တိမ်တွေငိုတဲ့ နေ့ 


အသဲကွဲအရသာ

ချိုမြမြ ရှတတလဲမဟုတ်

တစ်ခါတစ်ခါ

ရင်ဘတ်ထဲလှိုက်ခနဲဖိုမော

ဘာဇောဘာဆန္ဒမှန်းမသိ

ပကတိကြည်လင်စိတ်မရှိ

သူသိသိမသိသိ….လွမ်းတယ်



အသဲကွဲအရသာ

ဖိန်းတိန်းတိန်း စူးရှရှလဲမဟုတ်

အကြိမ်ကြိမ် အမောဖောက်

ညကတောခြောက်ခဲ့သလို

တော်လဲသံတွေနဲ့ 

ဘယ်အရာကိုမှမမြင်

ဝိုးတိုးဝါးတားနဲ့ ညဥ့်နက်မိ

သူသိသိမသိသိ….လွမ်းတယ်

အသဲကွဲအရသာ

ဘယ်အရာမှမချိုမြိန်ခဲ့ပါ

အထီးကျန်နေ့ ရက်တွေကိုဖြတ်သန်းရင်း

အကျဉ်းတန်နေခဲ့ပေါ့

ဒီနေ့ ပဲ…

အပြီးတိုင်ပဲစဉ်းစားခဲ့ပါတယ်….

ဘာပဲဖြစ်ဖြစ်……..လွမ်းတယ်…………….

=================

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)

No comments:

Post a Comment