ဝတ်ကျေတန်းကျေ


ကျုပ်ဆီမှာမရှိခြင်းတွေပြည့်စုံသွားပြီးနောက်

သုညတွေထပ်တိုးမလာနိုင်တော့ဘူး

ဒါပေမယ့်

ခေါင်းစဉ်ကတော့ ရှားပါးနေစဲ

တရှူးရှူးတရှဲရှဲနဲ့ မျက်ရည်တွေက

လမ်းဘေးသောက်ရေအိုးစဉ်ကခွက်ပဲ့လိုဘဲ

အရှက်မဲ့စွာ ဟိုလူသောက်ဒီလူသောက်နဲ့ 

မွေးထားတဲ့နွားလောက်တောင်ပုခုံးမကောင်းတော့ဘူး

လိုက်လျောရလွန်းလို့ အားနာမိပြန်တယ်

ခါးမပါတဲ့အထိပစ်ပေါက်လိုက်တဲ့စကားလုံးရိုင်းတွေနဲ့ 

အာရုံရှိတိုင်းသာလမ်းဖောက်ရရင်

ကျုပ်ဟာ

စင်္ကြာဝဠာနံရံတခုမှာ

မှတ်တိုင်သွားစိုက်တော့မပေါ့ ။   ။

မိုးသူ(တောင်ကြီး)

13 June 2013/Thursday
09:19/PM

No comments:

Post a Comment