ရိတ်သိမ်းဖို့ နောက်ကျခဲ့ သော..အလွမ်းများ


ထိန်းချုပ်မှုမရှိတဲ့အဇ္ဈတ္တတို့ နဲ့တူ

အလင်းပျက်ရင်ခုန်သံတို့ 

ဒွန်တွဲ လွန်ဆွဲရင်းကခုန်နေကျတယ်

ပေါက်ကွဲထိရှလွယ်တဲ့ဦးတည်ချက်တချို့ ဟာ

နင့်ရဲ့ ခါးသက်သက်ဥပေက္ခာပြုမှုတွေကြောင့်

ဒဏ်ရာခပ်ပြင်းပြင်းနဲ့ တွန့် ဆုတ်ဆုတ်ဖြစ်ခဲ့ရသေးတယ်


အဲဒီညနေက...

သွေးတွေစုသွားတဲ့ အထိနင့်ရဲ့ ဘယ်ဖက်လက်တဖက်ကို

ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်နော်

နင်လဲ တုန်ရီလို့ ငါ့ရင်ဘတ်ကြီးလဲ မောဟိုက်နေတယ်

ဟန်မဆောင်နိုင်အောင် နင့်မျက်ဝန်းတွေနီရဲနေတယ်

ကောင်းကင်ကြီးလဲငိုတယ်

ငါ့ရင်ထဲမှာလဲမိုးတွေသဲနေတယ်ကွယ်

ငါတို့ နှစ်ယောက်ကြားမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ 

မာရ်နတ်တကောင်ဝင်မွှေသွားခဲ့လေသားလို့ ပေါ့

အနောက်ဂေါယာမှာနေ၀င်တော့

နင့်စိတ်ထဲမှာငါ့ကိုထားခဲ့ ဖို့ စာစီခဲ့ပြီးပြီထင်ပါရဲ့ 

လျှက်တပြက်ဖြုတ်ချခဲ့တဲ့ လက်တဖက်

ဟာတာတာဖြစ်ယုံကလွဲပြီးမငြင်းခဲ့ နိုင်ဘူးလေ

နင်ဘာလို့ ငိုနေခဲ့ ရတာလဲဆိုတဲ့အဖြေငါမကြားချင်ဘူး

အဲဒီတုန်းကငါ့စိတ်ကူးတွေညီစို့ စို့ နဲ့ 

ငါ့ကိုယ်ငါတောင်မသတီခဲ့ဘူးလေ

ပွင့်ချပ်နှစ်ခုနဲ့ တူတဲ့ နှုတ်ခမ်းလွှာလေး နှစ်ခု

အခုထိအောင်မမေ့နိုင်သေးဘူးကွယ်

အကန့်သတ်မဲ့ အနမ်းတွေနဲ့ ငါရောအိပ်မပျော်နိုင်ခဲ့ပါဘူး

ငါတို့ နှစ်ယောက်ရဲ့ သစ္စာနဲ့ သံယောဇဉ်တွေဟာ

စင်္ကြာဝဠာကြီးရဲ့ အနားသတ်မျဉ်းတခုနဲ့ 

တင်းတင်းကြပ်ကြပ်ဘောင်ခပ်ထားခဲ့ လို့ လား

လွတ်လပ်မြောက်ချင်ပါရဲ့ ချစ်သူရေ....

အတွင်းရောအပြင်ပါဖောက်ထွင်းမြင်နိုင်တဲ့ 

အချစ်တွေကိုငါတို့ နှစ်ဦးညီတူမျှတူပိုင်ဆိုင်ဖူးချင်ပါရဲ့ 

တခဏတာမျှမက်ခွင့်ရခဲ့ တဲ့ အိမ်မက်လို

အရာရာဟာ ၀ိုးတိုးဝါးတားနဲ့ ဖြစ်နေခဲ့ ရပါတယ်

ပြုစားရက်တယ်လို့ မစွတ်စွဲချင်ဘူးဟာ

အခုထားခဲ့မယ်ဆိုရင်တောင်အပြစ်မဖွဲ့ ပါဘူး

ပြန်ပြီးအသစ်ပြင်လို့ မရတဲ့ အတိတ်ကို

ကြိတ်မှိတ်ပြီးသာမျိုချခဲ့ ရပါတယ်

ပစ္စုပန်မှာဖြစ်ပေါ်နေခဲ့တဲ့ အနာဟောင်းကိုတူးစွ

မထူးတော့တဲ့ ဘ၀မှာ ကောင်းမွန်တဲ့ 

အနာဂတ်တွေလဲမရှိချင်တော့ပါဘူး

ရက်စက်စွာပဲပစ်ထားခဲ့ပါတော့

အသက်မဲ့ရုပ်ကြွင်းတောင်မကျန်ခဲ့ ပါရစေနဲ့ 

ရူတည်တည်နဲ့ ဝိုင်းပြီးစိုက်ကြည့်တတ်ကျတဲ့

ကဲ့ရဲ့ မှုဒဏ်တွေမခံနိုင်တော့ဘူး

ပျက်သွားတဲ့ အိမ်မက်အခါးတွေထဲမှာ

သကာရည်တစက်(သို့ )ပျားရည်တစက်ဟာ

ငါ့အတွက်မျှော်လင့်ခြင်းတခုလေးဖြစ်ပါရစေ

မြင်လေရာတိုင်းဟာအစိမ်းရောင်သန်းနေတယ်

မတိမ်းရှေုာင်စတမ်းပြောရရင်

အလွမ်းဆိုတဲ့ အရောင်မဲ့ သံဇဉ်တွေနဲ့ 

နေ့ တိုင်းလိုလိုစီးမျောနေရလို့ ပါကွဲ့ 

မိုးသူ(တောင်ကြီး)
19 March 2012/Monday
3:03/PM

No comments:

Post a Comment