ချည်တိုင်
ကျွန်တော်ဟာသူမနဲ့ပတ်သက်ရင်ဟော်မုန်းဓါတ်တွေလိုနေတယ်
သူမရဲ့ အကြည့်၊အသိ၊အထိတွေကတကိုယ်လုံးကိုဝါးမျိုးသကဲ့သို့ 
ကျွန်တော့နှလုံးသွေးလည်ပတ်မှုဟာလိုအပ်ချက်တွေများစွာနဲ့ ချိနဲ့ ခဲ့တယ်
ရူးသွပ်မှုတခုရဲ့ နောက်ကွယ်ကအလိုချင်ဆုံးတပ်မက်မှုဟာ
သူမနှုတ်ခမ်းပါးပေါ်ကအညင်သာဆုံးအနမ်းတွေနဲ့ 
ကျွန်တော့စိတ်အသွင်ကိုလန်းဆန်းစေခဲ့တယ်
ကျွန်တော်ဟာသူမအာခံတွင်းထဲကချိုချဉ်လေးတလုံးဆိုကြပါစို့ 
ကျွန်တော်လုပ်ပေးနိုင်သမျှဟာသူမရဲ့ ခံစားမှုအကြောအချဉ်တွေကို
အချိုမြိန်ဆုံးအာရုံတွေ အသာယာဆုံးအထိအတွေ့ တွေပေးစွမ်းမယ်
ဒါပေမယ့်
ကျွန်တော်ဟာသူမရဲ့ မသိစိတ်မှာတစတစသေးငယ်လို့ သွားတာ
သူမဘယ်လိုမှသတိပြုမိခဲ့ မှာမဟုတ်ဘူး
သူမဘယ်လိုမှတွေးမိခဲ့မှာမဟုတ်ဘူး
မနေ့ က ......
ကျွန်တော်သူမရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့တယ်
ကျွန်တော့ရဲ့ နဖူး ပါးပြင်နှုတ်ခမ်း နှာခေါင်း မျက်စိ ဆံပင်
တခုမှလေသလှပ်ခြင်းမရှိအောင်
သူမဟာကျွန်တော့ကိုပွေ့ ဖက်ထားပေးတယ်
ဒါပေမယ့် သူမဟာ....
သူမရင်ခွင်ထဲမှာရှိတဲ့ ကျွန်တော့ကိုမေ့ထားပြီး
တိမ်ရောင်စုံတွေရဲ့ လှုပ်ရှားမှုအသွင်သဏ္ဍာန်တွေကို
လက်ချိုးရေတွက်နေခဲ့တယ်
ကျွန်တော်ဟာသူမရဲ့ ရင်ခွင်ထဲကနေ အထီးကျန်မှုဝေဒနာ
လစ်လျူရှုခံရမှုဝေဒနာ ဥပေက္ခာပြုခံရမှုဝေဒနာတွေဟာ
ရောပြွန်းလို့ အစီစဉ်တကျ အကွက်ချလို့ အင်အားအလုံးအရင်းနဲ့ 
တိုက်ခိုက်ခြင်းကိုမချိမဆန့် ခံစားခဲ့ရတယ်(သူမတကယ်ပဲမသိပါဘူး)
ကျွန်တော့ရဲ့ရင်ခုန်သံကိုသူမ ကြားချင်မှကြားပါလိမ့်မယ်
ကြားချင်ယောင်ဆောင်ခဲ့တာလဲဖြစ်နိုင်ချေရှိတယ်
တခါတလေကျွန်တော်သူမပေါ်ဆိုးနွဲ့ ဂျီကျတဲ့ အခါ
ကျွန်တော်ဟာသူမအသိစိတ်မှာ
ကလေးလေးတဦးအသွင်ဖြစ်ဖြစ်သွားခဲ့တယ်
လိုချင်တာမှန်သမျှအလိုလိုက်ခြင်းကိုခံခဲ့ရပေမယ့်သူမဟာကျွန်တော့်ကို
ကလေးငယ်တဦးအဖြစ်အလိုလိုက်ခဲ့သလို
ခံစားခဲ့ရတာကိုယ့်ကိုကိုယ်မလိမ်မိခဲ့ဘူး
ကျွန်တော်ဟာသူမအိပ်ယာပေါ်က teddy bear အရုပ်တခုပါပဲ
စကားလုံးတွေဟာချည်တိုင်မှာ
ကျွန်တော့ကိုသေသေချာချာပဲတုတ်နှောင်လို့ ထားတယ်
သူမရဲ့ နွေးထွေးမှု ၊သူမရဲ့ ယုယမှု
သူမရဲ့ ကြင်နာမှု ၊သူမရဲ့ ချည်နှောင်မှုတွေနဲ့ 
ဒီနေ့ မနက်အိပ်ယာနိုးတဲ့အချိန်မှာတော့
ကျွန်တော့စိတ် ၊ကျွန်တော့ဝိဥာဉ်၊ ကျွန်တော့နှလုံးသားတို့ ဟာ
ကျွန်တော့ရဲ့ သခင်မလေးပွင့်ဖူးစံမြန်းရာဥယျာဉ်နန်းသို့ 
ခေါင်းကိုမော့ အမြီးတရမ်းရမ်းနဲ့ သိန္ဓောမြင်းအလားဒုန်းဆိုင်းလို့ ...
မိုးသူ(တောင်ကြီး)
07Sep2012/Friday
09:20/Am
10 comments:
အိမ်မက်ကောင်းကင် said...
ကဗျာလေးက ကောင်းပြီးရင်ကောင်းနေတာပဲ
တင်စားထားတာလေးကလည်း အတုယူစရာကောင်းလိုက်တာ
ကဗျာလေးကို ခံစားသွားပါတယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)
တတိယမြောက်သမီးတော် said...
ဒီကဗျာ ဖတ်ရတာတော့ ကြက်သီးထ တယ် မိုးသူရေ
စံပယ်ချို said...
သူမရဲ့ နွေးထွေးမှု ၊သူမရဲ့ ယုယမှု
သူမရဲ့ ကြင်နာမှု ၊သူမရဲ့ ချည်နှောင်မှုတွေနဲ့ 
မဂျီးဂျက်ရဲ့ မောင်လေး မိုးသူ အမြဲ ထာဝရရှင်သန်နေပါစေလို့
Sweety Snow said...
ဒီတစ်ခါ ရေးတာ ကဗျာထက် အက်ဆေးဘက်ကို ပိုဆန်သွားတော့ အပြောင်းအလဲတစ်ခုအနေနဲ့ ရသတစ်မျိုးခံစားရတာပေါ့.. အားပေးသွားပါတယ် ..
မိုးနတ်ကြယ်စင် said...
ကျွန်တော်ဟာသူမနဲ့ပတ်သက်ရင်ဟော်မုန်းဓါတ်တွေလိုနေတယ်
သူမရဲ့ အကြည့်၊အသိ၊အထိတွေကတကိုယ်လုံးကိုဝါးမျိုးသကဲ့သို့ 
ကျွန်တော့နှလုံးသွေးလည်ပတ်မှုဟာလိုအပ်ချက်တွေများစွာနဲ့ ချိနဲ့ ခဲ့တယ်
ရူးသွပ်မှုတခုရဲ့ နောက်ကွယ်ကအလိုချင်ဆုံးတပ်မက်မှုဟာ
သူမနှုတ်ခမ်းပါးပေါ်ကအညင်သာဆုံးအနမ်းတွေနဲ့ 
ကျွန်တော့စိတ်အသွင်ကိုလန်းဆန်းစေခဲ့တယ်
စကားလုံးလေးတွေက အသဲယားစရာနော်မိုး....တကယ်ဆို တပုဒ်လုံးကကို အသဲယားဖို့ကောင်းနေတာပါ..ဖတ်ပြီး ရင်ခုန်သွားတယ်..
ရင်တုန်သွားတယ်...တကယ်တော်တဲ့ မိုးပဲ..သူမသာဖတ်ရရင် မိုးနတ်
လိုပဲ ရင်ခုန်သွားမယ်ထင်တယ်နော်..:P
ဒီကဗျာလေးကို ကဗျာမဆန်တဲ့ ကဗျာလေး..ဒါမှမဟုတ်..မော်ဒန်မကျတကျ ကဗျာလေး..အဲလိုလေး
ခံစားမိတယ်..ဘာပဲဖြစ်ဖြစ် အားပေးလျက်ပါ...
နူးညံ့ရင်ခုန်ဖွယ်စာသားလေး တစ်ချို့အတွက်လဲ ကျေးဇူးပါ...
ခင်မင်နေတဲ့...မိုးနတ်ကြယ်စင်
အသဲလေးတွေနဲ့ဆောက်ထားတဲ့အိမ် said...
လောကကြီးကိုအရွဲ့ တိုက်မလို့ ကြံစည်လေတိုင်းသူမရဲ့ အညို့ ဓါတ်ပါတဲ့
စကားလုံးတွေဟာချည်တိုင်မှာ
ကျွန်တော့ကိုသေသေချာချာပဲတုတ်နှောင်လို့ ထားတယ်
သူမရဲ့ နွေးထွေးမှု ၊သူမရဲ့ ယုယမှု
သူမရဲ့ ကြင်နာမှု ၊သူမရဲ့ ချည်နှောင်မှုတွေနဲ့ 
ဒီနေ့ မနက်အိပ်ယာနိုးတဲ့အချိန်မှာတော့
ကျွန်တော့စိတ် ၊ကျွန်တော့ဝိဥာဉ်၊ ကျွန်တော့နှလုံးသားတို့ ဟာ
ကျွန်တော့ရဲ့ သခင်မလေးပွင့်ဖူးစံမြန်းရာဥယျာဉ်နန်းသို့ 
စာသားလေးတွေကအ၇မ်းကောင်းတယ်မိုးသူ
အတုယူစ၇ာတွေချည်းပဲ
ခင်မင်နေတဲ့.........အသည်းလေး
ချစ်စံအိမ် said...
ဒီနေ့ မနက်အိပ်ယာနိုးတဲ့အချိန်မှာတော့
ကျွန်တော့စိတ် ၊ကျွန်တော့ဝိဥာဉ်၊ ကျွန်တော့နှလုံးသားတို့ ဟာ
ကျွန်တော့ရဲ့ သခင်မလေးပွင့်ဖူးစံမြန်းရာဥယျာဉ်နန်းသို့ 
ခေါင်းကိုမော့ အမြီးတရမ်းရမ်းနဲ့ သိန္ဓောမြင်းအလားဒုန်းဆိုင်းလို့ ...
အားပေးသွားပါတယ်။
မိုးသူ(တောင်ကြီး) said...
ကဗျာဖတ်ပေးတဲ့ ခင်မင်ရပါသောမိတ်ဆွေ သူငယ်ချင်းတို့ ကိုတခုတောင်းပန်ပါတယ်
tag မှာ မော်ဒန်ကဗျာများလို့ ပဲပြီးစလွယ် လုပ်မိသွားပါတယ်
အမှန် က prose poem form ချပြီးရေးထားတာပါ
ခင်တတ်တဲ့
မိုးသူ(တောင်ကြီး)
ချစ်စံအိမ်~2028~ said...
လှပသော ချည်တိုင်လေးပေါ့
~ Kk ~
မြတ်နိုးသူ said...
ကဗျာကောင်းတွေအားပေးသွားပါတယ်
နေကောင်းတယ်နော်သူငယ်ချင်း
ခင်တဲ့မြတ်နိုးသူ
Post a Comment