
STOP " AIDS "
*မှောင်လိုက်တာမေမေရယ်
လောကကြီးထဲစ၀င်လာကတည်းက
အရှုံးတွေပိုက်ပြီးလာခဲ့ရတယ်
လူတွေကသားကို ခေါ်ဝေါ်သမုတ်ကြတယ်
အပြစ်မဲ့သားကောင်တဲ့လေ
*အပြစ်ဆိုတာ "ဘာလဲ" မေမေ
*ပင်ပန်းလိုက်တာမေမေရယ်
ဘာမှကိုမသိရပဲ
သားဟာမိဘမဲ့ဖြစ်သွားသတဲ့လား
အပေါင်းအနှုတ်မတတ်သေးဘူး
သင်ခန်းစာတွေသင်ယူနိုင်မယ့်နေရာကိုသွားချင်တယ်
*စာသင်ကျောင်းဆိုတာ "ဘာလဲ " မေမေ
မှီတွယ်ရာမဲ့နေဘ၀မှာ
သားဟာနွေးထွေးလှုံ ခြုံတဲ့
ရင်ခွင်တွေကိုတမ်းတတယ်
အပျော်ဆိုတာအခိုက်တန့် 
ရှင်းသန့် တဲ့ဘ၀ဆိုတာ"ဘာလဲ"
ညစ်နွမ်းလို့ အားငယ်ရတယ် မေမေ
*AIDSဆိုတာ " ဘာလဲ " မေမေ
အဲဒီအရိပ်ဆိုးကြီးက
သားဘ၀နောက်ကို တိတ်တခိုးလိုက်နေတယ်
စိတ်မဆိုးလိုက်ပါနဲ့ မေမေရယ်
အခုတခဏအတွက်ကျိန်စာတွေဟာ
နောင်ဘ၀အဆက်ဆက်လိမ်မာဖို့ ဖြစ်မယ်ထင်တယ်
စိတ်မပူနဲ့ မေမေ
ဂရုဏာလက်တွေနဲ့ထွေးပွေ့ ထားတဲ့
သုခရိပ်မြုံမှာအကြင်နာတရားတွေနဲ့ 
ပျော်ပိုက်လို့ ဝေဒနာဆိုးတွေကို
သားတတ်နိုင်သမျှမေ့လျော့ထားတယ်
အဲဒီမှာနေရာလေးမှာအပျော်မမဲ့
ဂရုဏာရှင်တွေကဖော်ရွေအပြုံးနဲ့ ဆက်ဆံကြတယ်
မေတ္တာတရားတို့ နဲ့ မွှန်းထားတဲ့လူတွေက
ဖေးမလက်တွဲကူကြတယ်မေမေရယ်
မစိုးရိမ်နဲ့ မေမေ
HIV ကူးစက်ရောဂါကပ်ဆိုးကြီးကိုကျော်လွှားဖို့ 
လူသားတွေထမ်းရွက်နေကြပြီ
အရောင်တွေများတဲ့လောကကြီးကို
လူသားတွေစနစ်တကျဆေးချယ်နေကြပြီ
ရိုင်းပင်းစာနာမှု ဂရုဏာလက်များဟာ
ကမ္ဘာကြီးကျန်းမာရေးအတွက်
နွေးထွေးဖော်ရွေလှတယ်မေမေရယ်
မိုးသူ(တောင်ကြီး)
06 Nov 2012/ Tuesday
10:47/AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment