ခါးသက်သက်



ခါးသက်သက်.....
~~~~~~~~~~~~~~~
အမှန်တ၇ားကို သစ္စာတိုင်တည်
ရင်ဖွင့်လိုက်ချင်သည်ကွယ်....

အဖြူေ၇ာင်ကိုမြတ်နိုးနှစ်ခြိုက်လို့
ဘဝကိုလဲဖြူစင်၇ိုးစင်းစွာ
နေထိုင်ချင်သူပါ......

အတ္တနဲ့မာနတွေသွေးထိုး
အရောင်တွေဆိုးလာတော့
မခံနိုင်ဖြစ် စွန်းညစ်ခဲ့ပြီ......

သူတော်ကောင်းဖြစ်ချင်ပေမယ့်
ဝမ်းနည်းစွာဘဲ လွဲချော်ခဲ့....

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာ
လက်ခံပါတယ် ဒါပေမယ့်လဲ တခါတလေတော့လွဲ
ချိတ်ချိတ်ချင်းမှချိတ်တာဆိုပေမယ့်
ဖြောင့်တန်းနေတဲ့အရာနဲ့လဲ
ချိတ်မိတတ်ကြတာဘဲ...

ကြုံတွေ့ရပေါင်းများပြီကွာ
နောက်ဆုံးချိန်ထိယုံကြည်မိတယ်ကျောချမှ
ဓါးမြမှန်းသိ နောက်ကျပါဘိနော်....



ဖြူစင်သန့်၇ှင်းတဲ့စတိုင်နဲ့
အမူအရာကတော့ စူပါတွေတောင်၇ူံး
လက်၇ှိသ၇ုပ်ဆောင်တွေ ထမင်းငတ်သေမဲ့လုပ်၇ပ်
တော်တော်လုပ်တတ်ကြတယ်
တကယ်ကိုလက်ဖျားခါ သြချတယ်ကွာ.....

မင်းသားခေါင်းစွပ်တဲ့ ဘီလူးဒါဘဲငါကြားဖူးတယ်
မင်းသမီးခေါင်းဆောင်းတဲ့ ဘီလူးမ ခုငါတွေ့နေ၇တယ်......

ဘယ်လိုအကြောင်းတွေကြောင့်
(ကျမအပါအဝင်)
အတ္တနွံတွင်းခုန်ခုန်ဆင်းပြီး
လူပ်လေမြုတ်လေ ဆုတ်လဲစူးစားလဲရူး
ပိုးဖလံမျိုးမီိးကိုတိုး..အဲဒီအဖြစ်ထက်ဆိုး.....

ဒီလိုဘဝကြီးကို မကြိုက်ပါဘူးဆို
ကြိုးစားဖြူစင်အောင်နေထိုင်လဲ
မပြည့်ဝတဲ့ကျမ ခဏခဏပြိုလဲကျ
အားယူပြီး ရင်ဆိုင်နေ၇တာလဲ
အခါပေါင်းမနဲ မရေတွက်နိုင်အောင်ဘဲ.....

လောကကြီးကပေးတဲ့သင်ခဏ်းစာ
ကိုယ်ကကြူး ကိုယ့်ဒူးတောင်မယုံတော့ပါ....။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~Nlt.

>>>မမနီလာထွန်း<<<< Facebook Wall

No comments:

Post a Comment