မြင့်မိုရ်ထက်က မေမေ


မေမေ.....
ဖြူစင်မေတ္တာ
ယုယကာနှင့်
ရင်မှာသိုမှီး
အချစ်ကြီး၍
ညစ်ကျေးသုတ်သင်
ငယ်ရွယ်စဉ်ဝယ်
အပြစ်ပယ်ဖျက်
သည်းခြေနှက်သို့ 
တိုးရက်ရှည်ကြာ
ပြုစုကာနှင့်
ကြင်နာရင့်တည်း
သည်းပွတ်ဟီးတုန်
ဇောအဟုန်ဖြင့်
ခါမလင့်ပဲ
ထွေးပိုက်ယုယခဲ့လေ၏



မေမေ....
ပေးဆပ်နို့ ဖိုး
အဆတိုးကို
အမျိုးမျိုးဆပ်
မပြတ်လပ်အောင်
ထပ်ထပ်ဆောင်မ
ဤဘ၀၌
အဂ္ဂထိုက်လည်း
ကြွေးကျန်မြဲသာ
ဓမ္မတာမို့ 
ကြင်နာမလင့်
လူ့ ကျင့်ဝတ်ဖြင့်
ဆပ်သင့်လှပေ
အို ...မိတ်ဆွေတို့ ........

မိုးသူ(တောင်ကြီး)
08 January 2012/Sunday
05:21/PM
ပြာသိုလပြည့်နေ့ 

ချစ်သောမေမေသို့ 
(သို့ )
အမေများနေ့ သို့ အမှတ်တရ

1 comment:

Unknown said...

ကျွန်တော် ကြိုက်နှစ်သက်လို့ share လိုက်ပြီ

Post a Comment