အလွမ်းခါး


မတွေ့ မိပါဘူး
နေ့ ရှိသရွေ့ 
အလွမ်းတွေပျိုးထောင်
... မိုးခေါင်လှတဲ့ နင့်ရဲ့ အပြုံး
အရှုံးတွေပေးရင်းနဲ့ 
အဆုံးထိပဲတွေးလိုက်ပါရဲ့ 
ဝဋ်ကြွေးများကျန်ရင်
ပြန်မပြင်ပဲချစ်ပြမယ်
လှစ်ဟမယ့်စကား
နားကြားမလွဲပါရစေနဲ့ 
ထားသွားမယ့်စကား
နားခါးပါရစေ...

အားယားနေတဲ့ စိတ်
ကြိတ်မှိတ်လို့ စိုးထိတ်
ရိုးတိုးရိတ်တိတ်တောင်
အရာမထင်
ညာချင်ရာညာပါစေ
အခါခါသေခဲ့တဲ့ဘဝ
မလှမပနဲ့ ဆေးချယ်
အတွေးလွယ်တဲ့ဦးနှောက်
အခါခါလဲအမောဖောက်တယ်
ပြောလောက်စရာလဲသိပ်မရှိ
ကလိသလိုရိသလိုနဲ့ 
သိသိမသိသိလွမ်းမိတယ်

မိုးသူ(တောင်ကြီး)
20March2012/TUE
05:56/PM

No comments:

Post a Comment