ကျွန်ုပ်တွေးမိလိုက်သောမသိကိန်းတချို့ 





**တံခါးပေါက်**
--------------------
ဝင်လာလို့ ရတယ်

ထွက်သွားလို့ ရတယ်

ဒါပေမယ့်

ဘယ်သူတွေဝင်လာလို့ 

ဘယ်သူတွေထွက်သွားလဲ

အကျိုးမဲ့ အကျိုးရှိ

အကြောင်းအရာမှန်သမျှ

သူမသိဘူး ၊ ၊

(၀င်လာပြီးပြန်ထွက်သွားကြရမှာပါပဲ)

**လှေကား**
-----------------
အဆင်းရှိတယ်

အတက်ရှိတယ်

ဒါပေမယ့်

ဘယ်သူတွေဆင်းလာလို့ 

ဘယ်သူတွေတက်သွားမှန်း

အကျိုးမဲ့ အကျိုးရှိ

အကြောင်းအရာမှန်သမျှ

သူမသိဘူး ။ ။

(အနိမ့်အမြင့်ရှိခဲ့လို့ အတက်အဆင်းရှိတာပါ)


**ကမ္ဘာကြီး**
-----------------

နေ့ ရှိတယ်

ညရှိတယ်

အလင်းမှာဘယ်သူတွေဘာလုပ်နေလဲ

အမှောင်မှာဘယ်သူတွေဘာလုပ်နေလဲ

အကျိုးမဲ့ အကျိုးရှိ

အကြောင်းအရာမှန်သမျှ

သူမသိဘူး ။ ။

(ကမ္ဘာကြီးလှည့်လည်နေသမျှ အလင်းအမှောင်
အကောင်းအဆိုး၊အကြောင်းအကျိုးတော့ရှိစမြဲပါပဲ)

**လူ**
-----------
ပုံစံအမျိုးစုံအရွယ်အမျိုးစုံ

မွေးလာလိုက် သေသွားလိုက်

စိတ်ဓါတ်အဖုံဖုံ

နှလုံးခုန်သံအစုံစုံ

မျှော်လင့်မှုတွေတပုံတပင်နဲ

ယုံချင်ယုံမယုံချင်နေ

သေခြင်းတရားဆီကိုတရွေ့ ရွေ့ ချဉ်းကပ်လို့ 

သိလျှက်နဲ့ မသိချင်ယောင်ဆောင်နေတာ

သူတို့ တွေမသိကြဘူး ။ ။

(တည်မြဲခြင်းဟာသေခြင်းတရားတခုအပေါ်မှာထာဝရစိုးမိုးတယ်)

မိုးသူ(တောင်ကြီး)

20 April 2013 / Saturday

04:45/PM

1 comment:

ye' linn zaw said...

ငါ့၏ ကဗျာဆရာကား မမြဲ ငါ၏ ကဗျာကားမြဲ၏

Post a Comment