ဆန္ဒမပါပဲစီးဆင်းခဲ့သော "မျက်ရည်" မြစ်
ဒဏ်ရာဒဏ်ချက်တွေနဲ့ တောက်ပနေတဲ့ နံနက်ခင်း
နင့်ရဲ့ ဖောက်ပြန်မှုတွေနဲ့ ရောနှောလို့ ဆေးချယ်လိုက်တယ်
ငါ့ရင်တွင်းကချော်ရည်ပူဟာအမြုပ်တွေတစီစီနဲ့ 
ပြင်းထန်စွာပေါက်ထွက်လောင်မြိုက်လို့ 
တသွင်သွင်စီးဆင်းနေလေရဲ့
ဆောင်းဝင်စနှင်းမှုန်တွေဟာငါ့မျက်ရည်ပူတွေကြားမှာပဲ
တိုးတိတ်ညင်သာစွာနဲ့ တိမ်းပါးပျောက်ကွယ်ကုန်တယ် ။
တကယ်လို့ များဖြစ်နိုင်ရင်
နေရောင်ဖြာနေတဲ့ နံနက်ခင်းတွေကို
ဇစ်ဆွဲလို့ ပြန်ပြီးမိုးချုပ်ပလိုက်ချင်တယ်
အိမ်မက်တွေထဲမှာပဲပျော်ပိုက်လို့ 
အပြင်လောကနဲ့ အဆက်သွယ်မရချင်တော့ဘူး
စဉ်းစားလို့ မရခဲ့တဲ့ ပဟေဋ္ဌိတွေကြားမွန်းကြပ်ပိတ်လှောင်လို့ 
တခါတရံအသက်ရှုဖို့ တောင်မေ့လျော့လို့ နေခဲ့တယ်
ကျေးဇူးပြု၍ငါ့ကိုညှာတာမနေပါနဲ့ တော့
မမြင်စေချင်လို့ စေ့ထားတဲ့တံခါးချပ်တွေကိုမှ
မစူးစမ်းမဆင်ခြင်ဘဲတွန်းဖွင့်လိုက်မိတဲ့အခါ
ဖြတ်ခနဲဖြာထွက်လာတဲ့မာယာနွယ်အလင်းတံလျှပ်လှိုင်းတွေကြောင့်
မူမမှန်ခဲ့တဲ့စိတ်အစဉ်ရိုင်းတွေဟာ
ရင်ထဲကအတွင်းဆုံးနံရံအထိထိုးနှက်
စစ်ခနဲ...ကျင်ခနဲနာ ခါးခါးသီးသီးနဲ့ ဗြောင်းဆန်လို့ 
့မြင်မြင်သမျှအရာတွေကိုအမည်းကွက်တွေစွန်းထင်းစေခဲ့တယ်
အဲဒီနေ့ ကတည်းက.....
ပျောက်ဆုံးသွားတဲ့ပန်းခင်းကြီးကိုလိုက်ရှာနေခဲ့တာ
ဖြစ်ချင်တော့ အိမ်မက်ဆိုးဆိုးတွေဖူးပွင့်နေတဲ့
လွင်ပြင်အကျယ်ကြီးကို ငါရောက်သွားခဲ့တယ်
အဲဒီနေရာမှာပဲချစ်ခြင်းတရားတို့ ရဲ့ 
စစ်ချီသံတွေအတုံးအရုန်းလဲကျပျက်စီးလို့ 
သွေးအလိမ်းလိမ်းနဲ့ ပေကျံစွန်းထင်း
ကိုယ်ရောင်ဖျောက်လို့ တိတ်တိတ်လေးပုန်းခိုနေခဲ့တယ်
နင့်အချစ်နဲ့ တွေ့ ပြီးနောက်ပိုင်းပိုမိုပီပြင်လာသလိုပဲ
ဒါပေမယ့် ငါဟာတကယ်ပဲပျော်ရွှင်နေမိပါတယ်
ငါ့ရဲ့ အလုံးစုံသောပျော်ရွှင်မှုတွေဟာ
နင်စားသုံးတဲ့ညစာနဲ့ တန်ဖိုးညီမျှတယ်
ထူးဆန်းလိုက်တာကွယ်...
နင်အသက်သွင်းပေးထားတဲ့သက်ငွေ့ လေးကိုရှုရှိုက်လို့ 
နင့်ရဲ့ မသိသလိုလို ကလိသလိုလိုအပြုအမူတွေကြားမှာ
ငါ့ရဲ့ အလွမ်းတွေဟာတမ်းတရခြင်းတွေပေါင်းစပ်
ရင်ဘတ်ခြင်းအပ်လို့ ချုံးပွဲချငိုယိုကာ
ငါဟာမသိမသာသက်တမ်းရှည်ကြာနေခဲ့တယ်
တကယ်လို့ များ ..ငါ့ကိုထားခဲ့ဖို့ အစီစဉ်ရှိခဲ့ရင်
ဘယ်တော့မှပြန်ပြီးနိုးမထနိုင်တော့တဲ့
အိပ်စက်ခြင်းမျိုးတွေနဲ့ အိပ်မွေ့ ချခဲ့ပါ
ငါ့ရဲ့ အုပ်ဂူလေးပေါ်မှာအ၀ါရောင်ပန်းကလေးတပွင့်.....
...ပြီးရင်.....................
.........................
....................
.........
ငါအခုမျက်ရည်တွေကျနေတယ်....နင်သိလား......
မိုးသူ(တောင်ကြီး)
18 Oct 2012/Thursday
10:14/AM
3 comments:
အောင်သက်ခိုင် said...
တကယ်လို့ များ ..ငါ့ကိုထားခဲ့ဖို့ အစီစဉ်ရှိခဲ့ရင်
ဘယ်တော့မှပြန်ပြီးနိုးမထနိုင်တော့တဲ့
အိပ်စက်ခြင်းမျိုးတွေနဲ့ အိပ်မွေ့ ချခဲ့ပါ
ငါ့ရဲ့ ဝိဥာဉ်လေးကိုနင့်နဘေးနားမှာပဲရစ်ဝဲခွင့်ပြုပေးပါ
ငါ့ရဲ့ အုပ်ဂူလေးပေါ်မှာအ၀ါရောင်ပန်းကလေးတပွင့်.....
...ပြီးရင်.....................
.........................
....................
.........
ငါအခုမျက်ရည်တွေကျနေတယ်....နင်သိလား......
လန်းတယ်ဗျာ
စံပယ်ချို said...
မမြင်စေချင်လို့ စေ့ထားတဲ့တံခါးချပ်တွေကိုမှ
မစူးစမ်းမဆင်ခြင်ဘဲတွန်းဖွင့်လိုက်မိတဲ့အခါ
ဖြတ်ခနဲဖြာထွက်လာတဲ့မာယာနွယ်အလင်းတံလျှပ်လှိုင်းတွေကြောင့်
မူမမှန်ခဲ့တဲ့စိတ်အစဉ်ရိုင်းတွေဟာ
ရင်ထဲကအတွင်းဆုံးနံရံအထိထိုးနှက်..........
rမိုးသူရေ တကယ်တော်တယ် စာသားလေးတွေဘယ်လိုရှာထားလဲသိချင်တယ်
အမများ ကဗျာတွေစဉ်းစားရလွန်းလို့ဆံပင်အနက်တွေ နဲနဲလာတယ်
ခင်တဲ့ sis jasmine
ချစ်စံအိမ် said...
Post a Comment