ပန်းပွင့်အကြောင်းမသိခဲ့သောရာသီဥတု
ပန်းပွင့်အကြောင်းမသိခဲ့သောရာသီဥတု
=======================
အလို....ကွယ်
နင်ကများငြင်းချင်သေးတယ်
ကြက်ဖတွန်လို့ မိုးလင်းပြတဲ့
ငါသာပိုးစုန်းကြူးလေးဖြစ်ခဲ့ရင်
ပေရေညစ်ပတ်နေတဲ့အသိုင်းဝိုင်းထဲမှာ
ဒီအတိုင်းတော့မလင်းလက်ချင်ဘူး
သတင်းကွန်ယက်ဆိုးတွေနဲ့ ရင့်ကျက်ခဲ့တဲ့
ပန်းပွင့်မျိုးလေးပဲဖြစ်ပါစေအုံး
ငါတသက်လုံးမြုံစိစိပဲနေမှာပေါ့ ။
မှတ်ကျောက်မတင်ရသေးတဲ့စိတ်နဲ့ 
ငါလဲထိတ်ထိတ်လန့် လန့် ကြေကွဲနေတယ်
တအိအိပြိုကျနေတဲ့ ညတွေ
ဘယ်လောက်တောင်ညဥ့်နက်ခဲ့ပြီလဲ
နံရံပေါ်မှာပုလင်းခွံတွေချိတ်ဆက်လို့ .......
အဲဒီအချိန်တုန်းက
နင့်အိမ်မက်ပြဇာတ်တွေမှာ
ငါကဗီလိန်ပေါ့ ....ဟုတ်ပါသလား
ကိုယ်ကြပ်အကျီ င်္နဲ့ မဆန့် မပြဲရာသီရောက်ရင်
ပွင့်ချပ်တွေဆီကိုအတောင်ဖြန့် လို့ လာခဲ့မယ်
အခုတော့....ရနံ့ သစ်ကိုအာသာဖြေလို့ 
နွေကိုနှုတ်ဆက်
ငါရုတ်တရက်နင့်ကိုမပြောဖြစ်ခဲ့ဘူး ။   ။
မိုးသူ(တောင်ကြီး)
14 June 2013/Friday
08:50/PM
No comments:
Post a Comment