ကောင်းကင်ငိုတဲ့ ...နွေ .....


ချစ်သူရေ....
အချစ်အကြောင်းလေးပြောပေးပါ
အသစ်အဟောင်းတွေလဲတဲ့ အခါ
အပယ်ရွာပင်လားစေတော့
တကယ်မရှာချင်ပါတပါးမေကျော့ကို
စိတ်ထဲမှာခပ်ငေါ့ငေါ့နဲ့ ပြောထည့်လိုက်တယ် ......

ချစ်သူရေ....
တလောကလုံးလဲ တုံ့ စိုင်းနေတယ်
အုံ့ မှိုင်းတဲ့စိတ်တွေနဲ့ 
မယုတ်မရိုင်းပဲကြည်နူးချင်ပါရဲ့ 
ချစ်ရည်လူးတဲ့ အဲဒီနေ့ 
ဒီတသက် မမေ့တော့ဘူးကွယ်



ချစ်သူရေ....
ငါ့ရဲ့ ကောင်းကင်ကြီး မှေးမှိန်နေတယ်ကွဲ့ 
သေးသိမ်တဲ့ အတွင်းစိတ်က
နင့်ကိုတချက်လေးမှ စိတ်မချ
ညစဉ်တိုင်းအိပ်မရနိုင်ဘူးကွယ် ...

ချစ်သူရေ...
အဲဒီနေ့ လေးကို မုန်းတယ်ကွယ်
တချိန်ထဲမှာပဲ...
အဲဒီနေ့ လေးကိုမြတ်နိုးမိပြန်ရော
အဲဒီနေ့ က တိမ်တွေပြိုတယ်နော်
တပြိုင်နက်ထဲပဲ
အဲဒီနေ့  ငါ့ရင်ဘတ်ထဲမှာငိုနေခဲ့၇တယ်ကွယ်

ချစ်သူရေ....
ငါတို့ နှစ်ဦးစလုံးစွံအခဲ့တယ်နော်
ဖွင့်ဟမဲ့ နင့်ရဲ နှုတ်ခမ်း
တမ်းတမ်းတတငေးကြည့်ခဲ့ တယ်
အဲဒီညက...
ငါ့နှလုံးသွေးတွေနဲ့ လည်ပတ်နေတဲ့ 
နင့်ရဲ့ မျက်ရည်အစအနတွေ
ငါ့ကိုပြောင်လှောင်နေခဲ့ သလားကွဲ့ 
မသိချင်ယောင်ဆောင်လို့ လဲမရခဲ့ပါဘူးကွယ်

ချစ်သူရေ....
အင်းယားကန်ဘောင်ကိုမုန်းတယ်
ပြည်လမ်းမကြီးကိုလဲ မုန်းတယ်
ဘတ်စ်ကားမှတ်တိုင်ကိုလဲမုန်းတယ်
လက်တွဲဖြုတ်ခဲ့ရတဲ့ လက်နှစ်ဖက်ကြားက
အကွာအဝေးကိုလဲ မုန်းတယ်
နင့်ရဲ့ ညာဖက်ပါးပြင်လေးကိုလဲ မုန်းတယ်
ပြီးတော့ နင့်ကိုမုန်းတဲ့ ငါ့ကိုငါလဲ မုန်းတယ်.....


မိုးသူ(တောင်ကြီး)
17March2012/Sat
05:51/PM
ရန်ကုန်ခရီးစဉ်အမှတ်တယ
(သို့ )
နွေခေါင်ခေါင်မိုးရွာတဲ့ နေ့ 
(သို့ )
11 March 2012

3 comments:

လွင်ပြင်လှိုင်းငယ် said...

ချစ်သူရေ....
ငါတို့ နှစ်ဦးစလုံးစွံအခဲ့တယ်နော်
ဖွင့်ဟမဲ့ နင့်ရဲ နှုတ်ခမ်း
တမ်းတမ်းတတငေးကြည့်ခဲ့ တယ်
အဲဒီညက...
ငါ့နှလုံးသွေးတွေနဲ့ လည်ပတ်နေတဲ့ 
နင့်ရဲ့ မျက်ရည်အစအနတွေ
ငါ့ကိုပြောင်လှောင်နေခဲ့ သလားကွဲ့ 
မသိချင်ယောင်ဆောင်လို့ လဲမရခဲ့ပါဘူးကွယ်

ကဗျာလေးအရမ်းကောင်းတယ်ဗျာ

ချစ်စံအိမ် said...

ဘယ်နဲ့ နောက်ဆုံးမှမုန်းရတာတုန်း
ကဗျာလေးခံစားသွားပါတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လွမ်းဆွတ်ခြင်းတွေကို အမုန်းတွေအဖြစ် မပြောင်းလိုက်ပါနဲ့ ကဗျာရှင်။

ခင်မင်စွာဖြင့်
မြတ်

Post a Comment