စိတ်ဒဏ်ရာများ၏အတွင်းသန္တာန်
စိတ်ဒဏ်ရာများ၏အတွင်းသန္တာန်
====================
ငါ.....
မလွမ်းတတ်တော့ဘူးကွာ
ပန်းတွေမပွင့်ချင်လဲနေပါစေ
ရိတ်သိမ်းဖို့ တံစဉ်မရှိတဲ့
့မြို့ တော် မှာ ......
ငါ....လိုင်စင်မဲ့  မော်တော်ကား
ဘယ်တော့မှ မ၀ယ်စီးဘူး
ငါ့မှာကဗျာ တပုဒ်ရှိခဲ့ဖူးတယ်
ဖတ်တဲ့ သူ တွေက
မူလတန်းကျောင်းသားတွေ
ဖြစ်နေခဲ့လို့ 
ပေးမဖတ်ဖြစ်ခဲ့ရတာပါ
ထားပါ......
ထားပါတော့လေ
ကဗျာ ရဲ့ အစ က
ထိတ်ထား ရေ တဲ့လေ ......
အခုလောလောဆယ်တော့
ငါ့မှာ ထိတ်ထား မရှီဘူး
 ရင်ဘတ်ထဲမှာ
သိပ်အားငယ်တတ်တဲ့
 အသဲနှလုံးရှိတယ်
သခင်မလေးတိုးညင်းစွာ
 အိပ်ပျော်နေလေရဲ့  
တခါတခါ များ
ရင်လေးလိုက်တာ ကွာ
အထင်သေးချင်လဲ သေးပေါ့
စိတ်ထဲကဖြစ်ဖြစ်လာတဲ့ 
ဒေါမနဿတွေနဲ့ 
အချိန်ဆိုတဲ့ 
ကောင်မလေးကို
မှုဒိန်းကျင့်ချင်လိုက်တာ
ကိုယ့်ဝမ်းနာ ကိုယ်သာသိသတဲ့လေ .....
ငါ့အတိတ်တွေလဲ
နေ့ စေ့လစေ့ နဲ့ 
ကိုယ်ဝန်အရင့်အမာကြီး
ဖြစ်နေခဲ့တာကြာလှပေါ့
2011 မှာ ငါ့ ဘော်လီကြိုးပြတ်ခဲ့ရသမျှ
 စကပ်ဇစ်ကွဲခဲ့ရသမျှတွေ
2012 မှာ ပြုပြင်ဆိုင်ကို ပို့ လို့ ရခဲ့ ရင်
 ငါ့ ရဲ့ ကောင်းကင်ဟာလဲ
ဲကမ္ဘာကြီးနဲ့ ထပ်တူ
23 1/2 တိမ်းစောင်း ခဲ့ မှာပါ
ဘယ်လိုပဲ
ဖြစ်ခဲ့ဖြစ်ခဲ့......
ဘယ်လိုပဲ
ဖြစ်နေဖြစ်နေ....
မွေးကတည်းကဗလာမို့ 
လောကကိုခွဲခွါသွားခဲ့ရရင်တောင်
လက်ထဲမှာတခုခုတော့ ဆုပ်ကိုင်လို့ 
ဒါပေမယ့်......
ဒဏ်ရာဒဏ်ချက်တွေ
ပြည့်နှက်နေတဲ့ 
အတ္တတွေကြားမှာ ပျော်ဝင်ရင်း
ပစ္စုပ္ပန် ဇိမ်မယ်တွေ နဲ့ 
ကခုန် မြူးတူးလို့ နေချင်သေးတယ်
အနာဂတ် ဆိုတဲ့ 
သက်ဦးဆံပိုင် ဘုရင်ကြီးတော့
မသိစေနဲ့ ပေါ့.......
လာစမ်းကွာ သာအေးရေ
ထန်းတောထဲက KTV မှာ
 rap သီချင်းတပုဒ်နဲ့ 
ငိုချင်းသီကြည့်လိုက်ရအောင်
ပဲ ကြီးလှော်သာသာ
ပျော်ရွှင်မှုတွေကို
မာန တွေနဲ့ လဲစား
ရဲသလားလို့ မမေးနဲ့ 
စိတ်အဟာရတခုအတွက်
လောကရဲ့ ဆာဟာရထဲမှာ
အသွေးသားနဲ့ ရင်းနှီး
အဆင်းဘီးတပ်ပေးလိုက်သလိုပ.....
ဘာလဲ......
 ..........မကျေနပ်ဘူးလား
မသတီဘူးလား.........
.........မနှစ်မျို့ ဘူးလား
အဲဒီနားလေးမှာ
တွင်းတူးသေလိုက်လေ.....
မိုးပေါ်ထောင်ဖောက်တတ်တယ်များ
ထင်နေကြလားမသိဘူး
ပန်းနဲ့ ပေါက်တာလောက်တောင်
အပြုံးမပျက်ခဲ့ပါဘူးကွာ
ငါ့ဘ၀မှာ......
ငါ့ ဟာ ငါ အထာကျနေတာကို
နွားမ တအုပ်..
အုပ်အော်သောင်းနင်း
ရေခပ်ဆင်းကျသေးသတဲ့လေ
နေ၀င်ရီတရောတွေဟာ
အေးခဲလို့ ပေါ့.....
ကော်ဖီပူပူလေးနဲ့ 
ဖက်ကြမ်းတလိပ်ကိုပါးသောင်မှာခဲ
အက်ဒီဆင်ကို ဂုဏ်ပြုခဲ့ရတဲ့
ညတွေဟာလဲမနည်းတော့ဘူး
လသာတုန်းဗိုင်းငင်ဖို့ ထင်ပါရဲ့ 
အဲဒီညတွေအတွက်
တောင်ဝင်စွန်း က
ပိုလာ ၀က်ဝံ တွေရဲ့
 ဟားတိုက်ရီမောသံဟာ
အဖျက်သဘောထက်
အပြုသဘောကိုဆန့် ကျင်လို့ 
ဝိ၀ါဒတွေကွဲပြားနေကြသတဲ့
ငြိမ့်ငြိမ့်လေးဖြတ်သန်းခဲ့ ရတာပေါ့လေ
စကားလုံးတွေလဲ
အရမ်းကိုလည်ပင်းဟိုက်နေခဲ့တယ်
မမြင်ချင်တာတွေ မြင်ရ
မသိချင်တာတွေသိရ
မကြားချင်တာတွေကြားရ
မပြောချင်တာ တွေပြောရ
မလုပ်ချင်တာတွေလုပ်ခဲ့ရတဲ့ 
စိတ်စေတသိက်တွေဟာလဲ
သိက္ခာတောင်မဆယ်နိုင်ပဲ
ရိက္ခာအတွက် လိုက်လိုက်ပြီး
မြင်မြင်သမျှတွေကို
ပက်ကြားအက်နေရတာ
တော်တော်လေးခြေကုန်
လက်ပမ်းကျနေခဲ့ ပါပြီ........
တော်ပါတော့ ......
တော်ကျပါတော့ဗျာ...
မိုးရွာတုန်းမြစ်ထဲလိမ့်ကျသလို
တွယ်ငင်ရာမြက်တပင်
ငါဆွဲထူလိုက်ချင်ပါ၇ဲ့ 
မျက်ကန်းတစ္ဆေမကြောက်
လုပ်ခဲ့တာမဟုတ်ပါဘူး
ဟီရိသြတ္တပ္ပတရားတွေ
အလွဲသုံးစားလုပ်ခဲ့ တာများသွားလို့ ပါ
ဘ၀ခါးခါးတွေမျိုမျိုချပြီး ....
တွေးကြည့်ရင်......
ဝေါ့.......
............ထွီ......
ပျို့ ပျို့ ပြီးအန်ချင်လိုက်တာ
ကြောင်ဖား အမွေးထူထူကြီးတွေပေါ့
အဲယားကွန်းအခန်းဒေါင့်မှာ
စက္ကထရီဖြူဖြူလေးတွေနဲ့ အတူ
အခုချိန်ထိ
ဗီသိုဗင်တေးသွားတွေ
နားဆင်နေတုန်းလေ.....
တကယ်တော့....
ဒါဟာသိပ်ပြီးအရေးမကြီးခဲ့ပါဘူး
ခေါင်းငုံ့ ပြီး......
ပုဆိုးခါးပုံစလေးထဲ
မသိမသာစမ်းကြည့်မိတော့
ဘတ်(စ)ကားခ
နှစ်ရာတန် အနွမ်းလေးနဲ့ 
ဘီအီးတပိုင်းဖိုးက
ငါ့၏ပီတိအဟုန်ကို
နိုးဆော်ပေးခဲ့ လေသတည်း။   ။
မိုးသူ(တောင်ကြီး)
09 January 2012/Monday
04:34/PM
2 comments:
Unknown said...
ကိုမိုးသူရဲ့ ဘလော့ဘဲဗျ။ကောင်းပါတယ်. ။ အားပေးပါတယ်။
မိုးသူ(တောင်ကြီး) said...
ကျေးဇူး..တန်ငှါသြ...:)
Post a Comment