိုးေ၀ဖန္ျပလို ့
ေလကန္တတ္တဲ့အက်င့္ဆိုးနဲ ့
သူ ့လင္မ်ဳိးကုေဋၾကြယ္ေလသူမို ့လား
စိတ္ေလတယ္ တကယ္မနိုင္ပါေပဘု
ကုိယ္နဲ ့မဆိုင္ဂလိုင္၀င္ေခါက္ၾကေလတယ္ဟဲ့
ေလာ္စပီကာစရုိက္မ်ဳိး ။

ခက္ေတာ့လဲခက္သား
အရွက္ေတာ္တကယ္ပြားတယ္
ဇရက္မငယ္လက္ပံပင္ေပၚနားသလိုပ
စကားေတြကုိတကယ္ကားလို ့
ေလွ်ာ္ညီတယ္မ်ားထင္ေနေသးသတဲ့
ေလာ္စပီကာေသလို ့မ်ား၀င္စားသလားကြဲ  ့

ေထြးျပီးသားတံေတြးကုိျပန္မ်ဳိ
စကားခ်ဳိေလးလဲဆိုခ်င္သကုိ
ဟုိအရင္လိုအခ်ိန္ေကာင္းက
ကုိယ့္စိတ္ကုိယ္ေသခ်ာေထာင္းပါလို ့
အခ်ိန္ေတြမေနွာင္းေသးခင္မွာေပါ့
ေသရြာေျပာင္းခါနီးျပီမို ့အၾကံယူ
ရန္သူလို ့လဲမသတ္မွတ္ပါဘူး
အဆံမတူလို ့ထပ္ကာမရူးခ်င္ပါေပါ့
ကုိယ္ကၾကဴးကုိယ့္ဒူးပင္မယံုခ်င္
ခံုမင္တဲ့အတင္းစကား
သတင္းလႊင့္စားတတ္သူအၾကံဆိုးမို ့
ေဘးရန္အမ်ဳိးမ်ဳိးျငိမ္းပါေစ
ထိန္းပါေလကဲြ  ့အဲဒီေရႊပါးစပ္ ။   ။

မိုးသူ(ေတာင္ၾကီး)

17 June 2013/Monday
12:48/PM
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကၽြန္ုပ္သိေသာ တခ်ဳိ  ့မိန္းမမ်ားသည္

မယံုၾကည္ရေသာပါးစပ္ေပါက္မ်ားအားပိုင္ဆိုင္ထားၾကသည္

I have known some grils

who possessed unbelievable mouths .

မုိးသူ(ေတာင္ၾကီး)

မာယာမဲ့ တမ္းခ်င္း



 
 
ေဖာက္ခနဲေပါက္ကဲြသြားတဲ့
ေဒါသေတြရဲ ့အဆံုးမွာ
ဂရုဏာသံပါသြားသလား
အဲသလိုဆိုရင္ေတာ့
လက္ခုပ္တီးလို ့ေအာ္ရီ(ရယ္)ေနပါရေစ

နွစ္ခါစဥ္းစားစရာမလိုတဲ့ခံစားခ်က္ေတြနဲ ့
မီးလွ်ံတျငီးျငီးေတာက္ေနတဲ့ပုရ၀ုဏ္ထဲမွာ
ေလာင္ျမိဳက္ျခင္းတို ့ကုိ
တစိမ့္စိမ့္ေသာက္သံုးေနမိတယ္
ဒီဘဒၵကမၻာမွာအေငြ ့ပ်ံသြားတဲ့
သံေယာဇဥ္ေတြက
လူမသိသူမသိေနရာမွာ
ခိုးခိုးျပီးေငြ ့ရည္ဖဲြ ့သတဲ့
မထံုတတ္ေတးအၾကည့္တို ့နဲ ့
ေဖ်ာ္ေျဖေရးက႑မွာအစားထိုးဖို ့
နင့္အတြက္ငါမလိုအပ္ေတာ့တာ
တကယ္ေသခ်ာသြားျပီထင္ပါရဲ ့

မနစ္မ်ိဳ ့စရာအဃာတေတြကုိသုတ္လိမ္းလို ့
နင္ပစ္လႊတ္မယ့္ေလးညိဳ ့မွာတင္လို ့ခြင္းလိုက္
ဘယ္ေရာက္ေရာက္ဘယ္ေပါက္ေပါက္မွဳမေနနဲ ့
စြန္ ့လႊတ္ျခင္းမွာစြန္ ့စားျခင္းေတြပါေနမွေတာ့
ကုိယ့္အတၱကုိယ့္ကုိယ္ကုိသာထူထူရုံလို ့
မာနေတြနဲ ့လံုျခံဳေစရမွာေပါ့ကြယ္

ေဟာၾကည့္စမ္းပါအံုး......နင္ငုိရင္
ငါ့ေကာင္းကင္ကၾကယ္ေတြေၾကြတယ္
အားရေအာင္ဆုေတာင္းလိုက္စမ္း
ျပီးရင္.....
ငါ့အုတ္ဂူေပၚမွာပန္းေလးတပြင့္တင္ေပးလွည့္ပါ
ေသတပန္သက္တဆံုးဆိုတဲ့စကား
နင္နဲ ့ငါ့အၾကားမွာနားခါးစရာလားလို ့ဟယ္
အဲသလိုေျပာေတာ့နင္ကရီ(ရယ္)တယ္
အျပံဳးေတြထဲမွာမာယာေတြထည့္သံုးထားေလေရာ့လားကြယ္

ခ်စ္သူေရ......
အလြမ္းဇနပုဒ္မွာ
ငါ့ကုိငါေျမျမဳတ္လိုက္ေတာ့မယ္
(သြား)သပုတ္ေလလႊင့္က်င့္ခ်င္တဲ့သူေတြ၀မ္းသာၾကပါေစ
ငါတို ့နွစ္ဦးရဲ ့အေျပာနဲ ့အလုပ္မွာ
ေတာထုတ္လို ့သံပံုးတီးခ်င္တဲ့သူေတြက
ပ်ားအံုကုိဒုတ္နဲ ့ထိုးသလို၀ုိင္း၀ုိင္းလည္ေနတယ္

ခက္လိုက္တာကြယ္
သံသယေတြကုိလိုက္ဖမ္းေနရတဲ့ဒုကၡ
ထိၾကည့္ကုိင္ၾကည့္လို ့မရတဲ့အထဲမွာ
အခ်စ္ဆိုတာကပါေနျပန္ေသးတယ္
ဒီလိုသာကဗ်စ္ကညစ္နဲ ့
နင္နဲ ့ငါ အၾကားစစ္ျဖစ္ေနၾကရင္
ေဘးလူေတြကတစ္တစ္ရစ္ရစ္ေျပာၾကလိမ့္မယ္ကဲြ ့
အနွစ္မဲ့အကာမဲ့အေတြးေတြကုိစိတ္ထိန္းလို ့
အေနစိမ္းေနတဲ့တံခါးနွစ္ခ်ပ္
ညေနခင္းဖက္မွာစပ္ဟတ္လို ့့့့့့့့့့့့့့ျပန္စိေပးစမ္းပါကြယ္ ။ ။

မုိးသူ(ေတာင္ၾကီး)

19 April 2013/Friday
08:48/AM

—

ကၽြနု္ပ္ေတြးမိလိုက္ေသာမသိကိန္းတခ်ဳိ ့





**တံခါးေပါက္**
--------------------
၀င္လာလို ့ရတယ္

ထြက္သြားလို ့ရတယ္

ဒါေပမယ့္

ဘယ္သူေတြ၀င္လာလို ့

ဘယ္သူေတြထြက္သြားလဲ

အက်ဳိးမဲ့ အက်ဳိးရွိ

အေၾကာင္းအရာမွန္သမွ်

သူမသိဘူး ၊ ၊

(၀င္လာျပီးျပန္ထြက္သြားၾကရမွာပါပဲ)

**ေလွကား**
-----------------
အဆင္းရွိတယ္

အတက္ရွိတယ္

ဒါေပမယ့္

ဘယ္သူေတြဆင္းလာလို ့

ဘယ္သူေတြတက္သြားမွန္း

အက်ဳိးမဲ့ အက်ဳိးရွိ

အေၾကာင္းအရာမွန္သမွ်

သူမသိဘူး ။ ။

(အနိမ့္အျမင့္ရွိခဲ့လို ့အတက္အဆင္းရွိတာပါ)


**ကမၻာၾကီး**
-----------------

ေန ့ရွိတယ္

ညရွိတယ္

အလင္းမွာဘယ္သူေတြဘာလုပ္ေနလဲ

အေမွာင္မွာဘယ္သူေတြဘာလုပ္ေနလဲ

အက်ဳိးမဲ့ အက်ဳိးရွိ

အေၾကာင္းအရာမွန္သမွ်

သူမသိဘူး ။ ။

(ကမၻာၾကီးလွည့္လည္ေနသမွ် အလင္းအေမွာင္
အေကာင္းအဆိုး၊အေၾကာင္းအက်ဳိးေတာ့ရွိစျမဲပါပဲ)

**လူ**
-----------
ပုံစံအမ်ဳိးစံုအရြယ္အမ်ဳိးစံု

ေမြးလာလိုက္ ေသသြားလိုက္

စိတ္ဓါတ္အဖံုဖံု

နွလံုးခုန္သံအစံုစံု

ေမွ်ာ္လင့္မွဳေတြတပံုတပင္နဲ ့

ယံုခ်င္ယံုမယံုခ်င္ေန

ေသျခင္းတရားဆီကုိတေရြ ့ေရြ ့ခ်ဥ္းကပ္လို ့

သိလွ်က္နဲ ့မသိခ်င္ေယာင္ေဆာင္ေနတာ

သူတို ့ေတြမသိၾကဘူး ။ ။

(တည္ျမဲျခင္းဟာေသျခင္းတရားတခုအေပၚမွာထာ၀ရစုိးမိုးတယ္)

မိုးသူ(ေတာင္ၾကီး)

20 April 2013 / Saturday

04:45/PM

—

ဆာေလာင္မွဳေတြနဲ ့ေမွ်ာ္လင့္ျခင္းမ်ား







ျမိဳ ့ျပရဲ ့ေန ့သစ္ေတြေဖာက္ျပန္ေနတယ္
ပူေလာင္ျခင္းဟာအစြန္းထြက္လို ့
ဘယ္တုန္းကမွမျငိမ္သက္ဖူးတဲ့သမာဓိတို ့နဲ ့
အေရာင္းအ၀ယ္စကားေျပာတဲ့ေနရာမွာ
အူေၾကာင္ေၾကာင္ကန္ ့လန္ ့ခံေနတယ္

တခုေပးလုိက္မွတခုရသတဲ့
အေပးအယူေတြဟာ အဲသလိုသစၥာရွိပါရဲ ့
(ျပီးဆံုးခဲ့တဲ့ေန ့ရက္ေတြအထိျဖစ္နိုင္တယ္)
ဆံုးေအာင္နားမေထာင္ခဲ့ဖူးတဲ့သီခ်င္းတပုဒ္လို
ခံစားမွဳရသေတြဟာေဘးကုိေရာက္ေနခဲ့ျပီ

ခ်ိတ္တခုရဲ ့အစြမ္းအစလိုမ်ဳိး
ခ်ိတ္မိေအာင္စြမ္းေဆာင္ၾကည့္ခ်င္တယ္
ေနာက္ထပ္ခ်ိတ္တခုဟာေမွ်ာ္လင့္တၾကီးေစာင့္စားရင္း
နွစ္ဖက္တီးမွအသံျမည္တဲ့လက္ခုပ္ဟာ
မခ်ိတင္ကဲမဲ့ျပံဳးျပံဳးျပတယ္

ေျမၾကီးေပၚမွာကုိယ့္ေျခေထာက္ကုိရပ္နိုင္ဖို ့
ျငမ္းေတြဖ်က္တဲ့အလုပ္ကုိခံုမင္ခ်င္ေနတယ္
(အမွီသဟဲမလိုအပ္ေတာ့လို ့)
အစမရွိအဆံုးမရွိတဲ့မိုးကုတ္စက္၀ုိင္းကုိ
ေျခဖ်ားေထာက္လို ့ၾကည့္မိလိုက္ပါတယ္
မလိုတမာမ်က္နွာထားေတြကအပူရုပ္ေတြအထင္းသား

ျပီးဆံုးသြားျပီလား...ဆက္ရန္ဟာေရွ ့ဆက္ဖို ့
ဆက္ထံုးေတြဗရဗြနဲ ့ဒဏ္ရာရေနခဲ့တယ္
မေက်နပ္မွဳဟာနီရဲေနတဲ့မ်က္နွာနဲ ့
လိပ္ျပာလန္ ့ေအာင္တခါတေလျဖဲေျခာက္တယ္
စုတ္ခ်က္တုိင္းဟာအတၱေတြနဲ ့ေပါ့

တဖ်တ္ဖ်တ္လက္ေနတဲ့ဆႏၵေတြ
ကရြတ္ကြင္းေပၚလမ္းေလွ်ာက္ေနသလို
အတိမ္းအေစာင္းဟာနဲနဲေလးမွအတင္စီးမခံၾကဘူး
ရင္စီးခံနိုင္ဖို ့ႏြမ္းရိေနတဲ့စိတ္ဓါတ္တို ့ဟာ
က်င္းနွဳတ္ခမ္းေပၚမွာတည္းတည္းေလးသာက်န္ေတာ့တယ္

နိစၥဓူ၀ျဖစ္ပ်က္ေနတဲ့မ်ဳိသိပ္ျခင္းေတြဟာ
နူးညံ့သိမ္ေမြ ့တဲ ့ပန္းပြင့္ေတြမဟုတ္မွန္း
ေနာင္တမရမွီအခ်ိန္ေလးမွာဘဲသိခြင့္ရခဲ့တယ္
ေျပာင္းျပန္ျဖစ္ေနတဲ့အိမ္မက္ေတြကုိတည့္မတ္ရင္း
ဒီေန ့လဲမေန ့ကလိုေမွ်ာ္လင့္ခ်က္ေတြတနင့္တပုိးနဲ ့
ေလာကၾကီးဆီကလက္၀ါးျဖန္ ့ေတာင္းမိျပန္တယ္

သမာသမတ္က်တဲ့ေကာက္က်စ္စဥ္းလဲမွဳေတြမွာ
လိုက္ေလ်ာ့ညီေထြစြာေပ်ာ္၀င္နိုင္ဖို ့
ခံစားမွဳအာရုံတခ်ဳိ ့ကုိေမ့ေဆးေပးထားလုိက္တယ္
အဲဒီခ်ိန္ကစျပီးဒုကၡဆိုတာနဲ ့စျပီးပတ္သက္မိေတာ့တာဘဲ
အတၱေတြကုိခံုမင္ေနသမွ်ကာလပတ္လံုး
အေကာင္းျမင္စိတ္ဆိုတာ
ေကာက္ရုိးပံုထဲကအပ္တေခ်ာင္းသာျဖစ္လိမ့္မယ္ထင္ပါရဲ ့

ေကာင္းမြန္စြာတည္ေထာင္ထားတဲ့အေျခခံစိတ္ဓါတ္တို ့နဲ ့
ရုိးရွင္းလြန္းတဲ့လမ္းမအတိုင္းေျဖာင့္မတ္စြာခရီးနွင္ခဲ့ေပမယ့္
တခါတေလေတြၾကံဳတတ္တဲ့ခလုပ္ကန္သင္းရွိတယ္ဆိုတာကို
သိသိၾကီးနဲ ့ပဲေမ့ေလ်ာ့ေနတတ္ခဲ့တယ္
တြန္းတိုက္မွဳေတြမပါတဲ့ဘ၀ေတြဟာပ်င္းရိဖြယ္အျဖစ္
သတၱ၀ါေလာကမွာထင္ရွားေက်ာ္ၾကားတယ္
နိယာမတို ့မွန္ကန္ေၾကာင္းသက္ေသျပေပးၾကပါ
မနက္ဖန္အတြက္ဒီေန ့ကတည္းကျပင္ဆင္ဖို ့
က်ဳပ္ဟာ...အခ်ိန္ေတာ့နဲနဲေလးရခ်င္ပါေသးတယ္

(ဒီေန ့မေသေသးရင္ က်ဳပ္မနက္ဖန္ေသမယ္)

မိုးသူ(ေတာင္ၾကီး)
15 March 2013/Friday
05:55/PM

အသံုးေတာ္ခံ



 
 
ကေ၀မေလးေျပာျပခဲ့တဲ့ပံုျပင္ေတြထဲမွာ

စြယ္ေတာ္ပင္ေျခရင္းေအာက္က

မီးထေတာက္ခဲ့တဲ့အေၾကာင္းမပါဘူး

ရင္ထဲကုိပစ္ေပါက္ဖူးတဲ့ေမွ်ာ္လင့္ျခင္းေတြဟာ

အခုခ်ိန္မွာမီးဟုန္းဟုန္းေတာက္ခဲ့ျပီ

အသိမ္းလြန္ေနခဲ့တဲ့စာအုပ္ၾကားထဲက

ခ်ယ္ရီပြင့္ေျခာက္ေလးေတြဟာ

အနုပညာေမွာ္၀င္စားမွဳအတြက္သက္ေသ

ကေ၀မေလးအရွက္ေျပျပံဳးတဲ့အခါ

ေကာင္းကင္နံရံေပၚမွာၾကယ္ပြင့္ေလးေတြခ်ိတ္ဆဲြလို ့

ကၽြန္ေတာ့ကုိခနဲ ့သလိုလို ရဲြ ့သလိုလို

အစမ္းသပ္လြန္ခဲ့တဲ့အလြမ္းေတြဟာ

ထားရာမေနေစရာမသြားေတာ့ဘဲ

ဘယ္ဖက္အျခမ္းကုိဒုကၡေပးလြန္းေနျပန္တယ္

ကေ၀မေလးကေတာ့တခစ္ခစ္ရီလို ့

အဲဒီအေၾကာင္းေတြ

ရွက္လို ့စားျမံဳ ့မျပန္ေတာ့ပါဘူးဆိုခါမွ

ခဏခဏဘဲသတိတရရွိေနမိတယ္

အတိအက်ရက္စဲြေတြနဲ ့အဲဒီတရက္ထဲမွာကုိပဲ

ကေ၀မေလး၀ွက္ထားတဲ့အစြယ္ေတြဟာ...ေဖြးခနဲ

ပဥၥလက္ၾကိဳး(၁၂)ၾကိဳးမကတဲ့အတတ္ေတြနဲ ့

တသက္လံုးအတြက္မရုိးမရြခံစားမွဳဟာ

ရင္ဘတ္နွစ္ျခမ္းျဗန္းျဗန္းကဲြေအာင္၀င္တိုက္တယ္

ေၾသာ္....မိုက္လိုက္မိတဲ့ ကၽြန္ေတာ္ေပါ့

ကေ၀မေလးေဆာ့စရာအရုပ္တခုအျဖစ္ေသ၀ပ္စြာ

မိုးသူ(ေတာင္ၾကီး)
17 December 2012/Monday
03:14/PM

ခ်ယ္ရီပြင့္တို ့နွင့္တသက္တာလမ္းခဲြ



 
 
" ေျဖာက္ " ခနဲတီးလိုက္တဲ့ လက္ဖ်စ္သံအဆံုးမွာ
ခ်ယ္ရီပြင့္ေတြ ဖြားကနဲေၾကြက်လာတယ္
ေဆာင္းပြင့္ေတြဟာအေဖြးသား
ျမက္ရုိင္းပင္ေတြအဖ်ားမွာတဲြလဲခိုစီးလို ့
ဆန္ ့က်င္ဖက္ေျခအစံုနွစ္ခုကုိ
ေငးတိေငးေမာၾကည့္ေနၾကတယ္ ။

ခရမ္းျပာေတာင္တန္းေပၚကခ်ယ္ရီပြင့္တို ့ဟာ
အထစ္အေငါ့မရွိပဲဖူးပြင့္တယ္
အရူးရင့္တဲ့ေန ့ရက္တို ့ကုိရင္မဆုိင္ခ်င္ပါပဲ
သူမစကားလံုးအခ်ဳိ ့ရဲ ့တုိက္ခုိက္မွဳဒဏ္ကုိ
အေသအခ်ာအလူးအလဲခံေနခဲ့ရတယ္
ခ်ယ္ရီပြင့္တို ့ဟာစြံအျခင္းေတြကိုမသိက်ဳိးႏြံျပဳရက္ ။

သူမထမီအနားစဟာေျခလွမ္းေတြပ်က္ေနတယ္
အဆုိး၀ါးဆံုးေသာအကၡရာေတြသာ
ကဗ်ည္းတင္ခံထားရတဲ့နွလံုးသားဟာ
မီးပင္လယ္ျပင္ထဲမွာလက္ပစ္ကူးလို ့
ဘာမွမျဖစ္ခ်င္ေတာ့တဲ့စိတ္နဲ ့ျဖစ္ခ်င္ရာျဖစ္
သိသိသာသာပဲလစ္လ်ဴျပဳထားလိုက္တယ္ ။

အခ်ဳိးမက်တဲ့ပံုစံနဲ ့ဒီဇင္ဘာဟာ
နည္းလမ္းမမွန္တဲ့နံနက္ခင္းေတြကုိ
ေပြ ့ဖက္ယုယလုိ ့ရင္ခြင္တခုမွာ၀ွက္ထားခဲ့ျပီ
ေအးစိမ့္ေနတဲ့ေနာက္ဆံုးေန ့ရက္ေတြနဲ ့
ေဆာင္းရာသီဟာကုိယ္တျခမ္းပံုပ်က္လို ့
အထီးက်န္ျခင္းတို ့ကုိအားေပးနွစ္သိမ့္တယ္ ။

ဆို ့တက္လာတဲ့မ်က္ရည္ပူပူေတြဟာ
နွင္းမွဳန္တို ့နဲ ့ဘယ္လိုမွမလိုက္ဖက္မွန္းသိေပမယ့္
ထိန္းထားလို ့မနိုင္ခဲ့တဲ့၀မ္းနည္းစိတ္ေတြဟာ
နွလံုးအိမ္ကုိတြန္းထိုးေမႊေနွာက္တယ္
အပန္းေရာင္ခ်ယ္ရီပြင့္တို ့ကုိ
ေၾကမႊေနေအာင္ဆုပ္ကုိင္ထားရင္း
ေနာင္လာမယ့္ေန ့ရက္တို ့ကုိ
နင္မရွိပါပဲငါဘယ္လိုျဖတ္သန္းရမလဲဆိုတဲ့အေတြးတို ့နဲ ့။ ။

မုိးသူ(ေတာင္ၾကီး)

25 December 2012/Tuesday
06:55/AM