အချစ်နဲ့ ထမင်းဝိုင်း



မင်းရဲ့ သံသယတွေကိုခဏဘေးဖယ်ထားပါ>>>>(1)

ဟင်းချိုရည် ပေါ့တဲ့နေ့ မင်းကိုတော့မမေ့ဘူးပေါ့

မင်းရဲ့ မျက်လုံးရွဲရွဲကြီးတွေနဲ့ အကြည့်ခဏလောက်လွှဲပေးပါ>>>(2)

ရှောက်သီးသုတ်စပ်စပ်လေးနဲ့ ထမင်းကိုအထပ်ထပ်လွေးခဲ့ပါတယ်

မင်းရဲ့ ဥပေက္ခာတွေအရောင်ခဏလောက်ဆိုးပေးပါ>>>>>(3)

ကြက်သားဟင်းမနူးပေမဲ့ စိတ်ကူးယဉ်မပျက်ခဲ့ဘူးကွယ်

မင်းရဲ့ လစ်လျူရှုမှုတွေကို ငါ့ဆီကခဏလေးဖြစ်ဖြစ်ဖယ်ပေးပါ>>>>(4)

ငါးသလောက်ကိုအချိုပေါင်း..နဂိုအဟောင်းမေ့တဲ့ နေ့ 

မင်းရဲ့ အကြင်နာတွေနဲ့ ခဏလောက်ချော့မြူပေးပါ>>>>>>>>>>(5)

ငပိရည်တို့ စရာ အစုံအလင်နဲ့ ငရုပ်သီးစပ်စပ်လေးဖျော်ထားသလိုပေါ့

မင်းရဲ့ သစ္စာတရားကို ငါဆီမှာခဏလောက်ဖြစ်ဖြစ်အပ်နှံထားပေးပါနော်>>>>(6)

လက်ဖက်သုတ်ကိုပုဇွန်ခြောက်များများလေးနဲ့ တောသုပ်လေးသုပ်သလိုပေါ့

မင်းရဲ့ စာနာမှုတွေကို ငါ့ဆီကို ခဏလောက်ဖြစ်ဖြစ်ပုံချလိုက်ပါ>>>>>>(7)

ထန်းညက်ခဲ နဲ့ နှမ်းထောင်းရောပြီးရေနွေးကြမ်းလေးနဲ့ မြည်းသလိုထင်ပါ့

မင်းရဲ့ ချစ်ခြင်းတွေကိုငါ့ဆီမှာတဘ၀လုံးတွက်ပုံအပ်ပေးပါ>>>>>>>>>(8)

လက်ဆေးပလုပ်ကျင်း လက်သုတ်ပါဝလေးကိုင်လို့ ထမင်းစားခန်းထဲကထွက်လာခဲ့တယ်

မင်းရဲ့ ဘ၀ထဲမှာ ငါ့ကိုငါ စနစ်တကျမြုတ်နှံဖို့ ထွက်လာခဲ့မယ် >>>>>>>>(9)

မိုးသူ(တောင်ကြီး)
20Nov2011
07:28 Pm((post modern))

No comments:

Post a Comment