လိုက်လျောညီထွေမရှိခြင်း

ဂလိုဘယ်တဲ့ 
မလိုတမာသူတွေခေါင်းစဉ်တပ်
ဗိုက်ချပ်အောင် စတော့ကင်ဝတ်ကျပြန်တယ်(stocking)
ကမ္ဘာကြီးကတော့ 23 .1/2 တိမ်းစောင်းတုန်းပါပဲ
သာဂိရေ ထန်းရေဆိုင်ကမြန်မြန်ထပါတော့ကွာ…


မြို့ ပြက နွားရိုင်းတွေ ခြံထဲဝင်တဲ့ အချိန်
ညဥ့်ငှက်တွေအိပ်မှုန်စုံမွှားနဲ့ မျက်နှာထသစ်ကျတယ်
ကြက်သွန်နီတပိဿာဘယ်လောက်မှန်းမသိတဲ့ 
မလှိုင်ဖတ်တွေကလေ
အတွေးတွေကို ရှော့ပင်ဝတ်(short pan)
တခါတခါ ခါးထောက် ရင်ကော့
လောကကြီးကိုမျက်မှန်စိမ်းတပ်ပေးကျသေးတယ်

ပလိုင်းပေါက်နဲ့ ဖားကောက်တတ်တဲ့
လူအချို့ ကတော့ စိတ်စေစားရာနေရာတွေမှာ
ဒေါသတွေကို တဏှာအတွက်တူးဆွနေကျတယ်ကွ

နိစ္စဒူဝ မရပ်မနားအလုပ်လုပ်နေတဲ့
စက္ကန့် တံတွေကို တဖြည်းဖြည်းရွံမုန်းခဲ့တာ
နှစ်သက္ကရစ်ဆယ်စုတောင်တိုင်ခဲ့ဘီလေ
ပြုပြင်စရာမလိုတဲ့ စာအုပ်ထဲက
သီအိုရီအဟောင်းတွေဟာလဲ
အခုထိတိုင်မှန်နေဆဲပါပဲ

လက်တွေ့ ကျတဲ့  ဘ၀ရဲ့ ခုတ်မောင်းသံတွေကတော့
ထင်ရာစိုင်းတဲ့ မြင်းရိုင်းတွေလို
အနားမညီခဲ့သေးပါဘူး
အဲဒါကိုများ အနောက်ဖက်က
နေထွက်ပါစေလို့ စုတောင်းတဲ့သူတွေများအံ့သြပါရဲ့ 
ဘာပဲဖြစ်ဖြစ် နေမင်းကြီး
မျက်တောင်တချက်ခပ်လိုက်တိုင်းဟာ
အသက်တရက်တိုတိုသွားတာ
လူတိုင်းသတိမမူမိခဲ့တဲ့အမှန်တရားနော်

အင်ဂျင်ဝိုင်ထည့်မောင်းစရာမလိုတဲ့
စီးတော်ယာဉ်လေးလဲ
ဖင်နောက်မြီးတပိုင်းပြတ်ရက်နဲ့ 
ဆက်လက်ရွေ့ လျားနေဆဲပါပဲ ………

မိုးသူ(တောင်ကြီး)
05.Oct.2011/wed
08:41 AM

No comments:

Post a Comment