ကျနော်မှန်သတဲ့
ကျနော်မှန်သတဲ့
ဘဝအတွက်၊
ထွက်ခဲ့ရ ဝေးမြေဆီ။
ချစ်သူတွေ၊ အိမ်မြေနှင့်
မိတ်ဆွေတွေ စွန့်ကာထား
သွားခဲ့ရပြီ။
အောင်မြင်မှု ရှာရမည်၊
ဘဝနေခြည် အတွက်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
မိတ်ဆွေများ ဆုံးရှုံးပြန်၊
အထီးကျန် မြို့တော်ထဲ၊
အဖေါ်ကွဲကာပေ။
သို့ပေမယ့် အောင်မြင်မှုတွေ၊
စောင့်ကာနေလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
မြတ်နိုးရသူတယောက်၊
ပန်းကောက်ရင်း ဆုံခဲ့ပေ။
သို့သော်လည်း တကိုယ်ရည်၊
ထားခဲ့ရပေ။
နေရစ်တော့ ကြင်သူရေ၊
ငွေရှာရဦးမယ်ကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
ကောင်းပေရဲ့ ဝင်ငွေ၊
ဒီရေအလား။
သို့ပေမယ့် အားလုံးကို၊
လွမ်းပိုရအား။
မိသားစုကြားဝယ်၊
'ဧည့်သည်' အလားပမာကွယ့်။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
သူတို့တွေ လိုအပ်တုန်း၊
အနီးဆုံး မနေနိုင်။
သူတို့နားနေချင်စိတ်၊
ထိန်းမရမှိုင်။
ဘဏ်မှာတော့ တိုးလို့လှိုင်၊
အခြေတော့ခိုင်ပါရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
သူတို့တွေပျော်ကြတုန်း၊
အဝေးဆုံးရောက်နေ။
သူတို့တွေ ပူဆွေးကြ၊
မျှဝေမရပေ။
တိုးသထက်တိုးလို့နေ၊
လခငွေရှိလေရဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
ချစ်ခင်ရသူတွေအား၊
နှုတ်ဆက်စကား ဆိုဖို့ကျန်။
ကိုယ့်ကိုယ်ကိုယ် ဒီအတွက်၊
ဖြေသိမ့်ခက်ပြန်။
လကုန်တော့ အချိန်မှန်၊
အလျှံပယ် လစာနဲ့။
လူအများကပြောပြန်၊
ကျနော် မှန်သတဲ့။
ထင်တလုံးဆီကဖြောင့်ချက်../သို့ သော်/...(မထင်)
ထမင်းလုံးတစ္ဆေခြောက်ခံရသလိုလို ကိုယ့်ကိုယ်ကိုဘ၀င်မြင့်သလိုလို
လမ်းသလားနေတဲ့ အိမ်မက်တွေဟာတကယ်ပဲဖြစ်လာတယ်
ကျော်ခွသွားလို့ မရတဲ့ ဘ၀ရှင်းတမ်းပြဿနာတွေဟာ
မီတာအခွန်ခဘေလ်(bill)ဆောင်ဖို့ တန်းဆီနေသလိုမျိုး
နိုင်ငံကူးလက်မှတ်(passport form)တင်ဖို့ တန်းဆီနေသလိုမျိုး
ချွေးဒီးဒီးဟာဖိနပ်ပါးခြေကုန် မနက်ဖန်အတွက်ဆန်အိုးထဲကကြွက်ချီး
အရက်မြည်းဖို့ အသားကြော်ဟာခါးတူးပေမယ့်အရက်ချိုနဲ့ ပနံတင့်သလိုမျိုး
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးဟာ
ဆိုင်းဘုတ်မှာအထင်းသား သစ်တပင်ခုတ်ထောင်(၃)နှစ်
တောမီးတကွက်မုဆိုးဆိုတာတို့ နိုင်ငံမှာအပေါဆုံးလူသား
ဘယ်နေရာကြည့်လိုက်ကြည့်လိုက်...တောလိုက်သမားတွေချည်း
နေပြည်တော်ကမုဆိုး။ရွှေဘုံသာလမ်းကမုဆိုး၊ကားပွဲစားတန်းထဲကမုဆိုး၊
ရွှေလီကမုဆိုး၊တာချီလိတ်ကမုဆိုး၊မြ၀တီကမုဆိုး၊ရခိုင်ပြည်ကမုဆိုး
ခြံစည်းရိုးမလုံခဲ့တဲ့ ကွင်းပြင်ထဲမှာ သားကောင်တို့ ဟာမျက်နှာငယ်လို့ 
အထွေထွေမုဆိုးတို့ သည်...သားကောင်းအားလစ်လျူပြုသလိုနဲ့
ချောင်းမြောင်းလို့ အားလုံးသောဘ၀တွေဟာတကယ်တိမ်းစောင်းနေခဲ့ပြီ
ဂုဏ်သရေရှိတဲ့ သံတမန်ဆက်ဆံရေးဟာမြောက်ထိုးပင့်ကော်
ထမင်းတစ်လုပ်ဟာပါးစပ်နားရောက်ခါနီးပြုတ်ကျသွားသလိုလို
ခံတွင်းချဉ်တဲ့ပါးစပ်ဟာ ခံတွင်းပျက်လှောင်(ရယ်)သံတွေဆီမှာ
အကောင်းစားဆေးပြင်းလိပ်ကိုဖွာလို့ ဖြေးဖြေးခြင်းခေါင်းခါပြတယ်
တငြိမ့်ငြိမ့်တက်လာတဲ့ ကုန်ဈေးနှုန်းဟာ
ဒေါ်လာဈေးကျတာ ကားပါမစ်ဈေးကျတာ ရွှေဈေးကျတာဟာ
ကန်စွန်းရွက်ဈေး ငစိန်ဆန်ဈေးကျသလောက်ရင်ခုန်ဖို့ မကောင်းတာအမှန်
ထမင်းစားပြီးလက်ရေဆေးလို့ လက်သုတ်ပ၀ါမရှိတဲ့ ဘ၀မှာ
ထမင်းစားနေရခြင်းကိုတော်တော်မုန်းတယ်
ဒါပေမယ့် ထမင်းတစ်ပန်းကန်ဟာတော်တော်အရေးပါတယ်
အဆုပ်လိုက်ပွင့်တော့မယ့်အခြေအနေမှာပွင့်ဖတ်တိုင်းဟာ
.......................ငါတို့ နိုင်ငံဖြစ်စေ............................
မိုးသူ(တောင်ကြီး)
17 Nov 2012/Saturday
07:37/PM
နိုင်ငံတော်အား ကလောင်လက်နက်ဖြင့်ထူထောင်မည့်သူများသို့ .......
ကဏ္ဍခွဲမမြင်တော့
တလွဲတွေထင်ကုန်တာပေါ့
ဆွဲမယ်ဖြဲမယ်ဆိုတဲ့စိတ်ဓါတ်
မင့်အတိတ်မှာရပ်လိုက်ပါတော့ ။
မရိုးသားတဲ့ချဉ်းကပ်မှု
ကဗျာတွေကတော့နုနေမှာမဟုတ်ဘူးကွာ
တခုခုအတွက်ရည်ရွယ်
စောက်ကြီးစောက်ကျယ်ကောင်တွေက
နာမည်ကောင်းဝင်ယူလို့ ပယ်ဖျက်
သြော်...တကယ်ပဲအရှက်မဲ့လွန်းနေတယ်
ဟေ့ရောင် " သူရကျော် "
ရှေ့ တက်စရာရှိတာ ရှေ့ တက်
ကဗျာတွေအတွက်ငဲ့ကွက်သင့်တယ်
ကဗျာတွေအတွက်ထည့်တွက်သင့်တယ် ။
တိုင်းပြည်ကို ကလောင်လက်နက်နဲ့ တည်ထောင်မလို့ တဲ့
မလွယ်ကူတဲ့လူ့ လောကမှာ
သူတို့ အိမ်နောက်ဖေးဆန်အိုးထဲက
ခလောက်သံညံ့ညံ့ပေးလို့ 
အတွေးတွေကနိမ့်နေတာမမြင်
အထင်ဟာအထင် အသွင်မရှိတဲ့ ငနဲ
ဘ၀င်မြင့်နေတာလဲမဆန်းကျယ်
အရမ်းတော့မတွယ်နဲ့ ကိုယ့်လူ
ကိုယ့်အပူကိုယ်ကြည့်
ကိုယ့်ဝမ်းနာကိုယ်သာသိသတဲ့ ။
အတွေးတွေသိပ်မဟိုက်ပါနဲ့ 
တိုက်ခိုက်ချင်တတ်တဲ့စိတ်ညံ့
ကျုပ်ကတော့သိပ်လန့် တယ်ဗျ ။
တချက်လေးတော့မေးလိုက်ချင်ရဲ့
တိုင်းပြည်အတွက်အသာထား
မင့်အိမ်မှာများသောက်ရေအိုးထဲရေဖြည့်ဖူးရဲ့ လား
တကယ့်လက်တွေ့ မှာတော့ယောင်ချာချာ
နောင်နောင်အခါတွေများ
ကိုယ့်မျက်ချေးကိုယ်ကြည့်
ထိခါမှသိတဲ့လူစားလို
တို့ ခါမှရုန်းတဲ့ နွားလိုမလုပ်နဲ့ 
ကိုယ့်အားကိုယ်ကိုယ်ကိုးလို့ 
ညီလေးရေ....ကြိုးစားလိုက်ပါအုံးကွာ ။    ။
မိုးသူ(တောင်ကြီး)
21 December 2012/Friday
10:55/AM
စိတ်ဝိဥာဉ်တို့ ဖြင့်ချစ်သူထံမှောက်အခစားဝင်ရောက်ခြင်း
ကောင်းကင်၌တည်နေသော
မြူငွေ့ တို့ ၏ပေါင်းစည်းခြင်းအလျင်နှုန်းတွေအတိုင်း
တို့ နှစ်ယောက် နှောင်တည်းကြမယ်
ချစ်သူရေ....
ငါ့လက်ကိုခပ်တင်းတင်းလေးဆုပ်ကိုင်ထားပါ
အချိုမြိန်ဆုံးဂီတတွေထဲက
တယောတလက်၏ပိုင်ဆိုင်မှုသံစဉ်တွေအတိုင်း
တို့ နှစ်ယောက်ရင်ခုန်ကြမယ်
ချစ်သူရေ....
ငါလေနင့်နှုတ်ခမ်းလေးကိုသိပ်သတိရတယ်
အနူးညံ့ဆုံးကဗျာတပုဒ်ထဲက
တို့ နှစ်ယောက်ကြည်နူးကြမယ်
ချစ်သူရေ......
ငါလေ နင့်ကိုယ်ငွေ့ လေးကိုသိပ်လွမ်းမိတယ်
အကွာအဝေးမိုင်ချီနေတဲ့
တိုနှစ်ယောက်ရဲ့ အဆုံးရွားဆုံးဖြစ်စဉ်တွေဟာ
ခြောက်လှန့် တတ်တဲ့စိတ္တဇအိမ်မက်လို
ပြိုကျတော့မယ်တိမ်စိုင်တိမ်ခဲတွေလို
ခဏခဏစီးကျနေတတ်တဲ့
ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းတို့ ဟာ
ငါ့ရဲ့ ပျော်ရွှင်မှုကိုအနှောက်ယှက်ပေးတယ်
ချစ်သူရေ .....
နင်ရှိတဲ့အရပ်ဆီကို
ညစဉ် ညစဉ်တိုင်းရွက်လွှင့်လို့ နေတယ် ။    ။
မိုးသူ(တောင်ကြီး)
29 December 2012/Saturday
08:20/PM
လက်ချိုးရေတွက်နေခြင်းနှင့် သူပြန်လာမယ့်ရက်စွဲ
ချစ်သူရေ......
ကြယ်တွေအဖွေးသားနဲ့ အခုည
နင့်ကိုတမ်းတရလွန်းလို့ 
ငါ့ရဲ့ ရင်ဘတ်ထဲက
အလွမ်းရောင်စုံတွေပန်းထွက်နေတယ်ကွယ်
ချစ်သူရေ....
တိုးညင်းစွာနဲ့ နင့်နာမည်လေးကို
ခပ်ဖွဖွလေးရေရွတ်ရင်း
ရိုးစင်းလွန်းတဲ့သမုဒယမြစ်ပြင်မှာ
ငါ့အချစ်လှေကလေးလွင့်မျောနေတယ်
ချစ်သူရေ.....
တခါတခါပင့်သက်တွေမှုတ်ထုပ်ရင်း
မျှော်နေရတဲ့ဝေဒနာတွေဟာ
တစတစတိုးတက်လာတယ်
အဲဒီလို အချိန်မျိုးဆိုရင်လေ
ငါဘယ်သူ့ ကိုမှစကားမပြောချင်တော့ဘူး
ချစ်သူရေ....
စိမ့်နေအောင်အေးချမ်းလွန်းတဲ့
ဆောင်းဝင်စရာသီကြောင့်မို့ လားတော့မသိဘူး
နေ့ လည်ခင်းအချိန်တွေဆိုရင်
ငါတိမ်တွေကိုခိုစီးလို့ 
နင့်ဆီကိုသိပ်လာချင်တာပဲ
ချစ်သူရေ...
နင်ပြန်လာမယ့်နေ့ ရက်လေးရောက်ရင်လေ
ငါ့ရဲ့ ကြည်နူးခြင်းတွေနဲ့ အသက်ဆက်လို့ 
နင့်အတွက်ပျော်ရွှင်ခြင်းတွေနဲ့ ပေးဆပ်ပါ့မယ်ကွယ်
အဲဒီအခါကျရင်လေ....ဟိုတခါလိုမျိုး
နင်ငါ့ကိုလစ်လျူမပြုထားရဘူးနော်
ချစ်ရလွန်းသူရယ်
မောင်......
တမ်းတမ်းတတ.....မျှော်နေပါတယ်ကွယ်
မိုးသူ(တောင်ကြီး)
29 Oct 2012/Monday
8:04/PM
ကလင်....ကလင်...ကလင်
ဟလို...ဘယ်သူပါလဲခင်ဗျာ
စိတ်ညစ်ညူးမှုတွေရေချိုးနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို...ဘယ်သူပါလဲခင်ဗျာ
မာနတွေအ၀တ်စားလဲနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
အထီးကျန်မှုတွေခေါင်းလျှော်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို...ဘယ်သူပါလဲခင်ဗျာ
အတ္တတွေဂျီးတွန်းနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
အားငယ်မှုတွေဓါတ်ခဲအားဖြည့်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
အရှက်အကြောက်တရားတွေမြေမြုပ်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို......ဘယ်သူပါလဲခင်ဗျာ
လောဘတွေနဲ့ နပန်းလုံးနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို.....ဘယ်သူပါလဲခင်ဗျာ
အမှန်တရားတွေကိုသိမ်းစည်းနေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို....ဘယ်သူပါလဲခင်ဗျာ
ချွတ်ယွင်းနေတဲ့ မေတ္တာတရားတွေပြုပြင်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို.....ဘယ်သူပါလဲခင်ဗျာ
လောကဓံနားရွက်ကိုတံတွေးစွတ်နေလို့ 
နောက်မှပြန်လည်ဆက်သွယ်ပါ
ဟလို...ဘယ်သူပါလဲခင်ဗျာ
သိမှုမသိမှုတွေဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ 
နောက်မှပြန်ဆက်သွယ်ပါ
တွီ....တွီ....တွီ...... တွီ....တွီ....တွီ......
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
စက်ပိတ်ထားပါသဖြင့်ခေါ်ဆို၍မရနိုင်ပါရှင်
မိုးသူ(တောင်ကြီး)
19 January 2013/Sunday
03:47/PM
ရုန်းရင်းဆံခပ်ဖြစ်နေသော " အလွမ်းများ "
အဲသလောက်တောင်ဒုက္ခပေးတဲ့ လမင်း
ဖျာလိုခင်းလို့ ငါ့ကိုတက်နင်းသွားတယ်
အလင်းဟာနံရံပေါ်ခုန်တက်လို့ 
ပုံရိပ်အစုံအလင်နဲ့ ဖွင့်ပွဲကျင်းပလိုက်သေးတယ်
ဖွတ်ဖွတ်ညက်ညက်တွန့် ကြေနေတဲ့အတွေး
အပ်ကြောင်းထပ်နာကြည်းမှုတွေကြားမှာ
ငါ့ကိုကရော်ကမယ်နဲ့ ခပ်ဖော့ဖော့လေးဆွဲခေါ်သွားရင်း
အရှုပ်ထုတ်တွေထဲမှာပျော်ဝင်ခိုင်းပြန်တယ် ။
ငါ့ကမ္ဘာမပျက်ဘူး/မင့်ကဗျာပျက်သွားပြီ
ကမ္ဘာပျက်မယ်တဲ့
ကဗျာပျက်တာပိုအရေးကြီးတယ်
သွေးမနီးတဲ့ကဗျာဆရာတွေနောက်ဆုတ်
ကျုပ်ကလောင်သွားကတော့ကျောက်ရုပ်မဟုတ်တာအမှန်
မျောက်ရုပ်နဲ့ စကားလုံးတွေကတညံညံ
လေသံနဲ့ ဟန်ပန်ကမညီညာ
ရယ်(ရီ)စရာပျက်လုံးတွေနဲ့ 
ဖရုဿဝါစာကိုအဖော်ပြု
ဒါဟာ....ပေါ်ပင်တခုမို့ လေလား???
လူ့ ဘ၀ဒက်ဂရေးရှင်းအနည်းငယ်နှင့်လော့ဂျစ်ကယ်ဥပဒေသ
လူ့ ဘ၀ဒက်ဂရေးရှင်းအနည်းငယ်နှင့်လော့ဂျစ်ကယ်ဥပဒေသ
 Human's life of some decoration and Principle of logical
လောကဓံဟာဒန်အိုးဒန်ခွက်သည်(သယ်)မဟုတ်တာသိပြီးတဲ့နောက်
ပူစီဟာ " ညောင် " လို့ တချက်အော်တယ်
ထိုးနှက်မှုတွေများနေတဲ့ဘ၀ဟာကြောင်အိမ်ထဲကအဆီတ၀င်းဝင်း ငါးကြော်
အတိုက်အခိုက်ကျွမ်းကျင်တဲ့အောင်မြင်မှုတွေဟာသဲတရှပ်ရှပ်အမဲသား
ကျော်ကြားမှ...ဖြစ်တော့မယ်ဆိုတော့ခွေးတွေကအမြီးစင်းလို့ ထအူတယ်
စိတ်ဥကိုဝပ်ကျင်းထဲကနိုက်ထုတ်၍အကောင်ဖောက်ကြည့်ခြင်း
အတ္တအကျဉ်းအကျယ်ကို
မိုက်မဲစွာဘဲကဗျာတပုဒ်နဲ့ တိုင်းတာကြည့်လိုက်တယ်
အဲဒီနေရာကထွက်ပြေးလွတ်မြောက်ဖို့ 
အလျင်နှုန်းဘယ်လောက်မြန်ဆန်ဖို့ လိုအပ်မလဲ
ဖောက်ခွဲနိုင်မှုပြင်းအားဟာရေစုန်မျောလို့ 
လေဆန်ကိုအတောင်ဖြန့် မယ့်အားအင်တို့ ဟာချိနဲ့ နဲ့ 
မျက်စိကိုစုံမှိတ်လို့ သေချာခြင်းတွေကိုဆွဲကိုင်ရင်း
အသေအချာပဲ ခေါက်ရိုးတွေအတိုင်းသိမ်းစည်းခဲ့ရပြီ
ဆောင်းဝင်အိမ်မက်
ဖျောခနဲဆို......
နင့်ခန္ဓာကိုယ်အစိတ်အပိုင်းတို့ ဟာ
တမှုန်ဆီလွင့်ဖြာလို့ ပျောက်သွားတဲ့သဏ္ဍာန် ။
နင်ဟာငါ့ကောင်းကင်ထက်မှာနေရာယူနေခဲ့ပြီ ။
ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
# ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ #
ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
တချိန်လုံး ဒေါသတွေပွရွလို့
လောကကို သောကတွေ တနင့်တပိုးနဲ့
သဘောမကျသလိုကြည့်တတ်တယ် ....
ငါဟာ နတ်ဆိုးစောင့်တဲ့မိန်းမ
လူတွေနဲ့အတူ ရယ်မောခြင်းကို စိတ်ပျက်လို့
ငိုကြွေးခြင်းကိုသာ အာသာငမ်းငမ်း တပ်မက်တယ် ...
အနယ်ထိုင်သွားသောအလွမ်းများ
အပြာရောင်အလင်းတန်းတို့ ကြားမှာ
အလွမ်းတွေဟာ,လရောင်တို့ ရဲ့ ခပ်ဖွဖွအနမ်းနဲ့ 
နင့်ကိုတမ်းတမ်းတတလေးသတိရနေမိတယ်
ငြိမ်သက်ခြင်းတို့ နဲ့ တုံ့ ဆိုင်းရစ်ဖွဲ့ ကာ
အုံ့ မှိုင်းနေတဲ့အမှောင်ထုကိုခွင်းလို့ 
ငါ့ရဲ့ ချစ်ခြင်းတွေတောက်ပနေခဲ့တယ်
စိတ်ကူးထဲဦးတည်ရာတွေး
ဟိုး....အဝေးဆီကိုငေးမောလို့ 
မျှော်လင့်ခြင်းတစုံတရာကို
ရင်ဘတ်ထဲမှာအသေအချာထည့်ထားတယ်
မေ့မသွားတဲ့အတိတ်တွေဟာ
ပြကွက်နှေးရုပ်မြင်ပုံရိပ်တွေနဲ့ 
သွေ့ ခြောက်နေတဲ့လမ်းပေါ်
နှလုံးခုန်သံတွေနဲ့ ထပ်တူပြုလို့ 
သပ်ရပ်သန့် ရှင်း ညတို့ ရဲ့ အလင်းနဲ့အတူ
နင်ပဲ...ငါ့ကိုလှပစွာငြင်းခဲ့တယ်