အလွဲတွေမှားခဲ့တဲ့ နေ့ ...

သဲ့သဲ့လေးပါပဲ
ပဲ့တင်သံလေးတခုပေါ့
တခါတလေများနုရွနေလိုက်တာ
ဘယ်တုန်းကမှမပြုစုခဲ့ဖူးတဲ့အသဲ
တခုခုကိုစွဲလမ်းဖူးခဲ့ပြီလေ
အမြဲတန်းလဲအမှောင်ဖုံး
လှောင်ပြုံးဆိုတာကိုမြေလှန်ရှာ
ပေကျန်ကာညစ်ထေးတဲ့ ...ငါ့အတ္တ
အပြစ်ပေးမယ်လို့ ကြံစည်တဲ့ နင့် မာန
မှားတာတော့မှားနေပါတယ်

တီးတိုးလေးပါပဲ
ဇီးရိုးဖြစ်ခဲ့တဲ့ ရင်ခုန်သံလေးပေါ့
ပြန်မကြုံတော့မဲ့ ညနေခင်းလိုပဲလှပနေလိုက်တာ
တခါတခါများ
အသက်သွင်းတဲ့ ဖုတ်ရထားကိုစီးနင်း
ချက်ချင်းကြီးပဲ ရှင်ဘုရင်ထဖြစ်တော့မလိုလိုအသွင်နဲ့ 
ငါထင်ရင်လွဲခဲပါတယ်ကွယ်
အညှာပေါ်မတင်နိုင်တဲ့သစ်သီးပုတ်တွေလိုများ
လုပ်ရက်သလားလို့ လဲ မမေးဖြစ်ခဲ့ဘူးကွယ်
အတွေးတွေနဲ့ ရစ်ကာချာချာလည်
စာနာပါကွယ်လို့ လဲမပြောရက်
ဒီတသက်မှာကွယ်စိတ်ထဲအမြဲစွဲ
လွဲတာတော့လွဲနေပါတယ်


မိုးသူ(တောင်ကြီး)
09 DEC 2011/Friday
06:47/AM

မိုးသူတသက်လုံးလဲမှားနေပါအုံးမယ်
မိုးသူတသက်လုံးလဲ လွဲနေပါအုံးမယ်
မိုးသူ အလွဲတွေမှားအောင်ကြိုးစားရပါအုံးမယ်

No comments:

Post a Comment