ပါးစပ်တွေကိုမုန်းတဲ့ကောင်

ပါးစပ်တွေကိုမုန်းတဲ့ကောင်
=================
မောင်းတင်ထားတဲ့အလွမ်းတွေကိုပစ်မှတ်တည့်ဖို့ 
ငါ့ကိုအခွင့်အရေးတခုပေးပါ
နင့်ကိုကြည်နူးခြင်းတွေပြန်ပေးမယ်

ခဏခဏလွဲချော်နေတဲ့အကြည့်တွေထဲ
မျက်နှာဖုံးခွါချပြရတာရှက်လှတယ်

ဒီတဆောင်းသစ်ရင်
ငါ့ကိုယ်ငါစိုက်ပျိုးလို့ 
မီးမောင်းထိုးပြတဲ့
ပါးစပ်တွေကိုရိုက်ချိုးပစ်မယ်

မိုးသူ(တောင်ကြီး)

19 June 2013 /Thursday
01:50/Pm

No comments:

Post a Comment