ဆာလောင်မှုတွေနဲ့ မျှော်လင့်ခြင်းများ







မြို့ ပြရဲ့ နေ့ သစ်တွေဖောက်ပြန်နေတယ်
ပူလောင်ခြင်းဟာအစွန်းထွက်လို့ 
ဘယ်တုန်းကမှမငြိမ်သက်ဖူးတဲ့သမာဓိတို့ နဲ့ 
အရောင်းအ၀ယ်စကားပြောတဲ့နေရာမှာ
အူကြောင်ကြောင်ကန့် လန့် ခံနေတယ်

တခုပေးလိုက်မှတခုရသတဲ့
အပေးအယူတွေဟာ အဲသလိုသစ္စာရှိပါရဲ့ 
(ပြီးဆုံးခဲ့တဲ့နေ့ ရက်တွေအထိဖြစ်နိုင်တယ်)
ဆုံးအောင်နားမထောင်ခဲ့ဖူးတဲ့သီချင်းတပုဒ်လို
ခံစားမှုရသတွေဟာဘေးကိုရောက်နေခဲ့ပြီ

ချိတ်တခုရဲ့ အစွမ်းအစလိုမျိုး
ချိတ်မိအောင်စွမ်းဆောင်ကြည့်ချင်တယ်
နောက်ထပ်ချိတ်တခုဟာမျှော်လင့်တကြီးစောင့်စားရင်း
နှစ်ဖက်တီးမှအသံမြည်တဲ့လက်ခုပ်ဟာ
မချိတင်ကဲမဲ့ပြုံးပြုံးပြတယ

မြေကြီးပေါ်မှာကိုယ့်ခြေထောက်ကိုရပ်နိုင်ဖို့ 
ငြမ်းတွေဖျက်တဲ့အလုပ်ကိုခုံမင်ချင်နေတယ်
(အမှီသဟဲမလိုအပ်တော့လို့ )
အစမရှိအဆုံးမရှိတဲ့မိုးကုတ်စက်ဝိုင်းကို
ခြေဖျားထောက်လို့ ကြည့်မိလိုက်ပါတယ်
မလိုတမာမျက်နှာထားတွေကအပူရုပ်တွေအထင်းသား

ပြီးဆုံးသွားပြီလား...ဆက်ရန်ဟာရှေ့ ဆက်ဖို့ 
ဆက်ထုံးတွေဗရဗွနဲ့ ဒဏ်ရာရနေခဲ့တယ်
မကျေနပ်မှုဟာနီရဲနေတဲ့မျက်နှာနဲ့ 
လိပ်ပြာလန့် အောင်တခါတလေဖြဲခြောက်တယ်
စုတ်ချက်တိုင်းဟာအတ္တတွေနဲ့ ပေါ့

တဖျတ်ဖျတ်လက်နေတဲ့ဆန္ဒတွေ
ကရွတ်ကွင်းပေါ်လမ်းလျှောက်နေသလို
အတိမ်းအစောင်းဟာနဲနဲလေးမှအတင်စီးမခံကြဘူး
ရင်စီးခံနိုင်ဖို့ နွမ်းရိနေတဲ့စိတ်ဓါတ်တို့ ဟာ
ကျင်းနှုတ်ခမ်းပေါ်မှာတည်းတည်းလေးသာကျန်တော့တယ်

နိစ္စဓူဝဖြစ်ပျက်နေတဲ့မျိုသိပ်ခြင်းတွေဟာ
နူးညံ့သိမ်မွေ့ တဲ့ ပန်းပွင့်တွေမဟုတ်မှန်း
နောင်တမရမှီအချိန်လေးမှာဘဲသိခွင့်ရခဲ့တယ်
ပြောင်းပြန်ဖြစ်နေတဲ့အိမ်မက်တွေကိုတည့်မတ်ရင်း
ဒီနေ့ လဲမနေ့ ကလိုမျှော်လင့်ချက်တွေတနင့်တပိုးနဲ့ 
လောကကြီးဆီကလက်ဝါးဖြန့် တောင်းမိပြန်တယ်

သမာသမတ်ကျတဲ့ကောက်ကျစ်စဉ်းလဲမှုတွေမှာ
လိုက်လျော့ညီထွေစွာပျော်ဝင်နိုင်ဖို့ 
ခံစားမှုအာရုံတချို့ ကိုမေ့ဆေးပေးထားလိုက်တယ်
အဲဒီချိန်ကစပြီးဒုက္ခဆိုတာနဲ့ စပြီးပတ်သက်မိတော့တာဘဲ
အတ္တတွေကိုခုံမင်နေသမျှကာလပတ်လုံး
အကောင်းမြင်စိတ်ဆိုတာ
ကောက်ရိုးပုံထဲကအပ်တချောင်းသာဖြစ်လိမ့်မယ်ထင်ပါရဲ့ 

ကောင်းမွန်စွာတည်ထောင်ထားတဲ့အခြေခံစိတ်ဓါတ်တို့ နဲ့ 
ရိုးရှင်းလွန်းတဲ့လမ်းမအတိုင်းဖြောင့်မတ်စွာခရီးနှင်ခဲ့ပေမယ့်
တခါတလေတွေကြုံတတ်တဲ့ခလုပ်ကန်သင်းရှိတယ်ဆိုတာကို
သိသိကြီးနဲ့ ပဲမေ့လျော့နေတတ်ခဲ့တယ်
တွန်းတိုက်မှုတွေမပါတဲ့ဘ၀တွေဟာပျင်းရိဖွယ်အဖြစ်
သတ္တ၀ါလောကမှာထင်ရှားကျော်ကြားတယ်
နိယာမတို့ မှန်ကန်ကြောင်းသက်သေပြပေးကြပါ
မနက်ဖန်အတွက်ဒီနေ့ ကတည်းကပြင်ဆင်ဖို့ 
ကျုပ်ဟာ...အချိန်တော့နဲနဲလေးရချင်ပါသေးတယ်

(ဒီနေ့ မသေသေးရင် ကျုပ်မနက်ဖန်သေမယ်)

မိုးသူ(တောင်ကြီး)
15 March 2013/Friday
05:55/PM

No comments:

Post a Comment