ကဗျာဆရာရဲ့ ကိုယ်ပိုင်ကဗျာ
ကဗျာတွေကိုဖန်ဆင်းတာကဗျာဆရာ
ကဗျာတွေပေါ်မှာသစ္စာရှိတာကဗျာဆရာ
ကဗျာတွေအတွက်ရှင်သန်တာကဗျာဆရာ
ကဗျာတွေအတွက်လုံ့ လပြုတာကဗျာဆရာ
ကဗျာတွေအပေါ်မှာအမြတ်မထုတ်တာကဗျာဆရာ
ကဗျာဆရာကိုဖျက်စီးနေတာကတော့ ပေါ်လစီ ပေါ့ဗျာ
အခုလောလောဆယ်.....
ယုန်တောင်ပြေးခွေးမြောက်လိုက်ဖြစ်နေလေရဲ့ 
ရခိုင်တိုင်းဒေသကြီးဖက်ကို အာရုံစိုက်ရမလိုလို
ကချင်ပြည်နယ်အရေးကို အာရုံစိုက်ရတော့မလိုလို
အန်တီစု ငြိမ်းချမ်းရေးနိုဘယ်လ်ဆု
သွားယူတာပဲ အာရုံစိုက်ရတော့မလိုလို
ဘဘကြီး ဦးသိန်စိန်ရဲ့ နိုင်ငံတော်
ပြုပြင်ပြောင်းလဲရေးဖက်ကိုပဲအာရုံစိုက်ရတော့ မလိုလို
နောက်ဆုံးမှာတော့ ........
အိပ်ငိုက်နေတဲ့စိတ်နဲ့ ဆန်အိုးထဲ ငုံ့ ကြည့်တာ
ဒီနေ့ ဝမ်းစာအတွက် ဆန်အိုးထဲက ဆန်ကိုချိန်တွယ်
ခပ်လွယ်လွယ်ပစ်ချလိုက်တဲ့ သက်ပြင်းသံရှည်ရှည်နဲ့ 
ဆန်နို့ ဆီဗူးတလုံးတောင်မပြည့်...ထမင်းချက်ဖို့ မလောက်ငှလို့ 
ခပ်ဖွဖွလေးတောက်ခေါက် စကောလောက်ဇောက်မနက်တဲ့အတွေးနဲ့ 
လမ်းဘေးတခါပြင်ကိုဒုန်းပြေး မနှေးလွန်းတဲ့ ခြေလှမ်းတွေက
ဗိုက်ထဲ က တကြုပ်ကြုပ်နဲ့ မြည်သံစွဲအလင်္ကာအတွက်
ကျန်တာတွေအာရုံထဲကစစ်ထုတ်အပြစ်တော့ လာမပုတ်ချနဲ့ 
ထုတ်ပြမယ်ငါ့ဒုက္ခ ယုတ္တိဗေဒတွေနဲ့ ငါ့ကဗျာစစ်စစ် ။
မိုးသူ(တောင်ကြီး)
21June 2012/Thursday
03:30/PM
။    ။ အရိုးသားဆုံးဝန်ခံချက် ။   ။
အာရုံပြု၍ 
စာနာမှုဝိဥာဉ်တွေနှင့်ခန္ဓာကိုယ်အတွင်း
သရဲသဘက်များပူးကပ်သကဲ့သို့ 
ရေးဖွဲ့ ထားကြောင်းဝန်ခံပါသည် ။
3 comments:
3rdthameetaw said...
ထောက်ပြချက်ပြည့်စုံတယ် ကိုမိုးသူ..
ကိုယ့်ဝမ်းကိုတော့ကိုပဲဖြည့်ရမှာလေ..
အားလုံးငြိမ်းချမ်းပျော်ရွှ့င်ကြရင်တော့
အကောင်းဆုံးပေါ့
စံပယ်ချို said...
ကိုယ့်နှလုံးသားက ထွက်လာတဲ့ကဗျာတွေကိုလဲ
အာရုံစိုက်ပါဦးနော်
လွင်ပြင်လှိုင်းငယ် said...
တကယ့်ကို ကောင်းတဲ့ကဗျာ
Post a Comment