Showing posts with label မော်ဒန်ကဗျာများ. Show all posts
Showing posts with label မော်ဒန်ကဗျာများ. Show all posts
စိတ်တခု၏သိပ်သည်းဆ
ပကာသနတွေနဲ့ ဓါတ်ပုံတွဲရိုက်ထားတဲ့
အတ္တရုပ်မြင်ပုံရိပ်ဟာဇာတ်ပျက်သွားတယ်
ဟိုလူကလဲအဲဒီစကားပြောတယ်
ဒီလူကလဲအဲသလိုပြောပြန်တယ်
အချိုသကာလူးထားတဲ့အဆောင်အယောင်ဟာ
ခပ်ပြောင်ပြောင်အထင်ကြီးခံလို့ 
တင်စီးလွန်းတဲ့ပင်ကိုစရိုက်တွေနှိုက်ထုတ်
ခောတ်ဟာစနစ်ကိုအမှိုက်ပုတ်ထဲထိုးထည့်လိုက်ပြီ
စကားလုံးတွေဟာသူ့ ကိုယ်သူ...စာလုံးပေါင်းလိုပေါင်း
သတ်ပုံကိုသတ်ပုံကျမ်းမှာအမှားအမှန်ခြစ်ခိုင်းတယ်
မွမ်းမံပြင်ဆင်ခြင်းမရှိတဲ့ တင်္ခဏုပ္ပတ္တိဉာဏ်တွေနဲ့ 
လျှပ်ပေါ်လော်မာခြင်းဟာသရဖူဆောင်းလိုဆောင်း
ကြိုတင်ကြံစည်မှုအပေါင်းနဲ့ ရုတ်ရုတ်သဲသဲ
အောင်မြင်စွာဘဲပွဲတလုံးတမျှစည်ကားတယ်
စိတ်ရောင်စုံတွေကြားမှာညက်သပ်နေတဲ့
ဝမ်းစာပြည့်အစီအမံတွေဟာပရောဟိတ်တို့ ရဲ့ အဟာရဖြစ်လိမ့်မယ်
ရံဖန်ရံခါအနုကြမ်းစီးခံရတဲ့စိတ်ဓါတ်တချို့ အတွက်
ဖေးမမှုဟာနာတာရှည်ရောဂါသည်(သယ်)
သည်းခံမှုဟာဒုက္ခိတဖြစ်လို့ ၊ စာနာမှုဟာနလံထလူမမာ
ဒေါသဟာဝင်ခွင့်မပြုတဲ့မလွယ်ပေါက်တွေကနေလျောခနဲဝင်
ထွက်ပေါက်ကိုပိုက်စိပ်တိုက်လို့ အငမ်းမရရှာဖွေတယ်
ရှင်သန်ခြင်းဟာနိယာမတွေဆီမှာအောက်ကျို့ လို့ 
ကိုယ့်အမှားကိုယ်ဘယ်တုန်းကမှသတိမမူမိခဲ့ပါဘူး
အတ္တဦးဆောင်ရာနောက်ကောက်ကောက်ပါအောင်လိုက်ရင်း
ကျုပ်ဟာဒီနေ့ မသေသေးရင်မနက်ဖန်သေဖို့ အဆင်သင့်
Density of A Mind
မိုးသူ(တောင်ကြီး)
23 December 2012/Sunday
12:11/PM
ထင်တလုံးဆီကဖြောင့်ချက်../သို့ သော်/...(မထင်)
ထမင်းလုံးတစ္ဆေခြောက်ခံရသလိုလို ကိုယ့်ကိုယ်ကိုဘ၀င်မြင့်သလိုလို
လမ်းသလားနေတဲ့ အိမ်မက်တွေဟာတကယ်ပဲဖြစ်လာတယ်
ကျော်ခွသွားလို့ မရတဲ့ ဘ၀ရှင်းတမ်းပြဿနာတွေဟာ
မီတာအခွန်ခဘေလ်(bill)ဆောင်ဖို့ တန်းဆီနေသလိုမျိုး
နိုင်ငံကူးလက်မှတ်(passport form)တင်ဖို့ တန်းဆီနေသလိုမျိုး
ချွေးဒီးဒီးဟာဖိနပ်ပါးခြေကုန် မနက်ဖန်အတွက်ဆန်အိုးထဲကကြွက်ချီး
အရက်မြည်းဖို့ အသားကြော်ဟာခါးတူးပေမယ့်အရက်ချိုနဲ့ ပနံတင့်သလိုမျိုး
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးဟာ
ဆိုင်းဘုတ်မှာအထင်းသား သစ်တပင်ခုတ်ထောင်(၃)နှစ်
တောမီးတကွက်မုဆိုးဆိုတာတို့ နိုင်ငံမှာအပေါဆုံးလူသား
ဘယ်နေရာကြည့်လိုက်ကြည့်လိုက်...တောလိုက်သမားတွေချည်း
နေပြည်တော်ကမုဆိုး။ရွှေဘုံသာလမ်းကမုဆိုး၊ကားပွဲစားတန်းထဲကမုဆိုး၊
ရွှေလီကမုဆိုး၊တာချီလိတ်ကမုဆိုး၊မြ၀တီကမုဆိုး၊ရခိုင်ပြည်ကမုဆိုး
ခြံစည်းရိုးမလုံခဲ့တဲ့ ကွင်းပြင်ထဲမှာ သားကောင်တို့ ဟာမျက်နှာငယ်လို့ 
အထွေထွေမုဆိုးတို့ သည်...သားကောင်းအားလစ်လျူပြုသလိုနဲ့
ချောင်းမြောင်းလို့ အားလုံးသောဘ၀တွေဟာတကယ်တိမ်းစောင်းနေခဲ့ပြီ
ဂုဏ်သရေရှိတဲ့ သံတမန်ဆက်ဆံရေးဟာမြောက်ထိုးပင့်ကော်
ထမင်းတစ်လုပ်ဟာပါးစပ်နားရောက်ခါနီးပြုတ်ကျသွားသလိုလို
ခံတွင်းချဉ်တဲ့ပါးစပ်ဟာ ခံတွင်းပျက်လှောင်(ရယ်)သံတွေဆီမှာ
အကောင်းစားဆေးပြင်းလိပ်ကိုဖွာလို့ ဖြေးဖြေးခြင်းခေါင်းခါပြတယ်
တငြိမ့်ငြိမ့်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ
ASEAN လက်တွဲမှုတွေရဲ့ ပြယုဓ်ဖြစ်လိမ့်မယ်ထင်ပါရဲ့ 
ဒေါ်လာဈေးကျတာ ကားပါမစ်ဈေးကျတာ ရွှေဈေးကျတာဟာ
ကန်စွန်းရွက်ဈေး ငစိန်ဆန်ဈေးကျသလောက်ရင်ခုန်ဖို့ မကောင်းတာအမှန်
ထမင်းစားပြီးလက်ရေဆေးလို့ လက်သုတ်ပ၀ါမရှိတဲ့ ဘ၀မှာ
ထမင်းစားနေရခြင်းကိုတော်တော်မုန်းတယ်
ဒါပေမယ့် ထမင်းတစ်ပန်းကန်ဟာတော်တော်အရေးပါတယ်
အဆုပ်လိုက်ပွင့်တော့မယ့်အခြေအနေမှာပွင့်ဖတ်တိုင်းဟာ
.......................ငါတို့ နိုင်ငံဖြစ်စေ............................
မိုးသူ(တောင်ကြီး)
17 Nov 2012/Saturday
07:37/PM
လူ့ ဘ၀ဒက်ဂရေးရှင်းအနည်းငယ်နှင့်လော့ဂျစ်ကယ်ဥပဒေသ
လူ့ ဘ၀ဒက်ဂရေးရှင်းအနည်းငယ်နှင့်လော့ဂျစ်ကယ်ဥပဒေသ
Human's life of some decoration and Principle of logical
လောကဓံဟာဒန်အိုးဒန်ခွက်သည်(သယ်)မဟုတ်တာသိပြီးတဲ့နောက်
ပူစီဟာ " ညောင် " လို့ တချက်အော်တယ်
ထိုးနှက်မှုတွေများနေတဲ့ဘ၀ဟာကြောင်အိမ်ထဲကအဆီတ၀င်းဝင်း ငါးကြော်
အတိုက်အခိုက်ကျွမ်းကျင်တဲ့အောင်မြင်မှုတွေဟာသဲတရှပ်ရှပ်အမဲသား
ကျော်ကြားမှ...ဖြစ်တော့မယ်ဆိုတော့ခွေးတွေကအမြီးစင်းလို့ ထအူတယ်
သပ်လျှိုခြင်းခံခဲ့ရသောအတိတ်အကြောင်းအရာများ
အရေခွံတလွှာကိုခွါချပြီုးု
ငြီးငွေ့ ဖွယ်ပင်နီယံစက်သွားတွေမှာ
သံချေးရောင်တွေကပ်ငြိနေခဲ့တယ်
အနှေးဆုံးဥပေက္ခာရပ်ဝန်းဒေသမှာ
ပျော်တတ်အောင်နေရင်း
စိတ္တဇညတွေနဲ့ နပန်းလုံး
ဘ၀မှာအပင်ပန်းဆုံးနေ့ /ညတွေပေါ့
သီချင်းတပုဒ်ကိုစဖွင့်လိုက်ကတည်းက/တောတောင်တွေရဲ့ လှည့်စားမှု/ စိမ့်စမ်းတို့ ရဲ့ ပင်ကိုယ်/ပြီးတော့စာသင်ခန်းထဲမှာ....
သီချင်းတပုဒ်ကိုစဖွင့်လိုက်ကတည်းက/တောတောင်တွေရဲ့ လှည့်စားမှု/
စိမ့်စမ်းတို့ ရဲ့ ပင်ကိုယ်/ပြီးတော့စာသင်ခန်းထဲမှာ....
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အထိန်းကွပ်မဲ့သံသရာအနေနဲ့ ပြောရရင်နားမခံနိုင်အောင်ကျယ်ဝန်းလွန်းနေတယ်။
နိမ့်တယ်မြင့်တယ် ၊ မို့ မောက်ပြီတီတယ် ၊ လျှို့ ဝှက်အတတ်တွေမသင်ကြားပဲတတ်မြောက်တယ်
တဖြည်းဖြည်းကျယ်လောင်လာတယ် သံစဉ်တွေကြားမှာ ခင်ဗျားတို့ ပေါက်ကွဲလွင့်စင်ဖူးရမယ်
ပြီးရင် ခပ်ပြေပြေလေး/ခပ်မျဉ်းမျဉ်းလေးနိမ့်ဆင်းသွားတယ် မကြားနိုင်တော့မယ့်အထိ
နောက်ဆုံးမှာ ဘ၀င်ထဲထိခိုက်အောင် အသည်းလှိုက်အူလိုက် နှစ်သက်မယ်
ဒါဟာပြယုဓ်အနေနဲ့ ယုတ္တိဆန်တယ် စိတ်တွေညောင်းညာကိုက်ခဲနေရပြီမလား
အဝေးကကြည့်လိုက်ရင်တော့အပြာမှိုင်းမှိုင်းလေးပဲ ၊ သတိမပြုမိတဲ့ စိတ်တခုရဲ့ မာယာတွေ
ခက်ထန်နေမယ် ရသတခုခုကိုပေးတယ်( ဥပမာ) တခုခုကို လွမ်းဆွတ်ခြင်း၊ မျက်စိပသာဒနဲ့ ကြည်နူးခြင်း
အစွယ်အမောင်းတွေရှိတယ် နေလုံးကိုတောင်ဖုံးကွယ်နိုင်မယ့်လုံခြုံတဲ့နေရာတနေရာကို
တဦးတယောက်ကိုမှဖွင့်မပြောပြပဲသိမ်းစည်းထားတယ်၊ အတတ်ပညာရှင်တို့ ရဲ့ အတုယူဖွယ်
ငြိမ့်ညောင်းတယ် ဂီတသံတွေရောစွက်နေတယ် ညင်သာခြင်းတို့ ကိုပိုင်ဆိုင်မယ်
ငြိမ်းချမ်းရေသင်္ကေတ အပြီးသပ်ထိပုံဖော်မယ်တနေရာရာအရောက်မှာ လှိုင်းတံပိုးတွေနဲ့ ပျော်ရွှင်မယ်
ကွန်ဆက်တွေနဲ့ ထိတွေ့ ခံစားမယ် ပါဖောင့်မန့် တခုခုအသွင်သဏ္ဍာန်တွေကို
စိတ်ပါဝင်စားစွာ အသက်သွင်းရင် အဲဒါဟာ အမှန်တကယ်ဆိုတာလက်ခံနိုင်ရမယ်
ကျန်းမာစွာနေထိုင်ခြင်း၊ ထိတွေ့ ခြင်း၊ မြင်ခြင်း ၊ အာရုံခံနိုင်ခြင်း ၊ ကိုယ်လက်လှုပ်ရှားနိုင်ခြင်း
သင်ရိုးကုန် အာဂုံဆောင် ကြက်တူရွေးနှုတ်သီးလိုမျိုး ဒါလဲမဟုတ်သေးပြန်ဘူး
မကျေညက်နိုင်တဲ့ အူမကြီးထဲကအစာတွေ အစာအိမ်ထဲအရောက်ပို့ 
အင်ဇိုင်းတွေနဲ့ ဓါတ်ပြုလိုက်သလိုမျိုး အသိ သညာ အမှတ်အသား ဘာသာရပ်အမျိုးမျိုး
အဲဒါတွေအားလုံးကိုရောင်းချတဲ့ နေရာ လက်တွေ့ အသုံးပြုဖို့ အတွက်
တခုခုနဲ့ ဂဟေဆက်ပြီးရောက်ရာအရပ်မှာ အရွက်ကျလို့ အပင်ပေါက်ရင်
ဘ၀ကအေးစက်စက် /တင်ပြနိုင်တဲ့ အခြေခံနိဿရည်းမူ / ဂျိုးငှက် ။ ။
တင်ဆက်မှုဟာ ညံ့ဖျင်းနေစဲ .....
မိုးသူ(တောင်ကြီး)
28 July 2012/Saturday
10:29/AM
စိတ္တဇအိမ်မက်
ဟော......လေတိုးသံလေးကြားလား
အမှန်တရားတွေတိတ်ဆိတ်နေတဲ့အခန်းထဲမှာမှ
အလင်းဆိုတဲ့ငနဲက
ခပ်တည်တည်နဲ့ မွဲနေသေးတယ်
အဲဒီမှာ ငရဲတွေ ငရဲတွေ ငရဲတွေ
ဟော....ဟော....ဟော...ကြည့်စမ်းပါအုံး
အသက်ရှုသံတွေတောင်မျက်ဖြူလန်တယ် ။
သွေးနီဥတို့ ရဲ့ ပွတ်တိုက်သံတွေဟာ
ခြားနားတဲ့အမှတ်အသားတွေနဲ့ 
အမှတ်မှားနေတဲ့ကြောက်သွေးတို့ 
စီးဆင်းရာမှာဖောက်ပြန်ချင်တဲ့စရိုက်တွေကို
အတိုက်အခံလုပ်ရင်း
အရှုပ်ထုပ်တွေနဲ့ မိုက်လုံးကကြီးချင်သေးတယ် ။
ဆန္ဒမပါပဲစီးဆင်းခဲ့သော "မျက်ရည်" မြစ်
ဒဏ်ရာဒဏ်ချက်တွေနဲ့ တောက်ပနေတဲ့ နံနက်ခင်း
နင့်ရဲ့ ဖောက်ပြန်မှုတွေနဲ့ ရောနှောလို့ ဆေးချယ်လိုက်တယ်
ငါ့ရင်တွင်းကချော်ရည်ပူဟာအမြုပ်တွေတစီစီနဲ့ 
ပြင်းထန်စွာပေါက်ထွက်လောင်မြိုက်လို့ 
တသွင်သွင်စီးဆင်းနေလေရဲ့ 
ဆောင်းဝင်စနှင်းမှုန်တွေဟာငါ့မျက်ရည်ပူတွေကြားမှာပဲ
တိုးတိတ်ညင်သာစွာနဲ့ တိမ်းပါးပျောက်ကွယ်ကုန်တယ် ။
တကယ်လို့ များဖြစ်နိုင်ရင်
နေရောင်ဖြာနေတဲ့ နံနက်ခင်းတွေကို
ဇစ်ဆွဲလို့ ပြန်ပြီးမိုးချုပ်ပလိုက်ချင်တယ်
အိမ်မက်တွေထဲမှာပဲပျော်ပိုက်လို့ 
အပြင်လောကနဲ့ အဆက်သွယ်မရချင်တော့ဘူး
စဉ်းစားလို့ မရခဲ့တဲ့ ပဟေဋ္ဌိတွေကြားမွန်းကြပ်ပိတ်လှောင်လို့ 
တခါတရံအသက်ရှုဖို့ တောင်မေ့လျော့လို့ နေခဲ့တယ်
ကျေးဇူးပြု၍ငါ့ကိုညှာတာမနေပါနဲ့ တော့
ကျွန်တော့အကြောင်းတစွန်းတစ
မြေကြီးကကမ်းပေးလိုက်တဲ့ဖိတ်စာ..
ကျွန်တော်မွေးကတည်းကပါလာတယ်....
ငါသည်ငါမဟုတ်...
အုပ်ရောရောကျောက်ရောရောနဲ့ 
လောကထဲကိုဝင်မွှေ တကယ့်..ကလေကချေတကောင်ပေါ့
အဆီတ၀င်းဝင်းသဲတရှပ်ရှပ်နဲ့ မစားကောင်းတဲ့အသီးကို
ခဏခဏလက်ညိုးထိုး ပြီးရင်ကိုယ့်မာနကိုယ်ချိုးလို့ 
ကျရာနေရာမှာထိုးစိုက်...အပင်ထထပေါက်နေတဲ့လူမျိုးပေါ့
ငါဟဲ့ ကဗျာဆရာ တဲ့
ပြန်လာပြီးမှပျံထွက်သွားတဲ့ကြေးစည်သံတွေ
သရဏဂုံခပ်တည်တည်ရွတ်လို့ 
အတောင်ပံတွေနှစ်ဖက်စလုံးမှာ
ငြိမ်းချမ်းရေးချိုးငှက်ကူသံတွေနဲ့ ညံနေတယ်
မိုးပြိုတာကိုအိနြေ္ဒရရ ပဲကြည့်မယ်
ပြီးရင်...အလကားမတ်တင်းဝေဖန်မယ်
အသေခံဖို့ မပြောလေနဲ့ လေသံက,ကဗျစ်ကညစ်
ပွဲဈေးတန်းထဲကကြွက်ပစ်သေနပ်နဲ့ ခြောက်ရင်တောင်
သေးထွက်အောင်ကြောက်တတ်တဲ့ ကဗျာဆရာတွေပေါ့
လူကလေး....မင်းဆေးသောက်ဖို့ အချိန်ရောက်ပြီ ( A lunacy)
ရမ္မက်တွေကိုတစ်ပွင့်ချင်းဆီခြွေချ..၀င်္ကဘာပြယုဓ်တခုရဲ့
ကောက်ကြောင်းအတိုင်းနံနက်ခင်းတွေသွေးစွန်းပေခဲ့ပြီ
သရဖီပန်းတို့ ရဲ့ ရှတတအသက်ငွေ့ တွေကိုခပ်ပြင်းပြင်းရှုသွင်းရင်း
စိတ်စေတသိက်အတွင်းမှာဓမ္မတေးတွေကိုသံပြိုင်ဟစ်ကြွေးကြတယ်
ဘာလင်တံတိုင်းပေါ်ကပစ်ချလိုက်တဲ့ဂျိုးငှက်တို့ ရဲ့ အမွေးအတောင်တိုင်းဟာ
ကမ္ဘာကြီးတခုလုံးအတွက်ဘုရားသခင်ပေးအပ်ချီးမြှင့်လိုက်တဲ့
သန့် ရှင်းစင်ကြယ်သောငြိမ်းချမ်းရေးလက်ဆောင်ဖြစ်တယ်
ခုတ်ရာတခြားရှရာတခြားဖြစ်ခဲ့တဲ့အသံတိတ်လှောင်ရယ်မှုတွေကိုအနိုင်ပိုင်းလို့ 
အတွေးတွေအစွန်းရောက်သွားတဲ့အထိမိုးလင်းမိုးချုပ်အလုပ်လုပ်ခဲ့ပြီးပြီ
ပရိယာယ်ကြွယ်ဝမှုတွေအားလုံးဟာအသုံးမလိုတော့တဲ့
စွန့် ပစ်ပစ္စည်းတွေထဲရောနှောလို့ ရုပ်ပြောင်းရုပ်လွဲအတတ်ပညာနဲ့ 
လောကကြီးကို..တူတူပုန်းတမ်းကစားတယ်..လိုက်တမ်းပြေးတမ်းကစားတယ်
အားရှိစရာပါပဲ အားရစရာပါပဲ အားတက်စရာပါပဲ
ပေးပါ...........ပေးပါ...........ပေးပါ
စိတ်တွေမှိုင်းနေလို့ 
အတိတ်တွေသမိုင်းတွေကို
ပြသနာမီးထွန်းလိုက်ရှာတယ်
အို....အညှီအဟောက်တွေနဲ့ 
အပုတ်နံလှိုင်လှိုင်ထွက်နေတဲ့
သွေးစက်တွေ....သွေးစက်တွေ....သွေးစက်တွေ
မေးရက်ပလေတယ်ကွယ်
အင်း....ဟုတ်တယ်....
အဲဒါ......ငါတို့ တိုင်းပြည်ပေါ့
ချဉ်ငံစပ်....သို့ မဟုတ်..... စပ်ဖျဉ်းဖျဉ်း
ကြိုတင်တောင်းပန်ချက်။ ။ဤကဗျာတွင် အဓိပ္ပါယ်သက်ရောက်မှုနှင့်
နမိတ်ပုံပေါ်လွင်ထင်ရှားစေရန်စကားလုံးခပ်ရိုင်းရိုင်းများအသုံးပြုထားသည့်အတွက်
မိုးသူ(တောင်ကြီး)ခင်မင်ရပါသော ချစ်မိတ်ဆွေစာဖတ်သူများနှင့်သူငယ်ချင်းတို့ အား
ကြိုတင်ပြီး အနူးအညွှတ်တောင်းပန်ပါတယ် ကဗျာကို လဲ
L.P (letter for freedom notes) form နဲ့  အသက်သွင်းထားခြင်းဖြစ်ပါတယ်
မော်ဒန်ကဗျာတွေနဲ့ စိမ်းနေသော
စာဖတ်သူချစ်မိတ်ဆွေများတမျိုးတမည်မိုးသူအပေါ်မမြင်ကြပါရန်တောင်းပန်အပ်ပါသည် ။(အားပေးဖတ်ရှုသော ချစ်မိတ်ဆွေစာဖတ်သူများ ကဗျာရည်ရွယ်ချက်နှင့်နမိတ်ပုံများကိုသာအာရုံပြု၍ဖတ်ပေးပါရန်တိုက်တွန်းပါတယ် )
နမိတ်ပုံပေါ်လွင်ထင်ရှားစေရန်စကားလုံးခပ်ရိုင်းရိုင်းများအသုံးပြုထားသည့်အတွက်
မိုးသူ(တောင်ကြီး)ခင်မင်ရပါသော ချစ်မိတ်ဆွေစာဖတ်သူများနှင့်သူငယ်ချင်းတို့ အား
ကြိုတင်ပြီး အနူးအညွှတ်တောင်းပန်ပါတယ် ကဗျာကို လဲ
L.P (letter for freedom notes) form နဲ့  အသက်သွင်းထားခြင်းဖြစ်ပါတယ်
မော်ဒန်ကဗျာတွေနဲ့ စိမ်းနေသော
စာဖတ်သူချစ်မိတ်ဆွေများတမျိုးတမည်မိုးသူအပေါ်မမြင်ကြပါရန်တောင်းပန်အပ်ပါသည် ။(အားပေးဖတ်ရှုသော ချစ်မိတ်ဆွေစာဖတ်သူများ ကဗျာရည်ရွယ်ချက်နှင့်နမိတ်ပုံများကိုသာအာရုံပြု၍ဖတ်ပေးပါရန်တိုက်တွန်းပါတယ် )
ချည်တိုင်
ကျွန်တော်ဟာသူမနဲ့ပတ်သက်ရင်ဟော်မုန်းဓါတ်တွေလိုနေတယ်
သူမရဲ့ အကြည့်၊အသိ၊အထိတွေကတကိုယ်လုံးကိုဝါးမျိုးသကဲ့သို့ 
ကျွန်တော့နှလုံးသွေးလည်ပတ်မှုဟာလိုအပ်ချက်တွေများစွာနဲ့ ချိနဲ့ ခဲ့တယ်
ရူးသွပ်မှုတခုရဲ့ နောက်ကွယ်ကအလိုချင်ဆုံးတပ်မက်မှုဟာ
သူမနှုတ်ခမ်းပါးပေါ်ကအညင်သာဆုံးအနမ်းတွေနဲ့ 
ကျွန်တော့စိတ်အသွင်ကိုလန်းဆန်းစေခဲ့တယ်
ကျွန်တော်ဟာသူမအာခံတွင်းထဲကချိုချဉ်လေးတလုံးဆိုကြပါစို့ 
ကျွန်တော်လုပ်ပေးနိုင်သမျှဟာသူမရဲ့ ခံစားမှုအကြောအချဉ်တွေကို
အချိုမြိန်ဆုံးအာရုံတွေ အသာယာဆုံးအထိအတွေ့ တွေပေးစွမ်းမယ်
ကျုပ်ဆိုတဲ့ "ကျွန်တော်"နှင့် ခင်ဗျားဆိုတဲ့ "ငါ" ကွန်ဆက်/ မာနဒေါမနဿပါဖောင့်မန့် 
ကျုပ်အယူအဆတွေရဲ့ အနောက်ဖက်တံခါးဝမှာ
အချက်ပေးခေါင်းလောင်းတခုတပ်ထားမယ်
ဒီနေ့ အတွက်...တွန်းတိုက်မှုတွေကို
ရာဇမတ်ကွက်ကာလို့ ကြိုဆိုလိုက်တယ်
မသတီချင်စရာကောင်းတဲ့သိက္ခာဆိုတဲ့
ဂုဏ်ပုဒ်ဟာတံတွေးခွက်ထဲမှာ
ခေါင်းစိုက်လို့ ခပ်တည်တည်အိပ်ငိုက်နေတယ် ။
အသံနေအသံထားမမှန်တဲ့စကားလုံးတွေကို
မော်ဒန်ကဗျာဆိုပြီးထုတ်လုပ်ရတဲ့အရသာ..သိပ်ပြီးရှတတယ်
.......(ခင်ဗျားစမ်းသပ်ကြည့်ပါလား).....
ကုန်ကြမ်းပေးကုန်ချောယူစနစ်၊ထုတ်ကုန်နှစ်ဆတိုးမြှင့်ကြ
စက်မှုစွမ်းအားခေတ်ကျော်လွှား၊ဘာဘဲစိုက်စိုက်ပြောင်းညှက်စိုက်
သစ်တပင်ခုတ်ထောင်သုံးနှစ်၊တောမီးတကွက်မုဆိုးတသက်
သစ်တောစွမ်းဖြင့်မြန်ပြည်တ၀ှမ်းစိမ်းလန်းစေရမည်
အဲသလိုစကားလုံးတွေထောင်းနမောင်းထနေတဲ့ခေတ်ကြီးမှာ
မော်ဒန်ကဗျာတပုဒ်ဖြစ်ခွင့်ရတာသိပ်တန်တယ်(လွှတ်လှ) ။
လောက၏မှော်အတတ်တို့ ဖြင့်ဖန်ဆင်းခြင်းခံခဲ့ရသောကဗျာတပုဒ်
မနက်ကတည်းကမေ့လျော့ထားတဲ့ 
သင်္ခါရတရားကို အကြောင်းပြုလို့ 
ဖြူရော်ရော်အတ္တတွေရဲ့ အတွင်းသန္တာန်မှာ
တနေကုန်လောဘရုပ်လုံးတွေထွင်းထုကြတယ်
မနာလိုမှုတွေဆူဝေနေတဲ့ဒေါမနဿအခိုးအငွေ့ တွေနဲ့ 
တဦးကိုတဦးရစရာမရှိအောင်ညစ်ပုတ်ကပ်ကျယ်ကျကြတယ် ။
တဖြောင်းဖြောင်းတီးလိုက်တဲ့လက်ခုပ်သြဘာသံတွေရဲ့ 
ကျောသပ်မှုဒဏ်ကိုမခံမရပ်နိုင်ဖြစ်နေကြတဲ့သူတွေ
တဘုန်းဘုန်းပစ်ချလိုက်တဲ့ လောကဓံရဲ့ 
ခပ်နာနာရိုက်ချက်တွေကိုသာယာရစ်မူးနေတဲ့သူတွေ
ပေစုတ်စုတ်တဏှာတွေရဲ့ ဂျောက်တွန်းခြင်းတွေကို
နေ့ စဉ်ရက်ဆက်သနားစဖွယ်ခံနေရရှာတယ် ။
ဖောင်း/ပိန်/ဖော/ပွ/ဖွ/ ဖြေးဖြေးလုပ်ပါဗျ
ပိန်လိုက်ဖောင်းလိုက်နဲ့ တဖောင်းဖောင်းပေါက်ထွက်သွားတဲ့ဒေါသတွေနဲ့
ဖောင်းလိုက်ပိန်လိုက်ပဲဆက်လက်ရှုမှတ်နေခဲ့တယ်
ဖောင်းပွနေတဲ့ခေတ်ကြီးမှာဖောင်းနေတာတွေကိုပိန်အောင်ကြိုစားရင်း
ကိုယ့်ဟာကိုဖောင်းမှန်းမသိဖောနေခဲ့ရတယ်
ပြန်ပိန်အောင်ဖောရှောအရက်တွေ
သောက်ရင်းစကားလုံးတွေတောင်ဖောင်းကုန်တယ်
ပျားရည်မြစ်ထဲကစိတ်ကူး
ရေပေါ်ဆီဘ၀ဖြစ်ရတာကို ဂုဏ်ယူဖို့ မရပ်မနားကြိုးပမ်းနေတယ်
လေထုတွေထဲမှာအနှောင်အဖွဲ့ မရှိပျံသန်းရတဲ့
ဇင်ယော်ငှက်ဘ၀ကိုအရမ်းအားကျတယ်
လွင့်ချင်ရာလွင့်နေတဲ့ကြိုးမဲ့စွန်ဘ၀ကိုတမေ့တမောငေးကြည့်မိဖူးတယ်
အဆက်မပြတ်စီးဆင်းနေတဲ့စမ်းချောင်းငယ်လေးထဲက
ရေကို အသွားထက်ထက်ဓါးတချောင်းနဲ့ အကြိမ်ကြိမ်ခုတ်ဖြတ်ခဲ့ဖူးတယ်
ဘ၀/ဗလာ/သုည/တဏှာ/ကျင်လည်ရာ/ပြီးတော့...လိင်ဆက်ဆံမှု
ဘာမှမရှိတဲ့ရင်ဘတ်ထဲကိုသုညတွေမို့ မောက်နေအောင်လောင်းထည့်ပြီး
ခြေဦးတည့်ရာသွားမလို့ ကြံစည်ကာမှ...
ဗလာဆိုတဲ့ငနဲတကောင်နဲ့ တိုးတိုက်မိတယ်
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်တယ်ဘဲပြောပြော ပုခုံးတခဏဖက်လိုက်တယ်
သကာအိုးထဲပျားရည်တစက်ကျတာလောက်တောင်ရင်ခုန်ဖို့ မကောင်းဘူး
အံဝင်ဂွင်ကျဖြစ်တော့မယ့်ညနေခင်းတွေကို
မက်မက်စက်စက်မျှော်လင့်ပလိုက်တယ်။
ကဗျာစိတ်/ ကဗျာအဆိပ်/ပေါ်ပင်အရိပ်
ညစ်ပုတ်ကပ်ကျယ်ကျချင်စိတ်နဲ့ ကိုယ့်ရဲ့ အသိဉာဏ်တံခါးတွေကို
ကိုယ့်,ကိုယ်တိုင်ပဲဂလန့် ထိုးလို့ နားပိတ်ထားလိုက်တယ် ။
ဟိုး.......အမှောင်တွေကြားမှာတစ် နှစ် သုံး လေး ရေတွက်ရင်း
နက်သထက်နက်/ပျက်သထက်ပျက်/ယုတ်သထက်ယုတ်/ပုတ်သထက်ပုတ်
စနစ်ဇယားမှန်ကန်နေအောင်စီတန်းလို့ သိုမှီးထားလိုက်တယ် ။
ကဗျာတို့ ၏ သူရဲကောင်း /သစ္စာဖောက် (နှင့်)အဖြူပျက်
ဒုတ်ထိုးအိုးပေါက်အသုံးအနှုန်းတွေနဲ့ 
ခေတ်ပေါ်....ခေတ်ပေါ်ဆိုပြီး
လျှပ်ပေါ်လော်လီနေတဲ့
ဒီလောက........ငါနဲ့ မှဖြစ်ပါ့မလား
တကွက်ချန်အရေးအသားနဲ့ 
မြင်အောင်တွေးကြည့်ပါတယ်
အိုး.....မျှော့တွေ ...မျှော့တွေ
ကျုံ့ နိုင်ဆန့် နိုင်တဲ့ လိုတိုးပိုလျော့တွေနဲ့ 
နှလုံးအိမ်ရဲ့ ဝိဉာဏ်သွေးကိုစုတ်ယူနေကြတယ်
ကာရန်မဲ့တာလား နမိတ်ပုံမဲ့တာလား
ရစ်သန်မဲ့တာလား အဖြစ်မှန်တွေနဲ့ ရွဲ့ တာလား
သစ္စာဖောက်ဓါးရိုးကမ်းတဲ့စိတ်
အင်မတန်သိမ်ဖျင်း သေးနုပ်နေပါတယ်
Subscribe to:
Posts (Atom)



















