ကျွန်တော့အကြောင်းတစွန်းတစ




မြေကြီးကကမ်းပေးလိုက်တဲ့ဖိတ်စာ..

ကျွန်တော်မွေးကတည်းကပါလာတယ်....

ငါသည်ငါမဟုတ်...

အုပ်ရောရောကျောက်ရောရောနဲ့ 

လောကထဲကိုဝင်မွှေ တကယ့်..ကလေကချေတကောင်ပေါ့

အဆီတ၀င်းဝင်းသဲတရှပ်ရှပ်နဲ့ မစားကောင်းတဲ့အသီးကို

ခဏခဏလက်ညိုးထိုး ပြီးရင်ကိုယ့်မာနကိုယ်ချိုးလို့ 

ကျရာနေရာမှာထိုးစိုက်...အပင်ထထပေါက်နေတဲ့လူမျိုးပေါ့

အမြဲလိုလို ဗဟုဂံတွေနဲ့အနားမညီညာသေးတဲ့ကောင်ပါ

နာတာရှည်ရောဂါတွေဆုပ်ကိုင်လို့ အခုအသက်ရွယ်ထိလဲ

အိမ်မက်မက်လို့ ကောင်းနေစဲပါပဲ

ခန္ဓာကိုယ်ထဲကအငွေ့ ပျံသွားပြီးတဲ့ငြီးညူးသံတွေဟာ

နိုက်ကလပ်တခုမှာမူးယစ်ကခုန်ရင်း

ခဏခဏပျောက်ကျခဲ့ဖူးသူလဲဖြစ်ပြန်တယ်

လမ်းဘေးအရက်ဆိုင်ငယ်လေးထဲမှာလဲ

အပေါင်းအဖော်နဲ့ ပျော်ပါးတတ်တဲ့သူလဲဖြစ်တယ်

ပြီးတော့ တချပ်မှောက်ထားတဲ့ဖဲချပ်တွေကို

စပ်စုချင်စိတ်လွန်ကဲသူတဦးပါ

ညကို စွတ်ကျယ်ဝတ်သလိုလဲဝတ်တတ်တယ်

ဘ၀ကိုလဲစက်သုံးဆီမသုံးပဲခေတ်လွန်ယဉ်ကျေးမှုတွေနဲ့အပြိုင်

တရကြမ်းခုတ်မောင်းတတ်သူလဲဖြစ်တယ်

ကြယ်တံခွန်တွေကိုသဘောကျနှစ်သက်လို့ 

ကောင်းကင်ပေါ်ကိုအမြဲမော့ကြည့်ရင်းဆုတောင်းတတ်တယ်

တခါတလေ... မြို ပျက်ထဲမှာတယောက်ထဲ

နေထိုင်ရတဲ့အရသာကိုမြည်းစမ်းကြည့်ချင်တယ်

ဆင်ခြင်တုံတရားကိုအဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်း

လမ်းလွဲသွားတဲ့ရထားတစင်းလို ရည်ရွယ်ရာမရောက်ပဲ

သံသရာခရီးထဲမျက်စိလည်လမ်းမှားနေသူဖြစ်တယ်

အဲသလိုတွေနဲ့ 

အဖော်အသင်းပင်းနဲ့ ကြိုးကြာငှက်တို့ ဟာ

ကြယ်သီးအပြည့်အစုံတပ်..တောင်ပံဖြန့် လို့ 

ဌာနေရှိရာပျံသန်းကုန်တော့မယ်

ညနေဟာဖြိုးဖြိုးဖြဖြအလင်းတို့ နဲ့ 

လှချင်တိုင်းလှလို့ နေလေရဲ့ 

ကျွန်တော်ဟာအိပ်မှုန်စုံမွှားနဲ့ 

အခုအချိန်ထိလမ်းသလားနေခဲ့တယ် ။    ။

မိုးသူ(တောင်ကြီး)

22 Sep 2012/Sat
03:28/PM

8 comments:

Phyu Lwin said...

မြေကြီးကကမ်းပေးလိုက်တဲ့ဖိတ်စာ..

ကျွန်တော်မွေးကတည်းကပါလာတယ်....
လူတိုင်းအတွက် အမှန်ဆုံးစကားပဲ :)

3rdthameetaw said...

ဆင်ခြင်တုံတရားကိုအဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်း

လမ်းလွဲသွားတဲ့ရထားတစင်းလို ရည်ရွယ်ရာမရောက်ပဲ

သံသရာခရီးထဲမျက်စိလည်လမ်းမှားနေသူဖြစ်တယ်..
..ဟုတ်တယ် အနော် လမ်းမှားနေတယ်

စံပယ်ချို said...

အုပ်ရောရောကျောက်ရောရောနဲ့ 
လောကထဲကိုဝင်မွှေ တကယ့်..ကလေကချေတကောင်ပေါ့
အဆီတ၀င်းဝင်းသဲတရှပ်ရှပ်နဲ့ မစားကောင်းတဲ့အသီးကို
ခဏခဏလက်ညိုးထိုး ပြီးရင်ကိုယ့်မာနကိုယ်ချိုးလို့ 
ကျရာနေရာမှာထိုးစိုက်...အပင်ထထပေါက်နေတဲ့လူမျိုးပေါ့
အမြဲလိုလို ဗဟုဂံတွေနဲ့အနားမညီညာသေးတဲ့ကောင်ပါ-----

ကိုယ့်များစောင်းပြောနေသလိုတောင်ခံစားမိလိုက်တယ်
ရေးချက်တွေကောင်းလွန်းလို့လေ
ခင်မင်တဲ့ sis jasmine

လွင်ပြင်လှိုင်းငယ် said...

မိုးသူအကြောင်းလေး ခံစားသွားပါတယ်
မြေကြီးကကမ်းပေးလိုက်တဲ့ဖိတ်စာ..

ကျွန်တော်မွေးကတည်းကပါလာတယ်....
ဒီစကာလုံးလေးအရမ်းကြိုက်တယ်

မြတ်နိုးသူ said...

ကြယ်တံခွန်တွေကိုသဘောကျနှစ်သက်လို့ 

ကောင်းကင်ပေါ်ကိုအမြဲမော့ကြည့်ရင်းဆုတောင်းတတ်တယ်

ကောင်းကင်ကိုမော့ကြည့်ပြီး
ဘာတွေဆုတောင်းသွားလဲပြောပြပါလား
ကဗျာလေးအရမ်းမိုက်တယ်

မိုးနတ်ကြယ်စင် said...

ဟင်...မိုးသူက ကလေကချေ...ဟုတ်လား..မဖြစ်နိုင်တာဟယ်..
တကယ်က အပေအတေပါ...ဟိ..အတူတူပဲ...:P..
ဟွန်း...ရှင့်ကဗျာက ဘာလို့အဲလောက်ကောင်းနေရတာလဲ မိုးသူ..
ကောင်းလွန်းလို့ ခါတိုင်းလိုတောင် ချီးမွမ်းခန်းမဖွင့်နိုင်တော့ဘူးရှင့်..
ဒီမှာ ငုတ်တုတ်မေ့နေတယ်..အဲဒါကြောင့်..အိမ်ရှင်မလာခင်
တိတ်တိတ်လေးပြန်သွားပြီနော်...မိုး..
ခင်မင်နေတဲ့...မိုးနတ်

ချစ်စံအိမ် said...

အကြောင်းစုံလေးဖတ်သွား၏

Anonymous said...

ကဗျာရေးအားတွေ တအားကောင်းနေပါလားမိုးသူရေ....။
ခံစားသွားပါတယ်...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

Post a Comment