**တံခါးပေါက်**
--------------------
ဝင်လာလို့ ရတယ်
ထွက်သွားလို့ ရတယ်
ဒါပေမယ့်
ဘယ်သူတွေဝင်လာလို့ 
ဘယ်သူတွေထွက်သွားလဲ
အကျိုးမဲ့ အကျိုးရှိ
အကြောင်းအရာမှန်သမျှ
သူမသိဘူး ၊ ၊
(၀င်လာပြီးပြန်ထွက်သွားကြရမ
**လှေကား**
-----------------
အဆင်းရှိတယ်
အတက်ရှိတယ်
ဒါပေမယ့်
ဘယ်သူတွေဆင်းလာလို့ 
ဘယ်သူတွေတက်သွားမှန်း
အကျိုးမဲ့ အကျိုးရှိ
အကြောင်းအရာမှန်သမျှ
သူမသိဘူး ။ ။
(အနိမ့်အမြင့်ရှိခဲ့လို့ အတက်အဆင်းရှိတာပါ)
**ကမ္ဘာကြီး**
-----------------
နေ့ ရှိတယ်
ညရှိတယ်
အလင်းမှာဘယ်သူတွေဘာလုပ်နေလဲ
အမှောင်မှာဘယ်သူတွေဘာလုပ်နေ
အကျိုးမဲ့ အကျိုးရှိ
အကြောင်းအရာမှန်သမျှ
သူမသိဘူး ။ ။
(ကမ္ဘာကြီးလှည့်လည်နေသမျှ အလင်းအမှောင်
အကောင်းအဆိုး၊အကြောင်းအကျို
**လူ**
-----------
ပုံစံအမျိုးစုံအရွယ်အမျိုးစ
မွေးလာလိုက် သေသွားလိုက်
စိတ်ဓါတ်အဖုံဖုံ
နှလုံးခုန်သံအစုံစုံ
မျှော်လင့်မှုတွေတပုံတပင်နဲ
ယုံချင်ယုံမယုံချင်နေ
သေခြင်းတရားဆီကိုတရွေ့ ရွေ့ ချဉ်းကပ်လို့ 
သိလျှက်နဲ့ မသိချင်ယောင်ဆောင်နေတာ
သူတို့ တွေမသိကြဘူး ။ ။
(တည်မြဲခြင်းဟာသေခြင်းတရားတ
မိုးသူ(တောင်ကြီး)
20 April 2013 / Saturday
04:45/PM
—
1 comment:
ငါ့၏ ကဗျာဆရာကား မမြဲ ငါ၏ ကဗျာကားမြဲ၏
Post a Comment