မြစ်နှစ်စင်းကြောင့်တတိယမြောက်မြစ်တစင်းဖြစ်ပေါ်လာရခြင်း



အဲဒီနေ့ ရဲ့ နံနက်ခင်းလေးပဲပေါ့
မျက်စိနှစ်လုံးဖွင့်တာနဲ့ 
နားစွင့်စရာမလို
ငိုမလိုလို မျက်နှာဘေးနဲ့ 
ပထမမြစ်တစင်း..
ကျုပ်ကိုတွေတွေလေးစိုက်ကြည့်တယ်
အငိုက်မိသွားလို့ ထင်ပါရဲ့ 
အပြင်မှာနှင်းမကျပါဘူး
နေပြင်းပြင်းတောင်ပူနေပါသေးတယ်



ဒုတိယမြစ်တစင်းအတွက်
ကျုပ်...ဇွတ်ငြင်းလိုက်တယ်
ရင်းနှီးထားရတဲ့ နှလုံးသားကလဲ
မကြားတကြားလေးတုန်ရီလို့ ပေါ့
ဆုံညီတဲ့ နေရာလဲ ရောက်ရော
ကသောကမျောနဲ့ ရင်ဘတ်ထဲ ဒိုင်းခနဲ
ကိုယ့်ကိုကိုယ်သာနိုင်းဆဲလိုက်ချင်ပါရဲ့
ရိုင်းရဲတဲ့ ရာဇ၀ငသစ်တွင်သမို့ 
ညာတယ်ပဲ ထင်ရင်ထင်ပါစေတော့

ဘ၀င်ဟာတုန်ခါ ပုံမလာတဲ့ 
ကျုပ်အပြုမူ ..နူရာဝဲစွဲ
လဲကျရာသူခိုးထောင်း
မရိုးဟောင်းတဲ့ စင်္ကြာဝဠာကြီးသာ
တွန့် ခေါက်ကျေမွသွားတယ်
မြေခတဲ့ ခရေမှပိုမွှေးသတဲ့ ဆို
အသေလှတဲ့ မြစ်နှစ်စင်းဆုံတော့
ဝဲဂက်ယက်လှိုင်းထ
ပိုင်းမရတဲ့ ဆုံးဖြတ်ချက်
နှလုံးရပ်သည်ထက်ဆိုးလို့ 
တတိယမြစ်တစင်းဖက်ခြေဦးလှည့်မိပြန်တယ်...

နွေလည်ခေါင်ခေါင်ကြီးမိုးရွာလို့ 
အသဲတစုံကိုအေးစေတယ်တဲ့ 
နှေးနေတဲ့ နှလုံးခုန်သံ
တတိယမြောက်မြစ်တစင်းအတွက်ပေါ့
အပြစ်ကင်းမဲ့ ခဲ့ တဲ့  မျက်နှာနုနုလေးကို
အခုထိတမ်းတမ်းတတ စွဲလမ်းရတယ်လေ
မခွဲတမ်းလဲချစ်မိချင်ရဲ့ 
အပြစ်ရှိရင်လဲကြေပါစေ
မင်းအတွက်ဆိုရင်လေ
ကျုပ်...ရဲ့ နှလုံးသွေး
မင်းရဲ့ မြစ်ရေပြင်ထဲစီးဆင်းပါရစေ....


မိုးသူ(တောင်ကြီး)
15 March 2012/Thursday
01:58 Pm

မြစ်သုံးစင်းအားအနားကွပ်ခြင်း(သို့ )
ရန်ကုန်ခရီးစဉ်အမှတ်တရ

4 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းပါတယ်

အလွမ်းမြို့ said...

မိုးသူရေ မကြီးလွမ်း ကဗျာလေး ပြန်လာခံစားသွားတယ်။
ဘယ်လိုတွေများ ရေးပါလိမ့်။ ဒို့များတော့ ကွယ် ....... အဟဲ....

ပျော်ရွှင်ပါစေ




ခင်တဲ့
မကြီးလွမ်း

စံပယ်ချို said...

ဘ၀င်ဟာတုန်ခါ ပုံမလာတဲ့ 
ကျုပ်အပြုမူ ..နူရာဝဲစွဲ
လဲကျရာသူခိုးထောင်း
မရိုးဟောင်းတဲ့ စင်္ကြာဝဠာကြီးသာ
တွန့် ခေါက်ကျေမွသွားတယ်
မြေခတဲ့ ခရေမှပိုမွှေးသတဲ့ ဆို
အသေလှတဲ့ မြစ်နှစ်စင်းဆုံတော့
ဝဲဂက်ယက်လှိုင်းထ
ပိုင်းမရတဲ့ ဆုံးဖြတ်ချက်
နှလုံးရပ်သည်ထက်ဆိုးလို့ 
တတိယမြစ်တစင်းဖက်ခြေဦးလှည့်မိပြန်တယ်...

ဒီအပိုဒ်လေးက စာသားတွေကိုအရမ်းကြိုက်မိတယ်
ခင်မင်တဲ့ sis jasmine

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်

Post a Comment