လွမ်းဆွတ်တတ်သောကဗျာ
လွမ်းဆွတ်တတ်သောကဗျာ
=================
လတ်ဆပ်စွာတုန်ရီနေတဲ့ 
ဘယ်ဖက်အခြမ်းကရင်အစုံမှာ
ချစ်သူရဲ့ ချစ်ခြင်းတရားတွေနဲ့ ထုံမွှန်းနေတော့
အောက်စီဂျင်ပြတ်တောက်နေလို့ 
ဘယ်လို ကဗျာမျိုးမှထွက်မလာနိုင်ပါ ။
ကြည်နူးနေတဲ့ဦးဏှောက်တခုလုံးရဲ့
အဓိကနဗ်ကြောတွေမှာလဲ
ချစ်သူရဲ့ နူးညံ့တဲ့ကဗျာလေးတွေဖုံးအုပ်နေလို့ 
အကျွန်ုပ်အသုံးပြုမယ့်စကားလုံးတွေဟာ
ဖွဲ့ နွဲ့ သီကုံးဖို့ အပြင်းအထန်
ငြင်းဆန်နေကြပြန်တယ် ။
ချစ်သူရေ......
ဝေးရက်တွေ မိုင်ချီလို့ 
ဆွေးရက်တွေ မယိုင်လဲပဲ
ချစ်ခြင်းတရားတွေကအပြိုင်ကျဲနေကြတယ်
ရင်ထဲမှာသဲသဲမဲမဲရွာသွန်းနေတဲ့အလွမ်းက
မှန်းဆလို့ မရအောင်အညိုးကြီးလေတယ်
မြတ်နိုးပြီးသားနှုတ်ခမ်းအစုံလေးကိုတမ်းတလိုက်တိုင်း
စိတ်ဘ၀င်မှာကြည်သာ
ဒီတခါ .....ခွဲမသွားပါနဲ့ တော့လားကွယ်
မိုးသူ(တောင်ကြီး)
11 January 2013/Fri
05:20/PM
No comments:
Post a Comment