အလွမ်း .... ဒိုင်မန်းရှင်းများ


အလွမ်းတွေမပေးခဲ့ ပါနဲ့ 
စမ်းရေအေးသကဲ့သို့ 
ပန်းတွေပွင့်မဲ့ တေး
ငါဆိုငြီးခဲ့ပါရစေ
ပိုပြီးကွယ် မပြောပါဘု
ရောဂါကလဲအသဲအသန်
အမြဲ........
 အပြန်အလှန်ပြောတတ်တဲ့ စကား
မေ့သွားခဲ့ လေ သလားလို့ ပေါ့

စိတ်အသွင်မဲ့နေတယ်
အရိပ်ထင်ရာလေကြောင်းပြောင်း
ပေစောင်းစောင်းနဲ့ အသဲ
ကြံကြီးစည်ရာကွဲအုံးမှာလား
အမြဲသုံးတဲ့ စကား
ဒီတခါ .......
နားကြားမလွဲခဲ့ ဘူးနော်
အားယားနေတဲ့အလွမ်းနဲ့ 
ငါမျက်ရည်မခမ်းသမျှတော့
တမ်းတအုံးမယ်.....

ညလေးရေ......လို့ 
စိတ်ထဲကအသံတိတ်ခေါ်လိုက်မိရဲ့ 
နှလုံးသားထဲက ပျော်တွေနှိုက်ထုပ်
တော်သေးတယ်...
 ရိုက်မထုပ်တာကံကောင်း
ကမ်းပါးယံစောင်းနဲ့ 
စောင့်မိတဲ့ ရေအမြုတ်....
လှိုင်းအပုတ်ကောင်းလို့ 
အသွင်တွေလဲပြောင်းသွားသလို
အမြင်တွေစောင်းသွားရင်လဲ ကံပေါ့
ပြန်မမော့နိုင်တော့တဲ့ အာရုံ
ငါ့ဈာပနပွဲမှာ
လာစုံကြတော့မယ်ထင်ပါရဲ့ 

မိုးသူ(တောင်ကြီး)
10 january 2012/Tuesday
03:27/PM

No comments:

Post a Comment