ရိုးရိုးသားသား အလွမ်း


ချစ်သူရေ
 ငါရဲ့ အလွမ်းတွေ
 မင်းရဲ့ ဥပေက္ခာမြစ်ထဲ
အတုန်းအရုန်းကျဆုံး
ငါဒီနေ့ လဲရှုံးအုံးမှာပဲ နော်
ရင်ထဲ…လှိုက်ခနဲလှိုက်ခနဲစိုးထိတ်
စိတ်ထဲမှာ တစ်ရှိုက်ရှိုက်ဆွေးမိတယ်
အတွေးတွေ ဂယောင်ခြောက်ခြားနဲ့


နင်များ မုန်းသွားမလားလို့ ပေါ့
ဘယ်ဖက်ရင်အုံမှာလဲအောင့်အောင့်နေတယ်
ငါစောင့်နေတာနင်မသိရှာဘူးနော်
ချစ်သူရေ…… မေ့ထားပါ
ငါ့ကိုခဏလောက်မေ့ထားပါ
ကဲ……….ပန်းတောမှာ ငါ ပျော်မွေ့ မယ်ကွယ်
သဖန်းတောမှာ အသဲနုလုံးကို ကုစားဖို့ 
အလွမ်းတွေခြံရံထားမယ်
ငါက ကမ္ဘာ့အပြင်နဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်နော်
ပဝေသဏီတုန်းက မှတ်မိခဲ့ဖူးတဲ့
ကြိုးကြာတို့ တောင်ပံခပ်သံတွေဟာ
အချွေအရံ အသင်းအပင်းနဲ့ စုရုံး
အတုန်းအရုန်း ထပျံသွားခဲ့တဲ့ ဝိဥာည်ပေါ့နော်…
ငြိမ်းချမ်းလှတဲ့ ငှက်ခပ်သမားရဲ့ ပရိယာယ်နဲ့ 
ထောင်ခြောက်ဆင်ဖူးတာ မဟုတ်ရပါဘူးနော်
ငါရိုးသားချင်တယ် ချစ်သူ
ဒါပေမယ့်ငါ အူတူတူအတတ မဟုတ်ခဲ့ဘူး
အဲဒီတွက်…… နင့်အချစ် နဲ့ 
ငါ့ကိုအပြစ်ပေးလှည့်ကွယ်……

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
Friday,Sep 09 ..2011(12:51PM)

No comments:

Post a Comment