လူ့ အန္ဓ



လည်ချောင်းထဲကစကားလုံး

နှလုံးသားထဲငုတ်ငုတ်သွားအခါ

တိမ်မြုတ်နေတဲ့ အတ္တတွေ

နိုးထရှင်သန်လာခဲ့တယ်

မနက်ဖန်တိုင်းဟာလဲ

အပျိုဟိုင်းကြီးဖြစ်မှန်းမသိ

ဖြစ်နေခဲ့ရတာပေါ့.....

ဟေ့ကောင် ...ရေ....

အိပ်ချင်ယောင်ဆောင်မနေပါနဲ့ 


အဲဒီပတ်ဝန်းကျင်မှာ

သိက္ခာမလိုဘူး

ရိက္ခာအပိုထည့်ခဲ့

လိပ်စာလဲမမေးနဲ့ 

လိပ်ပြာလှဖို့ တော့လိုမယ်

စိတ်ပါဖို့ ပဲအရေးကြီးပါတယ်......

သွေးနီးကြည့်ရအောင်ကွာ

စေးကပ်ကပ်အကျင့်တွေ

ခဏဖြောက်ကြည့်လိုက်ပေါ့

ရင်လောက်မှန်းမှဒူးလောက်ကျသတဲ့လေ

အရူးတွေမှထထဖောက်တာမဟုတ်ပါဘူး

ထူးတဲ့ လူတွေ လဲ အဲလိုပဲထင်ပါရဲ့ 

အရင်က လက်တည့်စမ်းခဲ့တဲ့ဒေါသ

မောဟတွေရဲ့ အလွန်မှာ

လောဘနွံထဲပြုတ်ကျခဲ့သေးသတဲ့

ဒုက္ခ..ဒုက္ခ..ဆိုပြီး

ခိုငြီးသလိုငြီးတတ်တဲ့ ပါးစပ်

လည်မလိုနဲ့ အတတ်သေးတယ်တဲ့

နားကိုအေးနေရောပဲလေ

တခြားပြောစရာတွေနဲ့ငေးနေလိုက်ပေါ့

အတွေးတွေလည်ဟိုက်ဝတ်ပြီးဟန်ရေးပြနေလို့ 

တကယ်သာထိုက်တန်မယ်ဆို

အဲဒီဆုကြေး....ငါ့မပေးနဲ့ ပေါ့ကွာ

ကဲကဲ....သာဂိ မင်းလဲ ဒီတခါတော့

အညာမိသွားပြီ.....

စာအရှိသာတွေးရင်

တွေးတဲ့သူအလွန်ပေါ့နော် ......

မိုးသူ(တောင်ကြီး)
02.01.2012/Monday
03:13/PM

No comments:

Post a Comment