သက်တမ်းရင့်လာတဲ့ အတွေးရုပ်ကြွင်း


သက်တမ်းရင့်လာတဲ့ အတွေးရုပ်ကြွင်း
=====================
သက်တောင့်သက်သာမဖြစ်မယ့်ဘ၀ကို
ဖောက်မဖတ်ပါနဲ့ တော့လား
ငါ့ရဲ့ ဆင်ခြင်တုံတရားတွေက
ငါ့ကို အနိုင်ကျင့်နေတာကြာလှပေါ့
အပြိုင်အဆိုင်ရင့်ထော်နေတဲ့ 
မျှော်လင့်ခြင်းတိမ်တိုက်
အကြိမ်ကြိမ်အငိုက်ဖမ်းလို့ 
မလွတ်စတမ်းအပြစ်ပေးရက်သလားကွဲ့ 

့ရင်တွင်းကချစ်ခြင်းတရားကို
သစ္စာမဖောက်နိုင်သေးသမျှ
ငါဟာတစတစနဲ့ မှေးမှိန်တော့မယ်
အတွေးတိမ်လွန်းတဲ့ ဘ၀ကိုလဲ
တကယ်ပဲရွံရှာမုန်းတီး
နင်ပြုံးပြီးကြည့်ချင်ရင်လဲကြည့်ပါ
သိလာတဲ့ အတွေးနက်နက်တွေကလဲ
ဆေးတချက်တချက်မတိုးတော့ဘူးကွယ်

ပိကျိရေ.....
စင်္ကြာဝဠာထဲမှာ
ခြေတဖက်ချခွင့်ပေးပါဆိုတဲ့ 
အာခီမီးဒီစကား
ငါဒီနေ့ ထိကြားယောင်နေမိတယ်
ဖျားချင်ယောင်ဆောင်နေတဲ့ အကျင့်
ပြင်သင့်ရင်ပြင်လိုက်ပေါ့ ကွယ်
ရင်နင့်တာတွေပြောမပြတော့ပါဘူး
စောဒကတောင်မတက်ရဲ
ပြောသမျှနဲ့ ရောင့်ရဲလွယ်တတ်ပြီ

သကောင့်ထက်လဲ ညည့်နက်မယ်မထင် (သန်းခေါင်)
အရင့်အရင် မတွေးခဲ့ ဖူးတဲ့ အတွေး
အခုမှရေးရေးလေးသဘောပေါက်မိတယ်
သိပါပြီ ..ငါတကယ်ပဲသိလိုက်ပါတယ်
အမိအငိုက်ဖမ်းတတ်တဲ့ မာယာ
နင့်စကားတွေမှာ ကြာမပါသလိုပဲနော်
အခါခါဆိုဖူးခဲ့သီချင်း
တရင်းတနှီးဆိုငြီး
အဲဒီထက်ပိုပြီးလဲချွဲတတ်ခဲ့သေးရဲ့ 
စွဲမှတ်ထားတဲ့ အသိတရား
ထိကပါးရိကပါးနဲ့ ကြည်စယ်
တခါမှလဲ မလီဆယ်ခဲ့ပါဘူးကွယ်......

မိုးသူ(တောင်ကြီး)

23 january 2012/Monday
04:10/PM

No comments:

Post a Comment