အတွေးနံရံများပေါ်က အလွမ်း


လမင်းကြီးကိုမော့ကြည့်ရင်း
နင့်ကို တစိမ့်စိမ့်သတိရတယ်
အပြာရောင်တွေသုတ်လိမ်းထားတဲ့ည
ငါတို့ ဘယ်တော့မှ ပိုင်ရမလဲကွယ်
တကွေ့ မှလက်တွေ့ မဆန်တဲ့စိတ်ကူး
တခါတလေရူးနေသလားတောင်ထင်ရတယ် ။

ချစ်တယ်ကွယ် ....
အပြစ်တွေဖယ်ကာကြည့်
နင်သိ.... ငါသိ
နင့်ရင်ထဲ ကိုထိမဲ့ မြှား
ငါ...အခုလေးတင်ခွင်းလိုက်တယ်
အတင်းလိုက်နွယ်နေတဲ့ ငါ့မာန
ငါ့ကိုငါ ပဲ ချွတ်ချလိုက်တယ် ။

ပင်ကိုယ်လှနေတဲ့ နင့်အလှ
တခါတလေ...အပန်းရောင်တွေထအောင်
ငါ......ကြံဆောင်တယ် ...
နင်...မာန်ထောင်ဖို့ ကိုအချိန်မပေးရဲခဲ့ ဘူး
ငါ....အသဲစူးမှာစိုးလို့ ပါ
ကွဲဖူးတဲ့ ဒဏ်ရာဟောင်း
ပြန်ပြောင်းလဲမပြောချင်ပါဘု
ငါ့ကိုငါပဲ သိတယ်ကွယ် ။

လွမ်းနေတယ်ကွဲ့ 
နင် ..အပမ်းဖြေဖို့ ဒီကဗျာကိုစာစီကုံး
နာရီတလုံးရဲ့ လက်တံလို
အဆက်မပြတ်လှုပ်ရှားနေတဲ့ အတွေးနဲ့ 
ခပ်ငေးငေးလေးသာလွမ်းနေချင်ပါရဲ့ 

မိုးသူ(တောင်ကြီး)
23 June 2012/SAT
07:35/PM

6 comments:

ချစ်စံအိမ် said...

ကဗျာဆရာတွေများ ရေးတတ်ပါပေတယ်..
အားကျတယ်ကွယ်..

3rdthameetaw said...

အချစ်ဆိပ်တက်နေသူပါကလားကွယ် ရို့ ..

လွင်ပြင်လှိုင်းငယ် said...

လွမ်းနေတယ်ကွဲ့ 
နင် ..အပမ်းဖြေဖို့ ဒီကဗျာကိုစာစီကုံး
နာရီတလုံးရဲ့ လက်တံလို
အဆက်မပြတ်လှုပ်ရှားနေတဲ့ အတွေးနဲ့ 
ခပ်ငေးငေးလေးသာလွမ်းနေချင်ပါ
မိုက်တယ်ဟ

စံပယ်ချို said...

ချစ်တယ်ကွယ် ....
အပြစ်တွေဖယ်ကာကြည့်
နင်သိ.... ငါသိ
နင့်ရင်ထဲ ကိုထိမဲ့ မြှား
ငါ...အခုလေးတင်ခွင်းလိုက်တယ်----
ဒီတခါတော့ အချစ်ကဗျာလေးနော်
ဘာရေးရေး မိုးသူက အရေးကောင်းပါတယ်
နာမည်ရ ကဗျာဆရာတွေထက်တစ်ချို့ကဗျာတွေသာတယ်

အလွမ်းမြို့ said...

လွမ်းနေတယ်ကွဲ့ 
နင် ..အပမ်းဖြေဖို့ ဒီကဗျာကိုစာစီကုံး
နာရီတလုံးရဲ့ လက်တံလို
အဆက်မပြတ်လှုပ်ရှားနေတဲ့ အတွေးနဲ့ 
ခပ်ငေးငေးလေးသာလွမ်းနေချင်ပါရဲ့ 


မိုးသူရေ... လာရောက်အားပေးသွားတယ်။
ကြိုက်တယ်ဗျို့..လက်ခုပ်တီး အားပေးခဲ့တယ်..ဖြောင်း..ဖြောင်း..ဖြောင်း


ခင်မင်တဲ့
အလွမ်း

Phyu Lwin said...

ကောင်းလှချည်လား.စကားလုံးတွေ ဖွဲ့ထားတာကြိုက်တယ်

Post a Comment