ဘေးချော်ကျတဲ့ အတွေး

အတွေး မလွန် နဲ့ တဲ့ 
ဘေးကျွံမှာစိုး ရွံ
နောက်တွန့် တတ်တဲ့ ခြေလှမ်း
သစ္စာဖောက်ရာကျဘီ……

မေတ္တာပျောက်တယ်တဲ့ 
အပြစ်ဟာနောက်ကျကျန်လို့ 
အနစ်တွေခါးတဲ့ ညမှာ
ဘ၀ဟာမမျှမတဖြစ်ခဲ့ တယ်……..


အစုန်အဆန်တက်ဆင်း
ရထားတစင်းရဲ့ ညနေခင်းလို
နေ၀င်ရီတရောမှာ
အစောနိုးထ ခဲ့ တယ်……..

ကဲ မိုးစက် တယောထိုးတာ
ငါအရက်နဲ့ မျောတာ
နင် ပိသုဏ တွေဖောတာ
ဘယ်သူတွေအပြစ်ပြောမှာလဲ……

အသစ်…  အသစ်အတွေးတွေနဲ့ 
ညစ်ထပ်ထပ်အဆွေးတွေကို
ရစ်ပတ်တဲ့ နှောင်ကြိုး
မရိုးသွားအောင်ကြံစည်
်ပီပီပြင်ပြင် ရက်စက်
နောက်ရက်တွေမလွန်ခင်
အဖန်တလဲလဲစမ်းစစ်
သြော်…..ငါအရမ်းချစ်ခဲ့ တာ
နင်မသိလေလျော့သလား ………

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
25 Sep 2011/12:28 PM

No comments:

Post a Comment