ရွံကြောက်

ဒီလိုနဲ့ တဖြည်းဖြည်း
ငါတို့ ဝေးရတော့မယ်ထင်ရဲ့ 
ကမ္ဘာအပြင်တစ်ဖက်ခြမ်းမိုးမီးလောင်သလို
ငါ ရင်အစုံဘယ်ဖက်အခြမ်း
ပြာကျတောမယ်ကွဲ့ …..
ဒီတခါနင်ရွဲ့ တာသိပ်လွန်တယ်နော်
အတိတ်နွံထဲမှာငါမရှိ
ငါသိတာငါပြောပြမယ်ဟာ


သဘာဝကိုလွန်မြောက်
ငါနင့်ကို….ရွံကြောက်ကြီးဖြစ်သွားခဲ့ဘီ………..

ဒီလိုနဲ့  တဖြည်းဖြည်း
ငါတို့ ဝေးရတော့မယ်ထင်ရဲ့ 
ရင်နာစရာနမိတ်ဆိုးတွေလှောင်
ဟန်မဆောင်နိုင်အောင်ကွယ်ဝှက်
ငါ့အသဲ တစ်ကယ်အက်ခဲ့ လေသလား
အသေအချာစဉ်းစား
နင့်အနားမှာလဲနေချင်စိတ်ကုန်ဆုံး
ငါ့နှလုံးခုန်သံတွေလဲ
ဗြုန်းခနဲအေးစက်သွားခဲ့ဘီ………..

ဒီလိုနဲ့ တဖြည်းဖြည်း
ငါတို့ ဝေးရတော့မယ်ထင်ရဲ့ 
တချက်လေးပြေးကြည့်လိုက်တယ်
ဖေးမမဲ့သူတောင်မရှီခဲ့ဘူး
အပူရောင်ရုပ်အပျက်နဲ့ 
အမူယာပိုနှုတ်မဆက်ရဲတော့ပါဘူး
ကိုယ်ဟာကိုတော့ ဟုတ်လှဘီမာန်မတက်နဲ့ 
ငါချန်ခဲ့တဲ့ မာယာဟာ
မနက်ဖန် တိုင်းပြုံးနိုင်ဖို့ အတွက်
နင့်နှလုံးခုန်သံတွေ
ပုံမှန်လည်ပတ်ပါစေ………

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
26 Sep 2011/01:28 AM

No comments:

Post a Comment