...သမိုင်းသစ်.....


ဒီနေ့ ငါရင်ဘတ်ထဲကပန်းတွေ

ခါတိုင်းထက်စောပွင့်နေတယ်

သွားမပြောလိုက်နဲ့ နော်

ဓါးသွားပေါ်ကပျားရည်စက်

ခါးသက်နေမှာဆိုးလို့ ပါ

မနေ့ က .....မနေ့ ညနေခင်းက

ငါ့မာနတွေအပေါ်နင်ပစ်ချလိုက်တဲ့

မိုးကြိုးကတော့ အသွားထက်လွန်းလှတယ်ကွယ်

ဘာလို့ များအပြုံးတွေ

ထည့်လွတ်လိုက်ရတာလဲကွဲ့ 


သကာရည်အိုးထဲခေါင်းစိုက်ထားသလို

ချိုမြိန်လွန်းလှပါတယ်

တချက်လေးတောင်

စောင်းငဲ့ကြည့်လို့ မရနိုင်တော့တာလား

မဟောင်းနိုင်တဲ့ ရနံ့ တခုကတော့

နင့်ပုခုံးသားဖြူဖြူလေးပေါ်က

(Channel) ချန်နယ်ရေမွှေးနံ့ 

သင်းသင်းလေးထင်ပါရဲ့ 

အပြစ်တင်မစောစမ်းပါနဲ့ ကွာ

အချစ်တွေနဲ မျောစမ်းပါရစေအုံး

ဒါတောင်နင့်ပင်လယ်မှာ

လက်ပစ်မကူးရဲခဲ့ ဘူးနော်

ငါ့ဟာငါစီးဆင်းနေပါရစေဟာ

လာလာပြီးအနယ်ထအောင်လုပ်မှတော့

နောက်ကျိကျိဖြစ်ခဲ့ရတဲ့ အကြောင်းကို

နင်ပြတိုက်ထဲပို့ အုံးမလို့ လား

အဟောင်းဆိုင်မှာပဲပျော်မွေ့ နေပါရစေ

တကိုယ်ကောင်းဆန်ခဲ့ တဲ့ 

တမာရွက်တွေအကြောင်း

ပုံပြင်လုပ်ပြီးပြောရက်သေးတယ်နော်

အဲဒါဆို.....အဲဒီဇာတ်လမ်းထဲမှာ

ငါလူကြမ်းပဲဖြစ်ချင်ပါရဲ့ 

လူတန်းမစေ့ခဲ့တဲ့ အနမ်းမျိုးနဲ့ 

တခါတခါခိုးခိုးနမ်းခဲ့ တဲ့ အဖြစ်

ငါ့ကိုချည်းလာလာအပြစ်မဖို့ စမ်းနဲ့ 

တောရောက်တောင်ရောက်

ရှာရှာဖွေဇွေကြံစည်တတ်တဲ့ အတွေး

ကဲ.....မေးကြည့်ချင်လို့ ပါ

ဈေးတော့သွားမငြိလေ နဲ့ 

ဘေးထိတတ်တာလဲသိတယ်မလား

အသွားမတော်တလှမ်းမို့ 

ငါ့ရဲ့  2011နင့်လက်တွင်းမှာ

စိစိညက်ညက်ကျေခဲ့ရတယ်လေ

အသိအသစ်စက်စက်တွေနဲ့ 

အချက်ကျကျသမိုင်းကိုလှန်

မာန်ဖီသံတွေနဲ့ တန်ပြန်ခဲ့ရတာပေါ့

ငါအခုပဲ စစ်ချီတော့မယ်

သက္ကရာဇ်တွေကို ခုတ်ထစ်

မနက်ဖန်အသစ်တွေအတွက်

ရာစုနှစ်တွေကိုထုစစ်

2012 ခုနှစ် မှာ

တခုခုဖြစ်ဖြစ်

နင့်အတွက်ရေးခြစ်လိုက်မယ်.......

မိုးသူ(တောင်ကြီး)
01Jan2012/SUN
02:57/PM

No comments:

Post a Comment