ဘ၀ကဗျာ (သို့ ) ကဗျာဘဝ

ဘ၀ကဗျာ (သို့ ) ကဗျာဘဝ
===============
သွားတော့သွားနေကြတာပဲ
ဒါပေမယ့်ခရီးကမပေါက်ဖြစ်နေတယ်
လေဆန်မှာအထက်သို့ ဘ၀ဂ်ညံ
တန်ပြန်ထိုးစစ်တွေကရေစုန်မှာမျော
စကားလုံးတောထဲမှာ
နစ်မွန်းခဲ့ရတာလဲအကြိမ်ကြိမ်
လိမ်ပိန်နေတဲ့ ကာရန်တွေက
တခါတရံ ကျိုးတိုးကျဲတဲ
နဘေဆိုတာကလဲခပ်မွဲမွဲမို့
မရဲတရဲသာချရေး
ဘ၀ပေးတဲ့ကုသိုလ်ကံကိုက
ကဗျာမဆန်နိုင်သေးလို့ 
သြော်...လူတွေ ...လူတွေ
ဖေးမတော့မလိုလိုနဲ့ ဂျောက်ထဲကန်ချကြတယ်
အချိုသပ်သလိုလိုနဲ့ နောက်ကြောဓါးနဲ့ ထိုးကြတယ်
မိတ်ဆွေစစ်လိုလိုနဲ့ စိတ်ဓါတ်တွေ ညစ်နွမ်းကြတယ်

မိုးသူ(တောင်ကြီး)
09 January 2013/Wednesday
06:06/PM

No comments:

Post a Comment