ဒို့ နိုင်ငံ


အရိုင်းစကားမပြောစမ်းနဲ့ 
တိုင်းတပါးမှာ
မင်းရှင်ဘုရင်မဖြစ်နိုင်ဘူး
ခိုင်းစားဖို့ အခပေး
ညကျေးတောင်နပ်မှန်ရဲ့ လား
ဘ၀ပေးတဲ့ကုသိုလ်ကံက
တခုခုသာလိုနေပြန်တယ်
နဂိုကတည်းကအနေမှန်
သေရွာပြန်တို့ ကိုလက်ကမ်းတယ်ကွဲ့ 

ကဲ...သူငယ်ချင်း...ရေ
စိတ်လျော့ သိပ်မော့မနေနဲ့ 
ဒို့ နိုင်ငံဒီမိုကရေစီရပြီတဲ့လေ
ဘ၀တွေညီညာစွာနဲ့ 
ထလော့. နိုးထကြလော့
ရိုးဝမှာပလိုင်းပေါက်နဲ့ 
ဖားကောက်တဲ့ အကြောင်း
အဟောင်းပဲလို့ မှတ်လိုက်
အကောင်းတွေဓါတ်လိုက်တဲ့ ခေတ်
မနှစ်ကတည်းကလွတ်ချလိုက်ပြီ

စနစ်သစ်နဲ့ ခေတ်သစ်မှာ
ဖက်စစ်ဝါဒတွေအခွံခွါ
ရွံရှာစရာကောင်းတဲ့ အတိတ်ဆိုးနဲ့ 
အရိပ်မိုးထားတာတွေကိုတွန်းလှန်
မဟုတ်ရင်မခံတတ်တဲ့ မြန်မာ့ဓလေ့
ဒီတကွေ့ တော့တွေ့ ကြပြီ
မေ့မရသည့်အာဇာနည်တို့ 
ပြန်လာပြီအတောင်စုံဖြန့် ကျက်
ဆန့် ထွက်ကာရွက်ကုန်လွင့်
တက်စုံနှင့်အားမာန်ဝင့်ကြောင်း
ခွပ်ဒေါင်းအလံသက်သေတည်.....

ကဲ...သူငယ်ချင်း...ရေ
အမြန်ဆုံးနည်းနဲ့ 
သံပုံးတီးကာပြန်လာခဲ့ တော့
အခံမုန်းတီးတာတွေမေ့ထား
ရှေ့ နားကပန်းတိုင်
လှမ်းကိုင်လို့ ရလုပြီကွဲ့ 
ဒို့ နိုင်ငံ ဒို့ ပြည်ရွာမှာ
ပေါလှတဲ့ သယံဇာတ
သုံးမကုန်အောင်ကြွယ်ဝလှတယ်
တကယ်မျှတတဲ့ဥတုရာသီနဲ့ 
စာပန်းချီချယ်မှုန်း
ပြောလို့ တောင်ဆုံးမှာမဟုတ်ဘူးကွဲ့ .....

(တိုင်းတပါးရောက်သူငယ်ချင်းများဆီသို့ ......)

မိုးသူ(တောင်ကြီး)
21 March 2012/WED
03:12/PM

3 comments:

ချစ်စံအိမ် said...

မာန်အပြည့်နဲ့ကဗျာလေးပါလား
အားပေးခဲ့ပါတယ်..

စံပယ်ချို said...

ကဗျာလေးကအရမ်းကိုကောင်းတယ်မိုးသူရေ

ဖြိုးဇာနည် said...

မသိစိတ်ထဲကနေ ကြက်သီးတောင်ထမိတယ်။

ကဗျာလေး အရမ်း မာန်ပါလွန်းပါရဲ့

Post a Comment