ကိုယ်တိုင်စိုက်ပျိုးမိခဲ့သောရာသီ



ကိုယ်တိုင်စိုက်ပျိုးမိခဲ့သောရာသီ
()()()()()()()()()()()()()()()()()

ကောက်ကြောင်းကိုပုံဖော်ကြည့်ယုံသက်သက်ပါ
ဝတ်လစ်စလစ်မြင်ချင်ခဲ့တာမဟုတ်ရပါဘူး
အဲဒါကို ....
မိုးဥတုကသူ့ ကိုယ်သူဆွဲဖွင့်ပြလိုက်တော့
မြောက်ပြန်မြူငွေ့ တို့ နဲ့ အတူ
မျက်ဝန်းမှာလဲရွဲလို့ 
ငါ့ကို....
သည်းလွန်းတယ်လို့ 
ပြောချင်ပြောလိုက်စမ်းပါ...ကောင်မလေးရေ
ငါ့နှလုံးအိမ်အကျယ်အ၀န်း
ငါကိုယ်တိုင်ထွင်းခဲ့တာဘဲ
အခုဆိုရင်
အပ်ကျသံတောင်မကြားရတော့ဘူး
တဆိတ်လောက်ငါ့အနားနားနေပေးပါ
ပန်းတွေပွင့်မယ့်ရာသီမရောက်ခဲ့ရင်တောင်
ကျေးဇူးပြုလို့  " တောက် " မခေါက်လိုက်ပါနဲ့ 

မိုးသူ(တောင်ကြီး)

29 June 2013/Sat
09:38/AM

No comments:

Post a Comment