မပီသခဲ့တဲ့ ညီမျှခြေများ....


ညဟာ...၀တ်စုံအပြည့်နဲ့ 
ငါ့ကိုခပ်ထေ့ထေ့စိုက်ကြည့်တယ်
အလိုက်မသိတဲ့ မာနကိုခင်း
မာကြူရီမီးတွေလင်းပြလိုက်တာပေါ့
နောက်ကြောမှာတော့
ဝတ်လစ်စလစ်ဖြစ်နေခဲ့တာ
သူ.......မသိခဲ့ရှာဘူး .....

ကဲ .......ခဏတော့သက်ပြင်းချမယ်
ငါ့ကို ချက်ချင်းကြီး မခုတ်မောင်းစမ်းပါနဲ့ 
ရုပ်ပြောင်းရုပ်လွဲအတတ်
အဲဒီနေ့ က ဖိနပ်ပြတ်လို့ မသင်ယူမိဘူး
လင်ပူမိနေတဲ့ ရုပ်နဲ့  မမြူဆွယ်နဲ့ 
လူကွယ်တိုင်း ပုဆိုးခြုံထဲက
လက်သီးထောင်ထောင်ပြရတာလဲမောပြီ

ကြာလာတော့ နေ့ နဲ့ ည
တလှည့်စီဖြစ်တဲ့ ကိစ္စ
ဘ၀မဟုတ်သလိုလို ပဲ
ခဏတော့ ကြိုးရုတ်ပေးလှည့်ပါ
ငါကမ္ဘာမြေပြင်နဲ့ နီးစပ်ချင်လို့ 
အပြီးသပ် မှသွေးမပျက်ကြေးလေ
ဘေးထွက်ဆိုးကျိုးမရှိတဲ့ လောကဓံ
ပြောပြန်ရင်လဲလွန်မှာမို့ 
ငါ့ကို.....
အစွန်ဆုံးဖက်သာပို့ ထားလိုက်ကြတော့.......

မိုးသူ(တောင်ကြီး)
11 January 2012/Wednesday
07:09/PM

No comments:

Post a Comment