ငါ၏.....စစ်ကြေငြာချက်


အနောက်ဖက်ဂေါယာမှာ
အလင်းတို့ ခပ်တည်းတည်းလေး
ပြုံးပြနှုတ်ဆက်နေတဲ့ အချိန်
မှေးမှိန်တဲ့ ငါ့ရဲ့ ရင်ခုန်သံဟာလဲ
မင်းနဲ့ အတူပါသွားခဲ့တယ်…….။

ချစ်သူရေ….
လပ်ဆပ်ခြင်းကင်းတဲ့
မင်းရဲ့ အမိန့် တော်တွေအောက်မှာ
ငါဟာသွေးဆာနေတဲ့
စစ်သူကြီးရဲ့ ရဲ၇င့်မှုမျိုးနဲ့ 
အာဏဖီဆန်ဖို့ အကြိမ်ကြိမ်ပြင်ဆင်ခဲ့ဖူးတယ်။
ညဟာ မှောင်လာလေလေ
စွံအလေလေပဲ
ယမကာနံ့ တွေနဲ့ ထုံမွန်းနေတဲ့ 
ဖန်ခွက်တစ်ခွက်နဲ့နှိုင်းယှဉ်လို့ မရအောင်
ငါရင်ဘတ်ဟာတန်းဖိုးမဲ့နေခဲ့တယ်
စစ်မကြေငြာတဲ့တိုက်ပွဲဟာ
တရားသောစစ်ပွဲလား
သိသိကြီးနဲ့ ဒူးထောက်ပေးခဲ့ဖူးတယ်
အရူးတယောက်လဲဖြစ်ခဲ့သေးတယ်။

ဒီတခါလဲ…
အနမ်းတွေနဲ့ အလွမ်းတွေကို
လက်နက်အဖြစ်အသုံးပြုမယ်
တမ်းတမှုနဲ့ ယုံကြည်မှုကို
ဒိုင်းသဇွယ်အသုံးပြုမယ်
သံယောဇဉ်နဲ့ ကြင်နာမှုကို
ခံတပ်အဖြစ်အသုံးပြုမယ်။

ချစ်သူရေ………
စစ်မကြေငြာပဲ
ငါ့နှလုံးသားကိုသိမ်းယူတော်မူလှဲ့ ။   ။

စစ်စစ်(ခ)မိုးသူ(တောင်ကြီး)
သြဂုတ်လ ၂၈ .၂၀၁၁ နံနက် 1နာရီ ၅၄မိနစ်

No comments:

Post a Comment