စိတ္တဇ အတွေး...


အပေးအယူတူသမျှနဲ့ 
အေးအတူပူအမျှချစ်ရအောင်
ဝေးသွားမဲ့အဖြစ်တွေလစ်လျူရှု
ဆွေးရမဲ့အလွမ်းတွေဘေးဖယ်
အတွေးကြွယ်ကြွယ်နဲ့ တည်ဆောက်
ဒို့ နှစ်ယောက်ဘ၀လမ်းဟာ
အကြွင်းမရှိဖြောင့်တန်းတယ်.....

တကယ့်....တကယ်လို့ များ
ပစ်ပယ်လို့ ထားခဲ့ ရင်
ရည်ရွယ်ထားသမျှကြွေ
စိတ်ကူးထားသမျှမျော
ကြံစည်ထားသမျှလွင့်
သက်ငွေ့ တပင့်ပင့်
ရင်တထင့်ထင့်နဲ့ ပေါ့ ......

အခုတော့ကွယ်....
အလွမ်းဓါတ်ခံရှိသူအား
အစမ်းသပ်ခံအချစ်များနဲ့ 
ပစ်ထားခဲ့ရက်သလားကွယ်
အချစ်အားနဲ့ အရေထူ
ဘယ်လိုပင်အပူပေးစေတော့
တကယ်ကိုပင်ယူကာငြိမ်းမှာမို့ 
မတိမ်းရက်တဲ့ အကြင်နာကို
အစိမ်းလိုက်တမင်ခွာလို့ 
သေရွာပါယူသွားမှာလားကွဲ့ .....

မိုးသူ(တောင်ကြီး)
26 January 2012/Thursday
05:38/PM

No comments:

Post a Comment