သို့  ...... မာန...... မှ......အတ္တ
ညလေးရေ..... <3
နင် ပင့်သက်ထုပ်လိုက်တဲ့  အသက်ငွေ့ တိုင်းမှာ
ငါဟာပျော်ဝင်ခွင့်တွေနဲ့ 
အကြိမ်ကြိမ်လွဲချော်နေခဲ့ တာ ငါ့ကိုယ်ငါလဲ သိပါတယ်
ညလေးရေ.... <3
မက်ခွင့်လေးတခါလောက်တော့ ပေးသနားလှည့်ပါနော်
နင့်ရဲ့ အသွားထက်လွန်းလှတဲ့  ဥပေက္ခာတရားတွေရဲ့ 
ထိုးနှက်ရိုက်ခပ်မဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်
ငါ့ရဲ့  ကောင်းကင်ကြီး မေ့မျောလို့ သွားပါစေအုံး ..့
နှလုံးသားဟာတထိတ်ထိတ်နဲ့
ညလေးရေ....
ငါ့ရဲ့ ကောင်းကင်ကြီးအပန်းနုရောင်လေးနဲ့ 
ဆေးသွင်းစီချယ်ထားတယ်...
အဲဒီမှာ ကန္တရပင်တွေမရှိဘူး
........အလွမ်းဆိုတာလဲမရှိဘူး...
........တမ်းတခြင်းဆိုတာလဲ မသိဘူး
........အရှုံးဆိုတာလဲ မရှိဘူး...
........မုန်းဆိုတာနထ္ထိပေါ့ကွယ်...
ပြီးတော့လေ....
အပြုံးဆိုတဲ့ ပန်းတွေ
ရာသီအလိုက်ဖူးပွင့်ကြသေးတယ်
အဲဒီမှာ နင်အရမ်းနှစ်သက်တဲ့ စမ်းချောင်းလေးတစင်း
စီးဆင်းနေသေးတယ်.....
ညလေးရေ.....
ငါလေ....ငါ့မာနတွေကို အရေခွံချွတ်လဲပြီးတဲ့ နောက်
.............နင့်ရှေ့ မှောက်မှာရာဇ၀တ်သားသဖွယ်
.........အကြိမ်ကြိမ်ဒူးထောက်ခဲ့ ပြီးပြီနော်....
တခါတခါလေ
အတ္တတွေနဲ့ ရုန်းရင်းဆန်ခပ်ဖြစ်တာတခုကလွဲလို့ ပေါ့
အဲဒါကလဲ နင့်ရဲ့ မသိကျိုးနွံပြုမှုတတ်တဲ့ အကျင့်ကို အန်တုမိခဲ့ လို့ ပါ
နင့်ရဲ့ မထုံတက်တေးလုပ်တတ်တဲ့ ဆက်ဆံမှုတွေနဲ နဲ လျော့ပေးပါ
ငါပဲ ဖော့တွေးလေး တွေးပေးနေပါ့မယ်နော်.....
ညလေးရေ.... <3
ငါ့ရဲ့ အတွင်းအဇ္ဈတ္တမှာ ပီသတဲ့ ဂီတသံဇဉ်တွေရှိတယ်......
 နင်ညီမျှခြင်းချလို့ ရမဲ့ အချိန်အထိ
လူတွေဆိတ်သုဉ်းတဲ့ နေရာမှာ နားဆင်ပေးပါ ......
ပစ္စက္ခ အခြေအနေ မှာ ပေတေစွာခေါင်းမာနေတဲ့မျှော်လင့်မှုတွေက
အဆိတ်လူးမြှားမှန်ထားသလို ထွန့် ထွန့် လူးနေခဲ့တယ် .......
မာရ်နတ်မင်း ဗြတ်စောင်းတီးချင်တီးပါစေနော်......
ငါ ဟာ နင့် ရဲ့ လစ်လှူရှုမှုတွေနဲ့ အတူ
အပယ်ရွာကိုသွားဖို့ ရဲရင့်မှုတွေ အဆင်သင့်ဖြစ်နေခဲ့ ပြီလေ .....
မိုးသူ(တောင်ကြီး)
30December2011/Friday
No comments:
Post a Comment