နောက်ဆုံးသောအချစ်ကဗျာ...

 အညာမိသွားတဲ့ငါ
ဗလာပဲ ရှိသလားလို့ မမေးနဲ့ 
အနာအဆာမရှိခဲ့တာ
ငါ့ဟာငါသိတယ်
မညီမျှ မှုကို
သတင်းစာရှင်းလင်းပွဲလုပ်
အတင်းတွေတော့လာမတုတ်နဲ့ 
မင်းအပြင် ငါ မရှုပ်ခဲ့ ပါဘူးကွယ်


ပြောပြမယ်နော်
လောဘရယ်စော်ကဲ
တော်လဲသံကချုန်း
နှလုံးခုန်သံလဲ
မှန်တော့ဘူးကွယ်
တရံတခါဆီက မနက်ခင်း
သက်ပြင်းတွေ နဲ့ တွဲက
ဥပေက္ခာနွံထဲ
ဆွဲချခံလိုက်ရပြန်တယ်

သေသလားရှင်သလားလို့ 
နလုံးသား ကိုမေး
တော်တော်လေးစိတ်ပျက်မိပါရဲ့ 
အတိတ်ထက် နင့်ကို ချစ်ခဲ့ မိလို့ 
အပြစ်ဖွဲခဲ့ ရင်တောင် ကျေနပ်
အဆင်ပြောအောင်နေတတ်ခဲ့ ပါတယ်

ကဲ...နောက်ဆုံးတဲ့ 
ရှေ့ ဆုံးမရောက်ခဲ့ တဲ့ အချစ်
ပစ်ပစ်နစ်နစ်ပဲဆဲလိုက်ချင်ရဲ့ 
တကယ်တည်းမှပဲ
အမဲလိုက်တဲ့ မုဆိုး
ဘုရားရှိခိုးသံပီသနေပြန်တယ်
မညီမျှတဲ့  ရင်ခုန်သံနဲ့ 
အပြန်ပြန်အလှန်လှန်ချယ်မှုန်း
တသက်လုံးလဲ ခေါင်းမဖော်ဝင့်တော့ဘူးကွဲ့ ....

မိုးသူ(တောင်ကြီး)
16Nov2011/Wed
10:05 PM

No comments:

Post a Comment