အလှမ်းကျယ်စိတ်ကူး




ပန်းချီကားတချပ်
နေရောင်ဟတ်တော့
လက်စော့တဲ့နှလုံးသား
ပန်းချီဆရာအပါးမှာ
တပြုံးပြုံးနဲ့ ကြည်နူးခဲ့......

ပန်းပုရုပ်တခု
အနုစိပ်ထွင်းထု
ပန်းပုဆရာရင်တွင်း
သက်ပြင်းကင်း၍
အမြင်ရှင်းခဲ့......

ပန်းကလေးတခက်
မနမ်းရက်လို့ 
မနွမ်းခင်အထိ
စွဲငြိယုယ
ဘ၀ဥယျာဉ်မှူးခင်မျာ
စိတ်ကူးနဲ့ သာရူးနေခဲ့.....

ကဗျာတပုဒ်
စာလုံးနှုတ်ကာ
အမူယာပြောင်း
ခေတ်နှောင်းဖယ်ခွာ
ကဗျာဆရာရင်ထဲ
ကြိတ်ကြေကွဲခဲ့ .........

ကဲ......အမိ
ဘာပြောချင်သေးလဲ
အမြင်မတူတဲ့ စိတ်
တထိတ်ထိတ်နဲ့
စိုးရွံတဲ့ဘဝ
ငါလွတ်မြှောက်ဘီ …….

မိုးသူ(တောင်ကြီး)
sep 03.2011 (05:59 PM)

No comments:

Post a Comment