မြှာပွေခြင်း....

အသစ်မမြင်သေးလို့ 
ချစ်ချင်သေးတယ်ကွဲ့ 
အစစ်တွေလဲမတောင်းခဲ့ပါဘု
အဟောင်းကိုလဲရွံရှာ
တမင်တကာဟန်ဆောင်
ပြန်ရန်ထောင်မှာစိုးကြောက်
နင့်လောက်တော့အေးဆေးပဲ
မနွေးထွေးပေးနိုင်တာနားလည်
တခြားကွယ်ရာမှာနောက်တပွေနဲ့ 
တကယ်ပဲလေနေတယ်ဟေ့.....



ကဲ..ဘာပြောချင်သေးလဲ
နင်တိုင်ချင်တဲ့ နေရာတိုင်
ခိုင်ခိုင်မာမာလဲဆုံးဖြတ်ပြီးသား
ရီးစားကိုထည်လဲတွဲ
အသဲခွဲတတ်တဲ့ နင့်ကို
အမဲသားသဲနဲ့ ပက်သလိုပ
အရှက်မပိုခဲ့ ဘူးကွ
အရူးမနင့်ကိုမြတ်နိုးခဲ့ တာမဟုတ်
သမက်ကိုသူခိုးရယ်လို့  လဲမယူဆ
အတူတကွ သစ္စာဖောက်ကျစို့ ......

မိုးသူ(တောင်ကြီး)
04Dec2011/sun
09:06/AM

No comments:

Post a Comment