ပွင့်ဖတ်တွေတဖွားဖွားကြွေခဲ့သောငါတို့ ရွာကလေး



ပွင့်ဖတ်တွေတဖွားဖွားကြွေခဲ့သောငါတို့ ရွာကလေး
)))))))))))))))))))))>>><<<(((((((((((((((((((((

ဟော..........ပြောရင်းဆိုရင်း
မိုးမလင်းသေးခင်မှာပဲ
မှော်တုတ်တံကိုင်လို့ ဖန်ဆင်းပြအုံးမလို့ တဲ့
ပြန်မငြင်းကြစမ်းနဲ့ 
အခုကိုပဲ..
ကောင်းကင်ကြီးကငိုမဲ့မဲ့
ဝံပုလွေတွေကြားထဲမှာကြီးပြင်းလာသလို
ပြုလုပ်ချက်တိုင်းဟာညိုညစ်ညစ်နဲ့ လူတွေ
စစ်ပွဲတွေမဖြစ်ဖြစ်အောင်တွန်းတိုက်
ငါတို့ တတွေထဲမှာဇာတ်လိုက်ဟာ
ဘယ်ကောင်လဲ............

ရှိတယ် အဲဒီဇာတ်လိုက်
ငါတို့ တတွေရွာကလေးမှာတကယ်ရှိခဲ့တယ်

ည ၁၂ နာရီဆိုသန်းခေါင်ရောက်တဲ့အသိ
အဲဒီထက်ညဥ့်နက်မယ့်အချိန်တွေ
ငါတို့ ဆီမှာအိမ်တဆောင်မီးတပြောင်နဲ့ နေထိုင်တယ်
ပြယုဂ်အနေနဲ့ 
(၁၉၆၂)ရိုးတံပြုတ်ထွက်ခြင်း
(၁၉၈၈)ရနံ့ ကြွေခြင်း
(၂၀၀၇)အဆင်းမဲ့ခြင်း
(၂၀၁၃)၀တ်ဆံတိုင်ဖဲ့ခံရခြင်း
ပွင့်ဖတ်တွေဟာတဖွားဖွား ကျဲပျံ့ လို့ ....

ဒီလိုနဲ့ 
ငါတို့ တတွေကောင်းကင်ကြွေနေတာကို
မျက်ရည်ခံခွက်တွေနဲ့ အလုအယက်ထိုးခံခဲ့ကြတယ်
အမျိုးမမှန်တဲ့သကောင့်သားတွေ
ဟိုအကိုင်းနားဒီအကိုင်းနား
သရေပေါ်အိပ်သရေနားစားလို့ 
အသားကိုချိုင်ကာပုစိန်ရိုးတပ်
ငါတို့ တတွေရင်ဘတ်မှာလဲ
ဒဏ်ရာကိုယ်စီနဲ့ ဒိုးယိုပေါက်
မိုးပြိုသလောက်ကိုပန်းပွင့်တွေကြွေခဲ့ဖူးတယ်

အင်းပေါ့လေ ......
ခေတ်ကိုက....အနံ့ တထောင်းထောင်းနဲ့ 
ငါတို့ ရွာလေးပြောင်းလဲဖို့ တာစူနေတယ်
ပြုပြင်နိုင်ဖို့ မစွမ်းသာတဲ့အချိန်မှာ
အစားထိုးခြင်းသာအကောင်းဆုံးလို့ ခံယူနေကြသလား
အဲသလိုဆိုရင်........
(ငြိမ်းချမ်းကြပါတော့)

မိုးသူ(တောင်ကြီး)

24 June 2013/Monday
12:21/PM

No comments:

Post a Comment