သိစေတော့ ....

ချစ်သူရေ..
အိပ်တော့မယ်ကွဲ့ 
အရိပ်မဲ့ ကန္တရတွေနဲ့ 
နင့်ရဲ့ သံသယတွေကြားမှာ
ဗျာများနေတဲ့ ငိုချင်းသံ
ကာရန်တွေလဲမှား
ဗီသိုဗင်တေးသွားတွေနဲ့ 
ကခုန်နေကျလေရဲ့ 


ခဏဆုံတဲ့အခိုက်အတန့် မှာ
ဘ၀ပါပုံအပ်ခဲ့ မိချင်တာပါ
အတတ်များသိခဲ့လေရော့လားကွဲ့ 
အဌာရသဆယ့်ရှစ်ရပ်
ငါတကယ်ပဲ မတတ်ခဲ့ ပါဘူး
မာယာဆိုဝေလာဝေး
သေတာတောင်မကျေအေးနိုင်ဘူးလားကွယ်

နင့်ဆီက အပြန်
ငါ့နှလုံးခုန်သံတောင်
ပါမလာခဲ့ဘူးလေ
စာဖွဲ့ စရာမလိုအောင်
ရင်ထဲမှာပြောင်စင်နေပါတယ်
သကောင်(သန်းခေါင်)အပြင်မှာတော့
နှင်းဥလေးတွေ မြက်အဖျားမှာသီ
အစီအရီကျနေတဲ့ မျက်ဝန်းအစပ်က
ပုလဲလုံးတွေနဲ့ အတူပေါ့နော်
နင်ပဲ ငြူစူခဲ့တာနော်
ရင်ထဲအပူတွေဟာဖြင့်
အစဉ်အမြဲကလူကျီစယ်
ဘယ်သူတွေရီ(ရယ်)နေမလဲတော့မသိ
 ထိထိမိမိ နဲ့ နင်သိသိမသိသိ
လွမ်းတယ်ဟာ
အစမ်းဖြေတာတောင်
မအောင်ခဲ့တဲ့ စာမေးပွဲ
နောင်ရေးလဲေ၀၀ါး
ငါပဲ အသေမှားခဲ့ လေသလားလို့ .......

မိုးသူ(တောင်ကြီး)
15Nov2011/Tue
04:02..PM

No comments:

Post a Comment