ဒဏ်ရာများအားလျော့ချခြင်း


နှုတ်ဆက်တယ်
ရုတ်တရက်မဟုတ်ပါဘူး
ကြိုးရှုပ်နေတာသွားရှင်းမို့ 
ငါ့မှာလက်နက်ဆိုလို့ 
ကောဇောတချပ်ရယ်
ပန်းမွေ့ ရာတခုရယ်
ကာနေးရှင်းပန်းတစည်းရယ်
လွမ်းလိုမပြီးနိုင်တဲ့ ကာရန်တွေရယ်
အဲဒါပဲ ပါတယ်....

ဟော........ ပြောရင်းဆိုရင်း
မိုးလင်းဘီ....
စိုးစဉ်းမျှမလင်းလက်ခဲ့ တဲ့ 
ငါ့ရဲ့ ကောင်းကင်တွေဆီ
မောင်းတင်ပြီးခွင်းမယ် ...
အရင်းကြေတဲ့ အထိ မိမိရရပေါ့
သတိတရ ငိုဖူးတဲ့အသဲ
နင်ပဲခွဲခဲ့တာလေ .....


ရင်ထဲမှာလဲ အမြဲမှတ်
အထပ်ထပ်သိမ်းထုပ်
အရှုပ်တွေချည်းကြံစည်
ညဏ်မမှီလောက်မဲ့
မဟုတ်မဟတွေနဲ့ 
ယုတ်မာလိုက်ချင်တဲ့ စိတ်ရိုင်း
အတိုင်းမသိဝမ်းမြောက်တယ်
လွမ်းလောက်စရာလား...
ရောသွားမှာဆိုးလို့ အကန့် တွေကန့် 
ဖြည်းဖြည်းခြင်းလန့် အောင်ပြုစားမယ်....

ငါပဲ မှတ်သည်းခြေကြီးတာလား
အပြတ်နွှဲမယ်ဒီတပွဲ
တကယ်ပဲရဲရင့်နေပြီ....
အသဲမှာပွင့်ခဲ့တဲ့ ပန်းတိုင်း
ငါကိုယ်တိုင်မဆိုင်းမတွ
နင်းခြေပြမယ်
အပျင်းပြေမယ်ထင်ပါရဲ့ ......

တခုတ်တကမျှားခဲ့ တဲ့မာယာတွေဆီ.....
မြူစွယ်ကာအပီအပြင်ကျုံးသွင်း
နှလုံးသားအရင်းတွေပြန်တွေး
ကျန်သေးတဲ့ မာနတွေက
ခ၀ါချဖို့ မလောက်ငှ
ထောက်ပြမယ်တော့ မထင်နဲ့ ကွဲ့ 
အရင်လှည့်စားခဲ့ တာတွေးကြည့်
ငါ..ရေးမိတဲ့နှလုံသားသမိုင်းမှာ
နင့်..ရင်းတုံးတွေရှိနေသေးတယ် (ringtone)

မိုးသူ(တောင်ကြီး)
15 January 2012/Sunday
10:15/AM

No comments:

Post a Comment