မိန့် .......
ချစ်သူရေ..
တစိတ်လောက်
စိတ်မကောက်ပါနဲ့ 
အတိတ်ပြောက်အောင်လို့ 
နင့်အရိပ်နောက်မျောခဲ့တယ်ကွဲ့ ..........
ချစ်သူရေ....
ချော့ပါ
ပျော့မှာပေါ့
သော့မတပ်ရသေးတဲ့ အသဲ
ချစ်သူရေ.....
စဉ်းစားပါ
မျဉ်းတားခဲ့ တဲ့ မင်နီ
ဒီတချည်လဲမှား
နင်တကယ်ပဲထားခဲ့မှာလားကွဲ့ ..........
မိုးသူ(တောင်ကြီး)
06January2012/Friday
12:46/PM
No comments:
Post a Comment