အရိပ်နဲ့ အတိတ် တို့ အားတွန်းလှန်ကြည့်ခြင်း...


သိတယ်..ငါသိတယ်

မနှစ်ကတည်းက....

လော်မာထားတဲ့ကိုယ်ကျင့်တရားတွေ

ဒီဖက်နှစ်ကိုမယူလာဘူးဆိုပေမဲ့ 

အကြောင်းကြောင့်အကျိုးနိယာမအရ

ကိုယ်ဝန်အရင့်အမာဖြစ်ခဲ့တာပေါ့

ဒါမျိုးမရဘူးလေ....

ခေါင်းခေါက်ပြီးမှ(sorry)ဆိုတဲ့ ယဉ်ကျေးမှု

ငါတို့ တတွေ အဆင်ရှေးရှုလို့ မဖြစ်ပေဘူး

ဒီနှစ်ဦးမှာအောင်မြင်ခဲ့ တဲ့ ငြိမ်းချမ်းရေး

ဘာမှမဆိုင်တဲ့ စိမ်းလန်းရေးအတွက်

သာဂိခင်မျာမယ် ရွာဆော်လိုက်လုပ်နေရာရှာတယ်

သူ့ အတွက်ထန်းရေဖိုးလောက်ပေးရင်ရသတဲ့

ရွာဦးကျောင်းအောက်ကခွေးတွေတအူအူနဲ့ 

ကြေးစည်သံကလဲတဒူဒူပေါ့ (မထင်...)တဲ့လေ

ဒါဟာစုန်းပြူးတွေအတွက်မျှော်လင့်ချက်လား

ဒါမှမဟုတ် ထွက်ပေါက်လား

တချက်ကလေးမှမနှောက်နဲ့ နော်မြှောက်တက်သွားမယ်

လွတ်ငြိမ်းချမ်းသာခွင့်တွေ

ပလိုင်းပေါက်နဲ့ ဖားကောက်နေရလိမ့်မယ်

ဗင်ဆင့်ဗင်ဂိုးအာလူးစားတာလူတိုင်းသိပေမဲ့

မိအေးဂဏန်းညှက်တာကျတော့လူတွေမသိလိုက်ဘူးနော်

မော်ဒယ်လ်ဂဲလ်တွေပိန်ချင်လို့ ပိန်နေတယ်ထင်လို့ လား

မှားသွာမယ်နော်...ကြားကားတွေဆွဲလို့ ကောင်းအောင်

ဘယ်တုန်းကမှထမင်းမ၀ခဲ့ တဲ့ သူတို့ ရင်သား

တမင်တကာကြွားချင်လို့ ကိုပိန်ရတာလေ

လိမ်ရမှာလဲမကြောက် စိမ်ရမှာလဲမကြောက်

စရင်းဖြောက်ဖို့ ကိုယ့်အိမ်ကိုယ်မီးနဲ့ မြိုက်ကြသတဲ့

ပြောရင်းဗိုက်ကလေးတောင်ပိုဖောင်းလာသလိုပဲ

တော်ပြီ တော်ပြီ ....တော်ပြီ

ဒီနေ့ ကစ ...သာဂိတို့ ဆိုကရေးတီး ပြိုင်မယ်

အေရိုးစမစ်နဲ့ ပြိုင်မယ်

အဆိုကောင်းဖို့ KTV ရှိတယ်

ဖိုးချစ်နဲ့ ပြိုင်မယ်

အကကောင်းဖို့ ညကလပ်ရှိတယ်

တာရာမင်းဝေနဲ့ ပြိုင်မယ်

အရေးကောင်းဖို့ အင်းစိန်ထောင်ရှီတယ်

Stewart Copeland ကုက်လန်းနဲ့ ပြိုင်မယ်

အတီးကောင်းဖို့ လုံထိန်းတွေဆီမှာသင်တန်းတက်မယ်

ဒါဟာ မီယာမီကမ်းခြေရဲ့ ယဉ်ကျးမှု....

အထင်သေးမှုတော့မပါစေနဲ့ 

ငါတို့ နိုင်ငံမှာ....

အေးကြည်မလေး အေဘီစီဒီမတတ်ပေမဲ့ 

အေအိုင်ဒီအက်စ် ဆိုးကျိုးကိုတော့သိတဲ့ ခေတ်

ကိုတုတ်ကြီးကလဲသူ့ ရဲ့ Mp4 လေးထဲမှာ

အင်တာနက်ထဲက အပြာရောင်ပါတဲ့

ရုပ်ရှင်အတိုအထွာလေးတွေနဲ့  ကာလသားတသိုက်ကို

လိုက်လိုက်ကြွားနေတဲ့ ခေတ်

သမီးရည်းစားတွေတည်းခိုခန်းမှာကွန်ဒုံးမသုံးတဲ့ခေတ်

တက္ကသိုလ်ကျောင်းသားတွေဆေးပညာဗဟုသုတကြွယ်တဲ့ ခေတ်

အထက်တန်းကျောင်းသားတွေ(chatting)ချက်တင်ထိုင်တဲ့ ခေတ်

living togetherဆိုတာတီဗီမှာကြော်ငြာစရာမလိုပဲသိတဲ့ခေတ်

အမယ်အိုကြီးတွေတောင် ကိုရီးယားတဲ့ခောတ်

ဂလိုဘယ်လ်လိုက်ဇေးရှင်းနဲ့ ရင်ဘောင်တန်းတဲ့ ခေတ်

(သူကြီး)သဂျီးရာကျုပ်ဖြင့်ရင်လေးလိုက်ပါဘိ

တိုက်ပုံနဲ့ တောင်ရှည်...ထမိန်နဲ့ ရင်ဖုံး

ငါလိုခပ်တုံးတုံးကောင်တွေ ပြတိုက်ထဲသွားသွားကြည့်နေရပြီ

အဲဒါများ ခြေမျက်စိဖုံးဖို့ တရားချနားဝမှာလဲ မကြားချင်အဆုံး

ခပ်ပြုံးပြုံးနဲ့ ပေါင်ဖြူဖြူလေးတွေအပြိုင်အဆိုင်နေပူလှမ်းကြသတဲ့

လမ်းမပေါ်ကကောင်မလေးတွေတင်သားကြီးတာငါနဲ့မဆိုင်ဘူး

ဒါပေမယ့် သမုဒ္ဒရာဝမ်းမီးတောက်နေတာငါနဲ့ ဆိုင်တယ်

ဂျပန်က ဆူနာမီ ငါနဲ့ မဆိုင်ဘူး

လူတကာညီညီညာညာအော်နေတဲ့ ဒီမိုကရေစီငါနဲ့ ဆိုင်တယ်

ကနေဒီလုပ်ကြံခံရတာငါနဲ့ ဆိုင်ဘူး

ဒါပေမယ့်.....နာဂစ်ငါနဲ့ ဆိုင်တယ်

ဂျာရစ်သူ့ အမေရိုက်လို့ ကောင်းနေတုန်းပဲလေ

ခေါင်းစဉ်တွေတော့များပါရဲ့ 

ဘယ်ကိုသွားမှာလဲ

ဤခရီးနီးသလား

ဇွန်ပန်းရုံအနီး နွံထဲ၌လှည်းဘီကျွံ

ပြောတာလဲမင်းပါပဲ

သူ့ ကျွန်မခံပြီ

ဓါးတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်

ဦးမောင်ခွေးအသက်(၆၂)ကွယ်လွန်

ဆိုဖီယာ (၂၆)နှစ်မြှောက်မွေးနေ့ 

တွေးကြည့်ရင်တော့အများကြီး

ဘေးမထိခင်သွေးနီးကြည့်ပေါ့

ဘ၀ကိုအေးဆေးစွာယပ်ခပ်

မပျက်တရစပ်လည်နေတဲ့ သံသရာအလည်မှာ

ဖေါက်ပြန်တတ်တဲ့ စိတ်ကိုလစ်လျူပြု

အခု..ဘေးကြပ်နံကြပ်ဖြစ်မဲ့ ကိစ္စတွေကိုစဉ်းစား        

(၉၆)ပါးမကတဲ့ ရောဂါတွေခေတ်စားတဲ့ကာလမှာ

ဟိုး...အရင့်အရင်ဘ၀တွေရဲ့  ကမ္မနမိတ်တွေထင်ယောင်

အတိတ်မှာလင်ကောင်...မပေါ်ခဲ့တဲ့ ကိစ္စကိုခဏထား

ညီညွှတ်ခြင်းအင်အားနဲ့ ပြေလည်အောင်ညှိယူကြပါစို့ 


မိုးသူ(တောင်ကြီး)
23 January 2012/Mon
12:38/PM















No comments:

Post a Comment