သူပေါ့......ရှင်


)))>*သူပေါ့......ရှင်*<(((
•♥•°*”˜¯`´¯•♥•°*”˜¯`´¯•


သူ‌‌ပေါ့ရှင်‌
ကျွန်‌မစိတ်‌ဆိုး စိ‌တ်‌‌ကောက်‌
အာရုံနှောက်သမျှကို သည်းခံ
မငြီးညူမငြိုငြင်ဘဲ
အေးအတူပူအမျှ
အတူတကွဆိုတဲ့စိတ်နဲ့ 
အရိပ်‌တကြည့်‌ကြည့်‌‌လေး ‌‌ချော့တတ်‌သူပေါ့

သူ‌ပေါ့ရှင်‌
ကျွန်‌မကို မ‌ကျေနပ်
သူ..မနေတတ်ရင်ပေါ့
‌တိုက်‌ရိုက်‌ကိုအပြစ်မတင်
အချစ်ပင်ပျိုးလို့ 
ကဗျာ‌အမျိုးမျိုးနဲ့ဆို အပိုအလိုမရှိ
သူ့လိုအပ်‌ချက်‌‌ဘောင်‌ထဲမှ
ကျွန်မကိုလိမ္မာ‌အောင်‌ သွန်‌သင်‌ပြသူပေါ့

သူ‌ပေါ့ရှင်‌
မာနခြင်းတိုက်မိလို့ 
လျှာနဲ့သွားကိုက်မိခဲ့ရင်ဖြင့်
အခန့် မသင့်လို့ ဗွေဖောက်
တယောက်နဲ့ တယောက်စိတ်‌‌ကောက်‌ကြစတမ်းဆို
နံနက်‌ခင်း‌သောက်‌‌နေကျ‌ကော်‌ဖီ‌လေးထဲ
ယင်‌‌ကောင်‌ကျသေတဲ့အထိလွမ်းခဲ့ရင်တောင်
သူ...မတမ်းတတတ်ဘူးထင်ပါရဲ့ 
သူကဘယ်‌‌တော့မှစလို့မ‌ခေါ်
ကျွန်မမျှော်လို့ လွမ်းသလောက်
ကျွန်မ မျက်ရည်သာခြောက်သွားမယ်
သူပေါ့ရှင်...မာနတစ်‌ခွဲသားကိုဟန်လုပ်
အဟုတ်‌တစ်‌ကယ်‌လဲ နေတတ်‌သူ‌ပေါ့

သူ‌ပေါ့ရှင်‌
တစ်‌ခါတစ်‌‌လေ က‌လေးဆိုးအ‌တွေးနဲ့ ‌
ဘေးဆိုးအပိုစကားတွေသုံး
ချိုသာသမှုအပြုံးတွေရောလို့ 
သဝန်‌‌လေးလဲတိုတတ်‌‌သေးသတဲ့ရှင့်‌

သူ‌ပေါ့ရှင်‌
ကျွန်‌မရင်‌ခုန်‌သံစည်းချက်‌ကို
ပရမ်းပတာ‌ထိုးစွ
မရိုးမရွစကားလုံးတွေနဲ့ 
‌ဘေဘီ‌လေးလို့တိုးတိုး‌ခေါ်
အမျိုးမျိုးမျှော်တဲ့အလွမ်း
ကျွန်မတမ်းတခြင်းတွေ‌ ‌တောင်‌ပံတပ်‌လို့ 
သူရှိရာ အရပ်‌ကိုပျံသန်း
သူ့ ရင်‌ခွင်‌အခန်းမှာကွန်းခို ‌
ချစ်‌သမျှကို‌တေး‌လေး
ဆိုပြချင်‌‌သေးသတဲ့ရှင်‌

သူ‌ပေါ့ရှင်‌
သီ‌ကျူးသမျှ အနုအလှတွေ
အယုအယအစုံနဲ့ 
သမုဒယတပုံတပင်ဟာ
ကျွန်‌မအတွက်‌ရင်ခုန်ချင်စရာပေါ့
ကဗျာတစ်‌ပုဒ်‌ပြီးဆုံးလေတိုင်း
ပန်းတစ်‌ပွင့်‌အပြုံးဆက်‌သလို့ 
အနမ်းလွှလွှလေး‌တွေလဲ ‌
ခြွေပေးအုံးမတဲ့ရှင်‌

သူ‌ပေါ့ရှင်‌
ချစ်‌သူခြင်းမို့ အ‌ချော့ခံ
တစ်‌‌ကျော့ပြန်‌အသစ်‌ဖြစ်‌
နောက်‌တစ်‌ဖန်‌အချစ်‌ဖြစ်‌‌အောင်‌
တွန်းတိုက်‌တိုက်‌စကား‌လေးဆို
မထိတထိ...ကလိတာကို
ခန္တီပါရမီ‌ကောင်းလျှက်
တစ်‌ချက်‌က‌လေးမှကိုမတုန်‌လှုပ်‌ ‌
ကျောက်‌ရုပ်‌‌လေး‌လို‌နေလို
မသိခြင်‌‌ယောင်‌ကလဲ ‌ဆောင်‌တတ်‌‌သေးသတဲ့ ရှင့်‌

သူ‌ပေါ့ရှင်
စိတ်‌ကူး‌ပေါ်လို့ အ‌တွေးများ
‌ဘေးစကား‌တွေမယုံနဲ့
နင်‌ဟာငါ့ရဲ့ ‌ပျောက်‌ဆုံး‌နေတဲ့ တစ်‌ခြမ်း
လွမ်းဓါတ်ခံနဲ့ နှလုံးသားက
အမုန်းစကားဆိုတာ
စာလုံး‌ပေါင်းဖို့အ‌ရေး
အ‌တွေး‌လေးထဲ‌တောင်‌‌ဖြဖြလေးမ‌ပေါ်
ထာဝရလက်တွဲဖော်ဖြစ်လဲ
ရင်ထဲနစ်အောင်ပိုချစ်‌ရသူ‌လေးပါတဲ့ရှင်‌‌

သူ‌ပေါ့ရှင်‌
မိုင်တိုင်‌‌တွေစည်းခြား
အနီးအနားမရှိ‌‌ပေမယ့်‌
ချစ်‌တယ်‌ဆိုတဲ့စကား‌လေး‌တော့
ချစ်‌သူသဘာဝကြားချင်‌တာကို
မေးခွန်းထုတ်‌ သူ‌ဖြေပုံအဟုတ်က
ယုတ်စွအဆုံး
ကျွန်မနှလုံးသား..မသေယုံတမယ်ပါပဲရှင်

သူ‌ပေါ့ရှင်‌
‌လောကဒဏ်‌လှိုင်းကြမ်းရဲ့ 
အရိုင်းဆန်‌ဆန်‌ရိုက်ခတ်
ယိမ်းယိုင်‌မတတ်ဖြစ်နေတဲ့ကျွန်မအတွက်
အား‌ပေးစကားး‌ပြောပုံ‌လေးက
ချစ်‌သူ‌ရေ... ဖြစ်‌ပြီးပျက်‌တတ်‌သတဲ့‌
အသစ်မငြီးတတ်တဲ့စိတ်ထားနဲ့ 
အတိတ်‌ခါးခါးဆိုတာမေ့ထား
ရှေ့ သွားမယ့်ခရီးစဉ်တလျှောက်မှ
‌မောင့်‌လက်‌ကိုခိုင်‌ခိုင်‌တွဲ
ယုံကြည်‌ချက်မြဲတဲ့‌‌ခြေလှမ်းတွေနဲ့ 
ချစ်‌သူ မ‌မောပမ်းစေရ‌အောင်‌
လုံခြုံမှု‌တွေ အပြည့်‌‌ပေးတဲ့ ‌
မောင့်‌ရင်‌ခွင်‌‌လေး နွေးစေရမယ်တဲ့ရှင်

သူ‌ပေါ့ရှင်‌
မိန်းမဆိုတာ အူတိုမျိုး မို့
သဝန်‌တိုတတ်‌တာ
‌မေ့များ‌လေလျော့သလား
ကျွန်‌မကအပြစ်‌မဆို
အထာ‌လေးပိုလို့ မသိမသာသတိပေး
ရိုးတိုးရိပ်‌တိတ်လေး‌‌ပြောရင်‌ဖြင့်
သူ့သိက္ခာကို မယုံစုံလုံးကန်း‌အချစ်‌နဲ့
တစ်‌ချစ်‌တည်းချစ်‌မ‌နေနဲ့တဲ့
ငါ့လွတ်‌လပ်‌ခွင့်‌ကို ချုပ်‌ချယ်‌
ငါ့နုလုံးသားကိုအဓမ္မစီး
ငါ့စိတ်ကိုအနုကြမ်းစီးတဲ့သူမျိုးလို့လဲ
ကျွန်‌မကို ကင်ပွန်းတပ်အမည်‌‌ပေး
အချစ်‌ရူးမ‌လေးလို့လဲ ‌ခေါ်တတ်‌‌သေးတယ်ရှင်‌

သူ‌ပေါ့ရှင်‌
ကျွန်‌မစိတ်ကူးတွေကိုသိမ်းပိုက်‌
မိုးလင်းမိုးချုပ်တဲ့ အခိုက်‌မှာ
သူ့အ‌ကြောင်း‌တွေကိုတောင်တွေးမြောက်တွေး
ကျွန်‌မဇိမ်‌က‌လေးနဲ့မနေတတ်ခဲ့
ကျွန်မအလွန်‌ကြိုက်‌တဲ့ Shooping ဆိုတာကိုစွန့်‌
ကျွန်မစိတ်တွေစိုးရွံ့ တာကတော့
ကျွန်မများစကားမ‌ပြောရင်‌
သူများပျင်းနေမလား
သူများသတိရ‌နေမလား
သူများအဖော်မဲ့နေမလား
သူများစိတ်ညစ်နေမလား
သူများတမ်းတနေမလား
မှန်းဆကာ...သူ့ အတွက်ကိုဦးစားပေး
သူ့ အရေးသာရှေ့ တန်းတင်
မမေ့တမ်းကြင်နာခဲ့သူပါရှင်

အို........ကြည့်ပါအုံးရှင်
အဲဒီ သူဆိုတဲ့ကိုယ်တော်
သတိရဖော်မပြောနဲ့ 
ကျွန်မဖုန်းကိုသူမို့ မကိုင်
မိုင်တိုင်အလွန်ဝေးတဲ့သူ့ အပိုင်ဖုန်း
ခေါင်းအုံးအောက်မှာမေ့နေခဲ့သတဲ့ရှင်
ကျွန်မဂျီကျမယ်ဆိုတဲ့ အတွေးတွေ
အကုန်စင်အောင်ထွက်ပြေးလို့ 
မဲ့ပြုံးလေးပြုံးလို့ 
ကျွန်မနှလုံးသားကခွင့်လွှတ်ခဲ့ရပေါင်းများနေပြီရှင်

သူပေါ့ရှင်
သံယောဇဉ်နွယ်မျှင်နဲ့ ကြိုးကျစ်
အချစ်စစ်တွေနှောင်ထုံး
လှောင်ပြုံးနဲ့ အမုန်းတွေကိုကာကွယ်
သစ္စာတံတိုင်းထူထူလေးခြံရံလို့ 
အပြန်အလှန်အနုအရွစကားတွေသုံ
သက်ဆုံးတိုင်မပစ်ဘူးလို့ ရည်မှန်း
ဒီသက်တမ်းမှာတော့
တသက်တခါ
တခါမှာတချစ်
တမာအနှစ်တွေတောင်ချို
မညာပစ်ရက်စတမ်းဆိုလို့ 
ကျွန်မကိုချစ်၍
ကျွန်မ၏ချစ်သော
ကျွန်မရဲ့ ချစ်သူ
သူပေါ့ရှင်

* _* ယွန်းငယ် * _ *

>>>ယွန်းငယ်ငယ်<<< Facebook Wall

1 comment:

စံပယ်ချို said...

ဖတ်နေတာလေ မသိပါဘူး မိုးသူချစ်သူကမိုးသူကိုအဲလိုလေးတွေပြောတယ်ထင်နေတာ------

Post a Comment